အမေရိကန် Moody's ကော်ပိုရေးရှင်းက တရုတ်ရှိ အတိုင်ပင်ခံလုပ်ငန်းကို ပိတ်ပစ်

အမေရိကန် Moody's ကော်ပိုရေးရှင်းက တရုတ်ရှိ အတိုင်ပင်ခံလုပ်ငန်းကို ပိတ်ပစ်

အမေရိကန်အခြေစိုက် Moody's ကော်ပိုရေးရှင်းက တရုတ်နိုင်ငံတွင် လုပ်ကိုင်နေသည့် အတိုင်ပင်ခံလုပ်ငန်းကို ပိတ်လိုက်ပြီး ဝန်ထမ်းများကို အလုပ်မှ ထုတ်ပယ်လိုက်ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သူ ၂ ဦးက နိုဝင်ဘာ ၂၅ရက်တွင် ပြောကြားလိုက် သည်။

ချေးငွေပြန်လည်ပေးဆပ်နိုင်စွမ်း အဆင့်သတ်မှတ်ချက်ကို တွက်ချက်ပေးရသည့် အဆိုပါကုမ္ပဏီက တရုတ်ရှိ Moody's Analytics လုပ်ငန်းကို ယခုသီတင်းပတ်အတွင်း ရပ်တန့်လိုက်ကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ရုံးတွင်းကြေညာချက်ကို နိုဝင်ဘာ ၁၄ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် ပေကျင်း၊ ရှန်ဟိုင်းနှင့် ရှန့်ကျန့်ရုံးများမှ ဝန်ထမ်း ပေါင်း ၁၀ဝ ကျော်ကို အလုပ်မှ ထုတ်ပယ်ခဲ့သည်။

သို့သော် အဆိုပါ ကုမ္ပဏီက ချေးငွေပြန်လည်ပေးဆပ်နိုင်စွမ်း အဆင့်သတ်မှတ်ချက်ကို တွက်ချက်ပေးရသည့် ဝန်ဆောင်မှုများကို တရုတ်နိုင်ငံတွင် ဆက်လက်လုပ်ဆောင်နေဦး မည်ဖြစ်ကြောင်း သတင်းရင်းမြစ်က ဆက်လက်ပြောကြားခဲ့သည်။

Moody's ၏ မကြာသေးမီက ဘဏ္ဍာရေးရှင်းလင်းချက်တစ်ခုတွင်"မိမိတို့၏ တစ်ကမ္ဘာလုံးရှိ ဝန်ထမ်း အင်အားကို လက်ရှိမျှော်လင့်ထားသော စီးပွားရေးအခြေအနေများနှင့် တွက်ဆချိန်ညှိလုပ်ဆောင်နေသည်" ဟု ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူက အီးမေးလ်ပေးပို့သည့် ကြေညာချက်တွင် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly