ပါကစ္စတန်တွင် ပျောက်ဆုံးနေသူများ ဥပဒေမဲ့သတ်ဖြတ်ခံနေရခြင်းအပေါ် စိုးရိမ်ကြောင်း ဘာလို့ချ် မျိုးနွယ်စုအဖွဲ့ ပြောကြား

ပါကစ္စတန်တွင် ပျောက်ဆုံးနေသူများ ဥပဒေမဲ့သတ်ဖြတ်ခံနေရခြင်းအပေါ် စိုးရိမ်ကြောင်း ဘာလို့ချ် မျိုးနွယ်စုအဖွဲ့ ပြောကြား

ပါကစ္စတန်နိုင်ငံတွင် ပျောက်ဆုံးနေသူများ တရားဥပဒေမဲ့ သတ်ဖြတ်ခံနေရမှုများအပေါ် စိုးရိမ်ပူပန်ကြောင်း ဘာလို့ချ်မျိုးနွယ်စုအဖွဲ့တစ်ခုက ထုတ်ဖော်လိုက်သည်။ ဘာလို့ချ်မျိုးနွယ်စု ကိုယ်စားလှယ်အဖွဲ့တစ်ခုသည် မကြာသေးခင်က ဘာလိုချီစတန် အမျိုးသားပါတီ (မန်ဂဲလ်) ၏ ခေါင်းဆောင် ဆာဒါ အက်ခ်တာ ဂျန် မန်ဂဲလ် အပြင် ပျောက်ဆုံးနေသူများ အရေးဆိုင်ရာ ကော်မရှင်တစ်ခု၏ အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပါကစ္စတန် တိုင်းရင်းဘာသာမီဒီယာက ဖော်ပြသည်။

ထိုသို့ တွေ့ဆုံစဉ် တက်ကြွလှုပ်ရှားသူ ဆမ်မီ ဒန်း ဘာလို့ချ် ဦးဆောင်သော ဘာလို့ချ် မျိုးနွယ်စု ကိုယ်စားလှယ်အဖွဲ့က နိုင်ငံတွင် ပျောက်ဆုံးနေသူများ ဥပဒေမဲ့ သတ်ဖြတ်ခံရမှုများနှင့်ပတ်သက်ပြီး တင်ပြဆွေးနွေးခဲ့သည်။

ထို့ပြင် ဘာလို့ချ် မျိုးနွယ်စုဝင် ကျောင်းသားများ နှောင့်ယှက်ဒုက္ခပေးခံနေရခြင်းနှင့် လူနည်းစု အသိုင်းအဝိုင်းနှင့် ပတ်သက်သည့် အခြားအရေးကိစ္စများနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း သူမက ပြောသည်။

အဆိုပါ အစည်းအဝေးမတိုင်မီကလည်း ဘာလို့ချ် တက်ကြွလှုပ်ရှားသူများသည် ရက်ပေါင်း ၅၀ ကြာ ထိုင်သပိတ်တစ်ရပ်ကို လုပ်ဆောင်ခဲ့သည်။

ထို့နောက် ပါကစ္စတန် ဥပဒေရေးရာ ဝန်ကြီး ဦးဆောင်သော ကော်မတီတစ်ခုက ဆန္ဒပြတက်ကြွလှုပ်ရှားသူများ၏ တောင်းဆိုချက်များကို လက်ခံပေးခဲ့ပြီး ပြဿနာများကို ပြေလည်အောင် ဖြေရှင်းပေးမည်ဟု ပြောဆိုခဲ့သည့်အတွက် ရက် ၅၀ ကြာ ထိုင်သပိတ် အဆုံးသတ်ခဲ့သည်။

ပါကစ္စတန် ပြည်ထဲရေးဝန်ကြီး ရာနာ ဆာနာအူလာကလည်း နိုင်ငံတွင် တရားဥပဒေမဲ့ သတ်ဖြတ်မှုဖြစ်စဉ်များ ထပ်မံပေါ်ပေါက်လိမ့်မည် မဟုတ်ကြောင်း အာမခံပြောဆိုခဲ့သည်။ သို့သော် ထိုနောက်ပိုင်းတွင်လည်း တရားဥပဒေမဲ့ သတ်ဖြတ်ခံရမှုဖြစ်စဉ် သုံးခု ဖြစ်ပွားပြီး လူတချို့ ဆက်လက်ပျောက်ဆုံးနေဆဲ ဖြစ်သည်။ ကျောင်းသားများ နှောင့်ယှက်ဒုက္ခပေးခံရမှုများ ဆက်ရှိနေဆဲဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly