ကမ္ဘာ့အကြီးဆုံး မီးတောင် နှစ် ၄၀ နီးပါးအတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲ

ကမ္ဘာ့အကြီးဆုံး မီးတောင် နှစ် ၄၀ နီးပါးအတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲ

နိုဝင်ဘာ ၂၈

အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီပြည်နယ်တွင် ရှိသည့် ကမ္ဘာ့အကြီးဆုံး မီးတောင်ရှင်ဖြစ်သည့် မော်နာလိုအာ မီးတောင်သည် ၁၉၈၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နိုဝင်ဘာ ၂၇ ရက်က စတင်ပေါက်ကွဲလာသည်။

မှတ်တမ်းယူထားသည့် သမိုင်းတစ်လျှောက် အဆိုပါ မီးတောင်၏ အချိန်အကြာဆုံး ငြိမ်သက်ခဲ့သည့် ကာလတစ်ခု အဆုံးသတ်သွားခြင်း ဖြစ်သည်။

နိုဝင်ဘာ ၂၇ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီ ခွဲခန့်တွင် မော်နာလိုအာ မီးတောင်ထိပ်တွင် ချော်ရည်ပူများ အပြင်သို့ စီးထွက်ခဲ့စဉ် ဟာဝိုင်ယီ၏ အကြီးဆုံးကျွန်း၏ အပေါ်ဘက် ညကောင်းကင်ယံသည် နီမြန်းတောက်ပနေခဲ့သည်။

ချော်ရည်များက မီးတောင်ထိပ် ဧရိယာအတွင်းမှာတွင်ပင် ရှိနေပြီး လက်ရှိအချိန်တွင် အောက်ဘက်ပိုင်း၌ နေထိုင်ကြသော ဟာဝိုင်ယီသားများအတွက် ခြိမ်းခြောက်မှု မရှိကြောင်း အမေရိကန်ဘူမိဗေဒဌာန (USGS) က ပြောသည်။

သို့သော် မီးတောင်မှ ထွက်သည့် ဓာတ်ငွေ့များနှင့် ပြာမှုန်များက လွင့်မျောလာနိုင်ကြောင်း USGS က ဒေသခံများကို နိုဝင်ဘာ ၂၈ ရက်တွင် သတိပေးသည်။

မော်နာလိုအာ မီးတောင်သည် ပစိဖိတ်သမုဒ္ဒရာ၏ အထက် ၁၃,၆၇၉ ပေ (၄,၁၆၉ မီတာ) အမြင့်တွင် ရှိပြီး ဟာဝိုင်ယီကျွန်းစုကို ဖွဲ့စည်းထားသော မီးတောင်အစုအဖွဲ့တွင် ပါဝင်သည်။

အဆိုပါ မီးတောင်သည် ၁၉၈၄ ခုနှစ် မတ်လနှင့် ဧပြီလက နောက်ဆုံး ပေါက်ကွဲခဲ့ချိန်က ကျွန်း၏ အကြီးဆုံးမြို့ ဟီလို၏ ငါးမိုင် (၈ ဒသမ ၀၅ ကီလိုမီတာ) အတွင်း ချော်ရည်စီးကြောင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly