ရှုံးမှာ ကြောက်လို့ ကမ္ဘာ့ဖလားမှာ ဂိုးမရှိ သရေကျတာဖြစ်တယ်လို့ ဖီဖာကျွမ်းကျင်သူတွေ ပြော

ရှုံးမှာ ကြောက်လို့ ကမ္ဘာ့ဖလားမှာ ဂိုးမရှိ သရေကျတာဖြစ်တယ်လို့ ဖီဖာကျွမ်းကျင်သူတွေ ပြော

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂိုးမရှိသရေကျတဲ့ ပွဲအရေအတွက် မြင့်တက်လာတာဟာ ပြိုင်ပွဲကနေ စောစောစီးစီး ထွက်ရမှာကို အသင်းတွေရဲ့ စိုးရိမ်မှုကြာင့် ဖြစ်တယ်လို့ ဖီဖာရဲ့ နည်းစနစ်လေ့လာရေးအဖွဲ့က စနေနေ့မှာ ပြောပါတယ်။

ကာတာမှာ ပထမဆုံးပွဲ ၂၀ မှာ ဂိုးမသွင်းတဲ့ပွဲ ၅ ပွဲရှိခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုမှာ မှတ်တမ်းပမာဏနဲ့ တူညီမှု နှစ်ကြိမ်ရှိနှင့်ပြီးဖြစ်ပါတယ်။

၂၀၁၈ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ပြင်သစ်နဲ့ ဒိန်းမတ်တို့ ဝ-၀ ဂိုးမရှိခဲ့တာဟာ ပြိုင်ပွဲရဲ့ တစ်ပွဲတည်းသော သရေပွဲဖြစ်ပါတယ်။

နိုင်ဂျီးရီးယားလက်ရွေးစင်ဟောင်း ဆန်းဒေး အိုလီရှားက "အသင်းတွေက အစပိုင်းမှာ အရမ်းကြီး မစွန့်စားချင်ကြတာကြောင့်ပါ။"လို့ ပြောပါတယ်။

"အရင်က အချက်အလက်တွေအရတော့ ပထမပွဲရှုံးတဲ့အသင်းတွေရဲ့ ၇၀ ရာခိုင်းနှုန်းလောက်က အုပ်စုအဆင့်မှာ ထွက်သွားကြပြီး အားလုံးက ဒါကိုသိပါတယ်။"

ကြာသပတေးနေ့က ဥရုဂွေးနဲ့ တောင်ကိုရီးယားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ၂၁ ရာစုအတွင်း ဂိုးပေါက်ကန်သွင်းမှုကိုတောင် မတွေ့ရတဲ့ ပထမဆုံး ကမ္ဘာ့ဖလားပွဲဖြစ်ပါတယ်။

"အသင်းတော်တော်များများက သတိထားချဉ်းကပ်မှုအပေါ် အမှီပြုအားထားနေကြပါတယ်"လို့ ဝါရင့်အီတလီနည်းပြ အယ်လ်ဘာတို ဇာချီရိုနီက ပြောပါတယ်။

"အသင်းတော်တော်များများက နောက်ခံလူငါးယောက်ကို ပိတ်ကစားပြီး အရမ်းတင်းကျပ်ကျပ်နဲ့ ကျစ်ကျစ်လျစ်လျစ်ကစားခဲ့တယ်။ သူတို့က ပထမအဖွင့်ပွဲမှာ အနည်းဆုံး အမှတ်တစ်မှတ်လိုချင်ပြီး အခွင့်အရေးရရင် ပွဲကို အနိုင်ရဖို့ ကြိုးစားပါတယ်"

အင်္ဂလန်က အီရန်ကို ၆-၂ ဂိုးနဲ စပိန်က ကော်စတာရီကာကို ၇-၀ ဂိုးနဲ့ နိုင်ခဲ့ကြပေမယ့်လည်း ၂၀၁၄ ရုရှား ဒါမှမဟုတ် ဘရာဇီးမှာထက် ကာတာမှာ တစ်ပွဲလျှင် တစ်ဂိုးနှုန်း လျော့နည်းခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly