ဖီဖာကမ္ဘာ့ဖလား - အမှတ်ရစရာ ရလဒ်များနဲ့ အံ့အားသင့် စိတ်ပျက်စရာများ

ဖီဖာကမ္ဘာ့ဖလား - အမှတ်ရစရာ ရလဒ်များနဲ့ အံ့အားသင့် စိတ်ပျက်စရာများ

ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမှတ်ရစရာ အကောင်းဆုံးရလဒ်တွေနဲ့ အံ့သြစရာကောင်းတဲ့ စိတ်ပျက်စရာတွေ ဖြစ်ရပ်အချို့ကို ကြည့်လိုက်တဲ့အခါ ....

ဆော်ဒီအာရေးဗျက အာဂျင်တီးနားကို ၂-၁ ဂိုးနဲ့ နိုင်။

ကမ္ဘာ့ဖလားအတွက် အလှည့်အပြောင်းအသစ်ကို ထပ်လောင်းထည့်လိုက်တဲ့ အရှုံးကနေ ပြန်လာတဲ့ ရလဒ် တစ်ခုဖြစ်ပါတယ်။

ဂျပန်က ဂျာမနီကို ၂-၁ ဂိုးနဲ့ အနိုင်ပိုင်း။

၁-၀ ဂိုးနဲ့ ရှုံးနိမ့်နေခဲ့ရာကနေ အထူးသဖြင့် ဂျပန်ကစားသမားတွေရဲ့ ပြန်တိုက်ဖျက်တဲ့ စွမ်းဆောင်ရည်က ကမ္ဘာကို တုန်လှုပ်စေခဲ့တဲ့ နောက်ထပ်ရလဒ်တစ်ခုဖြစ်ပါတယ်။

အီရန်တို့ ဝေးလ်ကို ၂-၀ ဂိုးနဲ့ အနိုင်ယူပြ

နိုင်ငံအသင်းကို ၁၆ သင်းအဆင့် တက်ခွင့်အတွက် ကမောက်ကမဖြစ်စေခဲ့တဲ့ ကြီးမားပြီး အရေးပါတဲ့ နိုင်ပွဲတစ်ပွဲဖြစ်ပါတယ်။

တောင်ကိုးရီးယားက ဥရုဂွေးကို ဝ-၀ ဂိုးနဲ့ သရေကျ

အများကြီး ပြောဆိုဆွေးနွေးစရာတွေ မရှိခဲ့ပေမယ့် ညီမျှပြီး အရေးပါတဲ့ ရလဒ်တစ်ခုပါ။ ကိုရီးယားဟာ စူပါစတားတွေ ပြည့်နှက်နေတဲ့ အသင်းနဲ့ ယှဉ်ပြိုင်ရာမှာ အတော်လေး ခြေစွမ်းထက်မြက်ပြီး ဥရုဂွေးကို ဂိုးမရှိ သရေနဲ့ ကစားခဲ့ပါတယ်။

အစောပိုင်းကမ္ဘာ့ဖလားပြိုင်ပွဲတွေက ရလဒ်ကောင်းများ

(၂၀၁၈) တောင်ကိုရီးယားက ဂျာမနီကို အနိုင်ယူ။

၂-၀ ဂိုးနဲ့ အနိုင်ရလဒ်က ဂျာမနီကို အုပ်စုအဆင့်ကနေ ဖြုတ်ချစေခဲ့တာပါ။

(၂၀၁၈) ဂျပန်က ကိုလံဘီယာကို နိုင်။

အာရှအသင်းက ကြယ်ပွင့်ကစားသမားတွေပြည့်နေတဲ့ အသင်းကို ရင်ဆိုင်ခဲ့ရာမှာ ၂-၁ နဲ့ အနိုင်ယူပြခဲ့ပါတယ်။ ဒီရလဒ်က အသင်းကို ၁၆ သင်းအဆင့်ကို တက်လှမ်းနိုင်စေခဲ့တာပါ။ ကွာတားအကြိုပွဲစဉ်မှာလည်း ဘယ်လ်ဂျီယံကို ၃-၂ ဂိုးနဲ့ မရှုံးခင် ၂-၀ ဂိုးနဲ့ ဦးဆောင်ခဲ့ပါတယ်။

(၂၀၀၂) တောင်ကိုရီးယားက အီတလီကို အနိုင်ယူခဲ့။

ရှုံးထွက် ၁၆ သင်းအဆင့်မှာ ကမ္ဘာ့ဖလား အိမ်ရှင်နိုင်ငံ တောင်ကိုရီးယားက စပိန်ကို ၂-၁ ဂိုးနဲ့ အနိုင်ရပြီး ပြန်လာနိုင်ခဲ့ပါတယ်။

(၂၀၀၂) တောင်ကိုရီးယားက စပိန်ကို အနိုင်ယူ။

စူပါစတားတွေအပြည့်နဲ့ စပိန်အသင်းကို ကွာတားဖိုင်နယ်မှာ မိနစ် ၁၂၀ ကျော်ကြာ ဂိုးမရှိ သရေကစားခဲ့ပြီးနောက် ကိုရီးယားက ပင်နယ်တီအဆုံးအဖြတ်မှာ ၅-၃ ဂိုးနဲ့ နိုင်ပြီး လာရိုဂျာတို့ကို အိမ်ပြန်စေခဲ့ပါတယ်။

(၁၉၉၈) အီရန်က အမေရိကန်ကို အနိုင်ရခဲ့။

အစ္စလမ်မစ်တော်လှန်ရေးကြောင့် အမေရိကန်ကျောထောက်နောက်ခံပြု ရှား မိုဟာမက် ရေးဇာ ပါးလာဗီကို ဖြုတ်ချပြီးနောက် ၁၉ နှစ်အကြာမှာ အမေရိကန်နဲ့ အီရန်တို့ လိုင်ယွန်မှာ တွေ့ဆုံခဲ့ကြပါတယ်။ အီရန်အသင်းဟာ သူတို့ရဲ့ ပထမဆုံးကမ္ဘာ့ဖလားအနိုင်ရမှုအတွက် အမေရိကန်တွေကို ၂-၁ ဂိုးနဲ့ စိတ်ပျက်စေခဲ့ပြီး အမေရိကန်အသင်းတို့ နှစ်ပွဲကစားအပြီးမှာ ပြိုင်ပွဲကနေ ထွတ်ခဲ့ရပါတယ်။

(၁၉၆၆) မြောက်ကိုရီးယားက အီတလီကို အနိုင်ယူခဲ့။

နာမည်မကြီးတဲ့ မြောက်ကိုရီးယားက ကွာတားတက်ရေးအတွက် အီတလီကို ၁-၀ ဂိုးနဲ့ နိုင်ပြီး အံ့အားသင့်စေခဲ့ပါတယ်။ သူတို့ဟာ ယူဆေးဘိုင်အို (Eusebio)ရဲ့ အသင်းနဲ့ နောက်ဆုံး ၈ သင်းအဆင့်မှာ ၅-၃ ဂိုးနဲ့ မရှုံးနိမ့်ခင် ၃-၀ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။  ပေါ်တူဂီဂန္ထဝင်ကစားသမားကြီးက ဟက်ထရစ်သွင်းယူခဲ့တာပါ။

Ref; Times of India

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly