မြန်မာနိုင်ငံက အိမ်ခြံမြေကဏ္ဍတွင် တရုတ်ရင်းနှီးမြုပ်နှံမှုက တတိယအများဆုံးဖြစ်

မြန်မာနိုင်ငံက အိမ်ခြံမြေကဏ္ဍတွင် တရုတ်ရင်းနှီးမြုပ်နှံမှုက တတိယအများဆုံးဖြစ်

မြန်မာနိုင်ငံ၏ အိမ်ခြံမြေကဏ္ဍ၌ ၁၉၈၈ ခုနှစ်မှစကာ ရင်းနှီးမြုပ်နှံမှုများတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုက တတိယအများဆုံးဖြစ်ကြောင်း ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ စီမံခန့်ခွဲရေး ညွန်ကြားရေးမှူးဖြစ်သူ ဦးကျော်ဝင်းထွန်းက ဆင်ဟွာသို့ မတ် ၅ ရက်၌ ပြောသည်။

မြန်မာ့အိမ်ခြံမြေလုပ်ငန်းနယ်ပယ်သည် နိုင်ငံခြားရင်းနှီးမြုပ်နှံသူများအတွက် ဆွဲဆောင်မှုရှိရာ နယ်ပယ်များအနက် တစ်ခုဖြစ်သည်။ ယင်းအိမ်ခြံမြေကဏ္ဍ၌ ရင်းနှီးမြုပ်နှံကြသူများကြားတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုက တတိယအကြီးဆုံးဖြစ်သည်။ စီမံကိန်းတစ်ခုမှနေ၍ တရုတ်နိုင်ငံ၏ ရင်းနှီးမြုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၈၀ ရှိသည်။

မြန်မာနိုင်ငံက အိမ်ခြံမြေကဏ္ဍ၌ အကြီးဆုံးရင်းနှီးမြုပ်နှံသည့် နိုင်ငံမှာ စင်ကာပူဖြစ်ကာ စီမံကိန်း ၁၆ ခုတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၁၇ ဘီလီယံ ရင်းနှီးမြုပ်နှံမှု ရှိသည်။

ယင်းရင်းနှီးမြုပ်နှံမှု ပမာဏသည် ၁၉၈၈-၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၅-၁၆ ဘဏ္ဍာနှစ် ၂၉ နှစ်တာ ကာလအတွင်း ရင်းနှီးမြုပ်နှံမှု ပမာဏဖြစ်သည်။

တစ်ပြိုင်တည်းတွင် ၁၉၈၈ မှ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်၏ ဒီဇင်ဘာလအထိ  မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှု၌ အကြီးမားဆုံးနိုင်ငံသည် တရုတ်နိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၂၇၄ ဘီလီယံ ရင်းနှီးမြုပ်နှံမှု ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly