နိုင်ငံရေးဘောလုံး - ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တခြားနည်းလမ်းတွေနဲ့ လုပ်ယူတဲ့ စစ်နဲ့ ငြိမ်းချမ်းရေး

နိုင်ငံရေးဘောလုံး - ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တခြားနည်းလမ်းတွေနဲ့ လုပ်ယူတဲ့ စစ်နဲ့ ငြိမ်းချမ်းရေး
Photo: AFP

အီရန်အသင်းဟာ အင်္ဂါနေ့က ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သံတမန်ရေးအရ အဓိကပြိုင်ဘက် အမေရိကန်နဲ့ ကစားဖို့ ပြင်ဆင်နေချိန်မှာ အရင်ကမ္ဘာ့ဖလားတွေမှာ ပထဝီဝင်နိုင်ငံရေးတွေ ဘယ်လိုပုံ ကွင်းအတွင်းကို စိမ့်ဝင်သွားတာကို AFP က သုံးသပ်ထားပါတယ်။

မူဆိုလီနီရဲ့ 'Blackshirts':  ၁၉၃၈ ပြင်သစ်-အီတလီ

ဒုတိယကမ္ဘာစစ်မဖြစ်ပွားခင်လေး တစ်နှစ်အလို ချန်ပီယံကာကွယ်မယ့် အီတလီဟာ အိမ်ရှင်ပြင်သစ်နဲ့ ထိပ်တိုက်တွေ့ဆုံရာမှာ နိုင်ငံရေးကို ဗဟိုပြုပြီး ပြင်သစ်ကို ရောက်ရှိခဲ့ပါတယ်။

ထိုစဉ်က အီတလီနိုင်ငံရဲ့ ခေါင်းဆောင် ဖက်ဆစ်အာဏာရှင် ဘယ်နီတို မူဆိုလီနီရဲ့ အီတလီဟာ ပါရီမြို့အနီးက ကွင်းထဲကို ရောက်ရှိလာချိန်မှာ လှောင်ပြောင်ခံခဲ့ရပါတယ်။ အီတလီအသင်းဟာ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပါတယ်။

အီတလီလူမျိုးတွေဟာ စိတ်မပါဘဲ ဖက်ဆစ်လို အလေးပြုပြီး မူဆိုလီနီရဲ့ နာမည်ဆိုးဖြင့် ကျော်ကြားတဲ့ “Blackshirts”  ပြည်သူ့စစ်တွေ ဝတ်ဆင်ခဲ့တဲ့ ယူနီဖောင်းတွေကို ခေါင်းညိတ်ခံပြီး အနက်ရောင်ရှပ်အင်္ကျီတွေကို ဝတ်ဆင်ပြီး ကစားခဲ့ကြပါတယ်။

အီတလီက ၃-၁ နဲ့ အနိုင်ရပြီး ပြိုင်ပွဲမှာ ဆက်လက် ဗိုလ်ဆွဲခဲ့ပါတယ်။

စစ်အေးတိုက်ပွဲ - ၁၉၇၈ အရှေ့ဂျာမနီ-အနောက်-ဂျာမနီ

ဂျာမနီဟာ ၁၉၄၉-၁၉၉၀ ကနေ ခွဲထွက်ခဲ့ချိန် ကာလအတွင်း နိုင်ငံအသင်းနှစ်သင်းကြား နိုင်ငံတကာအဆင့်မှာ တစ်ပွဲတည်းသော ပွဲစဉ်တစ်ပွဲ ဖြစ်လာမှာဖြစ်ပါတယ်။

"ညီအစ်ကိုတွေရဲ့ တိုက်ပွဲ (battle of the brothers)" အဖြစ်သတ်မှတ်ခံရပြီး စစ်အေးကာလရဲ့ ရေချိန်မြင့်မားမှုမှာ တင်းမာမှုတွေ မြင့်တက်လာတာကြောင့် ပွဲပြီးဆုံးချိန်မှာ အင်္ကျီလဲလှယ်တဲ့ အလေ့အထကို ပိတ်ပင်ခံခဲ့ရပါတယ်။

အကြမ်းဖက် လှုပ်ရှားမှုတွေကို ကြောက်ရွံ့တာကြောင့် ဒီပွဲကို အန္တရာယ် မြင့်မားတယ်လို့ ခွဲခြားသတ်မှတ်ခဲ့ပြီး လက်နက်ကိုင်အဖွဲ့တွေကို အားကစားကွင်း ပတ်လည်မှာ နေရာချထားခဲ့ပါတယ်။

အရှေ့ဂျာမနီဟာ သူတို့ရဲ့ ပထမဆုံးကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားပြီး အံ့အားသင့်ဖွယ် ၁-၀ နဲ့ အနိုင်ရရှိခဲ့ပေမယ့်လည်း မကြာခင်မှာပဲ အနောက်ဂျာမနီက ပြိုင်ပွဲမှာ ပြန်ပြီး ဗိုလ်ဆွဲသွားခဲ့ပါတယ်။

မာရာဒိုနာရဲ့ အခိုက်အတန့် - ၁၉၈၆ အင်္ဂလန် - အာဂျင်တီးနား

ဖော့ကလန်စစ်ပွဲမှာ အာဂျင်တီးနားက ဗြိတိန်ကို ရှုံးနိမ့်ပြီးနောက် လေးနှစ်အကြာ မက္ကဆီကိုမှာ ပြင်းထန်တဲ့ ပြစ်ချက်တင်ခံခဲ့ရတဲ့ ပွဲတစ်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားဟာ သူတို့ရဲ့ ပရိသတ်တွေ ပျော်ရွှင်မှုအတွက် ပြရုပ်​အနေနဲ့ လက်စားချေခဲ့ပြီး ကွာတားဖိုင်နယ်မှာ ဒီယေဂို မာရာဒိုနာက နှစ်ဂိုးသွင်းပြီး ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ သူ့ရဲ့ ပထမဆုံးဂိုးက အင်္ဂလန်ဂိုးသမား ပီတာရှီလ်တန်ကို ကျော်ဖြတ်ရင်း လက်နဲ့ပုတ်သွင်းပြီး ကျော်ကြားတဲ့ "ဘုရားပေးတဲ့ လက် (Hand of God)" ဂိုးဖြစ်ခဲ့ပါတယ်။ နောက်တစ်ဂိုးကိုတော့ "ရာစုနှစ်ရဲ့ အကောင်းဆုံး ဂိုး"လို့ သတ်မှတ်ခံခဲ့ရပြီး ပြောင်မြောက်တဲ့ တစ်ကိုယ်တော် အားထုတ်မှုကနေ သွင်းခဲ့တဲ့ ဂိုးတစ်ဂိုးဖြစ်ပါတယ်။

"ဒါဟာ ကျနော့်တို့အတွက် ဖိုင်နယ်ဖြစ်ခဲ့တယ်။ ပွဲတစ်ပွဲ အနိုင်ရဖို့ အကြောင်းအရာတင် မကဘူး၊ အင်္ဂလိပ်ကို ဖယ်ထုတ်ဖို့ အကြောင်းလည်း ဖြစ်ခဲ့တယ်"လို့ မာရာဒိုနာက ပြောပါတယ်။

ပန်းတွေနဲ့  ချစ်ခြင်းပြ - ၁၉၉၈ အီရန်-အမေရိကန်

စစ်ပွဲမဟုတ်ဘဲ ငြိမ်းချမ်းရေးဟာ ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် အမေရိကန်နဲ့ အီရန်တို့ကြား ကောင်းမွန်တဲ့ ဆက်ဆံရေးနောက်ကွယ်မှာ ရှိခဲ့ပါတယ်။

ပြိုင်ပွဲရဲ့သမိုင်းမှာ နိုင်ငံရေးအရ စွပ်စွဲပြစ်တင်ခံရဆုံးပွဲတစ်ပွဲအဖြစ် သတ်မှတ်ခံရတဲ့ ဒီပွဲဟာ အီရန်ကစားသမားတွေရဲ့ ပြန်လည်သင့်မြတ်ရေးအမူအရာနဲ့ စတင်ခဲ့ပြီး အီရန်ကစားသမားတွေက ပြိုင်ဘက်အမေရိကန်တွေကို နှင်းဆီဖြူပန်းစည်းတွေ လက်ဆောင်ပေးခဲ့ပါတယ်။

၁၉၇၉ အစ္စလာမ္မစ် တော်လှန်ရေးပြီးကတည်းက အီရန်နဲ့ အမေရိကန်တို့ဟာ ထိပ်တိုက်ရင်ဆိုင်ခဲ့ကြပါတယ်။

အီရန်က အမေရိကန်တွေကို ၂-၁ ဂိုးနဲ့ အနိုင်ယူ အံ့အားသင့်စေခဲ့ပြီး သူတို့ကို ကမ္ဘာ့ဖလားကနေ နုတ်ထွက်စေခဲ့တာကြာင့် ချစ်ကြည်ရေးက ကြာရှည်မခံခဲ့ပါဘူး။

လင်းယုန်ငှက် လှုပ်ရှားမှု - ၂၀၁၈ ဆွစ်ဇာလန်နှင့် ဆားဘီးယား

အယ်လ်ဘေးနီးယန်း အမွေအနှစ်ရဲ့ ဆွစ်ဇာလန်ကစားသမားနှစ်ဦးတို့ဟာ အယ်လ်ဘေးနီးယားအလံရှိ လင်းယုန်နက်ကို အတုယူကာ  ဆားဘီးယားက အမျိုးသားရေး လှုံ့ဆော်မှုအဖြစ် သတ်မှတ်ခဲ့ရတဲ့ လင်းယုန်ငှက် လက်နှစ်ဘက် အမူအရာနဲ့ သူတို့ရဲ့ ဂိုးတွေအတွက် အောင်ပွဲခံခဲ့ပြီးနောက် ဒီပွဲစဉ်ဟာ ဆာဘီးယားမှာ အကြီးအကျယ် ဒေါသထွက်စေခဲ့ပါတယ်။

၂၀၀၈ မှာ လွတ်လပ်ရေးကြေညာခဲ့တာကို ဆားဘီးယားနိုင်ငံကနေ အသိအမှတ်ပြုဖို့ ငြင်းပယ်ခဲ့တဲ့ ကိုဆိုဗိုမှာ လင်းယုန်နှစ်ကောင်သင်္ကေတကို ဖီဆန်မှုအဖြစ် ရှုမြင်ခဲ့ပါတယ်။

ဆွစ်ဇလန်မှာ မွေးခဲ့တဲ့ ဂရန်းနစ် ချာကာက ဆွစ်ဇာလန်ရဲ့ ပထမဆုံးဂိုး သွင်းခဲ့ပြီး ရှာကီရီက နောက်ဆုံးအနိုင်ဂိုး သွင်းကာ ၂-၁ အနိုင်ရပြီးနောက် ဒီအမူအရာကို လုပ်ပြခဲ့ပါတယ်။

ပွဲပယ်ကနေ လွတ်ကင်းပေမယ့် ကစားသမားတွေကို ဖီဖာက ဒဏ်ရိုက်ခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly