ကမ္ဘာတစ်ဝန်းမှ ကာကွယ်ရေးနည်းပညာများကို ဖြစ်နိုင်သမျှနည်းလမ်းဖြင့် တရုတ် ရယူနေ

ကမ္ဘာတစ်ဝန်းမှ ကာကွယ်ရေးနည်းပညာများကို ဖြစ်နိုင်သမျှနည်းလမ်းဖြင့် တရုတ် ရယူနေ

တရုတ်သမ္မတနှင့် စစ်တပ်အကြီးအကဲ ရှီကျင့်ဖျင်က စစ်ရေးအင်အား တိုးမြှင့်ရန် ကြိုးပမ်းနေပြီး ကမ္ဘာတစ်ဝန်းမှ ကာကွယ်ရေးနည်းပညာများကို ဖြစ်နိုင်သမျှနည်းလမ်းဖြင့် ရယူရန် ကြိုးပမ်းနေကြောင်း မူဝါဒသုတေသနအဖွဲ့မှ သတင်းထုတ်ပြန်လိုက်သည်။

အမေရိကန်နှင့် အခြားဥရောပနိုင်ငံများသာမက နိုင်ငံအသီးသီးမှ ခိုးယူပြီး ပုံတူကူးထားသည့် နည်းပညာများဖြင့် တရုတ်က စစ်ရေးအင်အားကို တည်ဆောက်ခဲ့သည်။ ရုရှားမှ နည်းပညာများကို ပုံတူကူးယူရန်ပင် တုံ့ဆိုင်းမနေ ခဲ့ပေ။

တရုတ်က စစ်တပ်အင်အားကို တိုးချဲ့ရန် တိုက်ရိုက်နည်းနှင့် သွယ်ဝိုက်နည်း ၂ မျိုးစလုံးကို အသုံးပြုနေသည်။ တရုတ်ကို ကြွေးမြီများစွာတင်ရှိနေပြီး ပြန်ဆပ်ရန် အလားအလာ မရှိသော နိုင်ငံများတွင်လည်း ငွေကြေး အမြောက်အမြားရင်းနှီးမြှုပ်နှံထားသည်။

ဆိုက်ဘာထိုးဖောက်ခိုးယူခြင်း သို့မဟုတ် အခြားနိုင်ငံများ၏ စစ်ရေးလျှို့ဝှက်ချက်များကို ရယူရန် တရုတ်နိုင်ငံ သားများအား အသုံးပြုခြင်းကဲ့သို့ နည်းလမ်းများကိုပင် အသုံးပြုခဲ့သည်။

အမေရိကန်၏ အရေးကြီးသော စစ်ရေးလျှို့ဝှက်ချက်များကို စုဆောင်းရန် RAM၊ ရေငုပ်သင်္ဘောတိုက်ဖျက် ရေးနှင့် လေကြောင်းနည်းပညာများကို များစွာအသုံးပြုနေကြောင်း ပင်တဂွန်၏ အစီရင်ခံစာကို ကိုးကား၍ မူဝါဒ သုတေသနအဖွဲ့(POREG) က ဖော်ပြခဲ့သည်။

လွန်ခဲ့သော ၆ နှစ်က စစ်ရေးလျှို့ဝှက်ချက်များ မျှဝေမှုဖြင့် ဖမ်းဆီးခံရသည့် တရုတ်နိုင်ငံသားများ၏ နည်းလမ်းများကိုပင် ဆက်လက်ကျင့်သုံးနေဆဲဖြစ်သည်။

၂၀၂၂ခုနှစ် အောက်တိုဘာလ ၂၄ ရက်တွင် တရုတ်နိုင်ငံသား ၄ ဦးကို အမေရိကန် စစ်ဘက်ဆိုင်ရာ လျှို့ဝှက် ချက်များအား တရားမဝင် မျှဝေမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း မူဝါဒသုတေသနအဖွဲ့(POREG) က ဖော်ပြခဲ့သည်။

ယင်းတို့အနက် ၃ ဦးမှာ တရုတ်လုံခြုံရေးဝန်ကြီးဌာနမှ အရာရှိများ ဖြစ်သည်။

တရုတ်သုတေသနဌာနနှင့် ဆက်စပ်မှုကို မရှင်းပြနိုင်သဖြင့် ပညာရှင် ၆ ဦး ၂၀၂၁ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly