၂၀၂၂ ဖီဖာကမ္ဘာ့ဖလားမှာ ပရိသတ်တွေကို ဘူတာရုံဆီ လမ်းညွှန်ပေးနေတဲ့ 'Metro Man'

၂၀၂၂ ဖီဖာကမ္ဘာ့ဖလားမှာ ပရိသတ်တွေကို ဘူတာရုံဆီ လမ်းညွှန်ပေးနေတဲ့ 'Metro Man'

၂၀၂၂ ဖီဖာကမ္ဘာ့ဖလားကြောင့် ဘောလုံးစိတ်ဝင်စားမှု မြင့်တက်လာပါတယ်။ ပွဲစဉ်တွေကို ပရိသတ်တွေက သူတို့နည်းသူတို့ဟန်နဲ့ ပျော်ပွဲဆင်နွှဲကြရင်း ဗီဒီယိုကလစ်အများအပြားကလည်း လူမှုမီဒီယာတွေ ပေါ် အသီးသီးတက်လာပါတယ်။ အခု Twitter မှာ တင်ထားတဲ့ ကလစ်တစ်ခုမှာ အင်တာနက်အသုံးပြုတွေက 'Metro Man' လို့ နာမည်ပေးထားတဲ့ သူရဲ့ ဆွဲဆောင်နိုင်တဲ့ပုံစံကို နှစ်သက်နေကြပါတယ်။

ဘောလုံးပရိသတ်တွေကို မက်ထရိုဘူတာဆီ လမ်းညွှန်ဖို့ "မက်ထရို"လို့ စကားလုံးကို ထပ်တလဲလဲရွတ်ဆိုနေတဲ့ သူ့ကို ကာတာနိုင်ငံက မက်ထရိုဘူတာရုံအပြင်ဘက်က ခုံတန်းလျားတစ်ခုမှာ ထိုင်နေတာကို မြင်တွေ့နိုင်ပါတယ်။ 'Metro Man' ရဲ့ “မက်ထရို” ဆိုတဲ့ အသံက ပရိသတ်တွေကို ဖမ်းစားလိုက်တာပါ။

ဆိုရှယ်မီဒီယာအသုံးပြုသူတွေက ဆွဲဆောင်မှုရှိတဲ့ ပုံစံကို သဘောတွေ့ ခဲ့ကြပါတယ်။ စကားလုံးကို ထပ်ခါတလဲလဲ သူဘယ်လိုပြောနေကြောင်း အနည်းငယ် မှတ်ချက်ပေးခဲ့ပါတယ်။ တခြားသူတွေကလည်း TikTok လို ဆိုရှယ်မီဒီယာမှာ ဒီလူ့ကို ကြည့်ရတာ နှစ်သက်ကြတယ်လို့ ဆိုသေးပါတယ်။ “ recommend ပေထားတဲ့ ဒီလူ့အကြောင်းနဲ့ ဗီဒီယိုတွေက ကျနော့် TikTok စာမျက်နှာတစ်ခုလုံးပြည့်နေတယ်။ သူက အရမ်းရယ်ရတယ်ရှင့်”လို့ Twitter အသုံးပြုသူတစ်ဦးက ရေးသားခဲ့ပါတယ်။

 “ကမ္ဘာ့ဖလားအတွက် ထူးခြားတဲ့ မြင်ကွင်းတစ်ခုပေါ့။ မြေအောက်ရထားဘူတာရုံကို လမ်းပြပေးနေတဲ့ ဝန်ထမ်းနဲ့ ဧည့်သည်တွေကြားက ခေါ်ပြောတာတစ်ခု ရှိခဲ့တယ်။ လူတိုင်းက စိတ်အားထက်သန်ပြီး ပျော်နေကြပုံရတယ်။”လို့ ဒုတိယ tweet မှာ ဖတ်ရပါတယ်။

“ကမ္ဘာပေါ်က ဆိုရှယ်မီဒီယာမှာ လက်ရှိရေပန်းစားနေတဲ့ အာဖရိကန် အမျိုးသား”လို့ တတိယမြောက် တွစ်တာအသုံးပြုသူက ရေးသားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ပုံမှန်မဟုတ်တဲ့ ခွင့်လျှောက်လွှာတစ်ခုဟာ Twitter မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ အိန္ဒိယက ကယ်ရာလားပြည်နယ်၊ ပီရမ်ဘာရာမြို့အနီး Nochad Higher Secondary School (NHSS) က ကလေးအနည်းငယ်ဟာ မက်ဆီရဲ့ အာဂျင်တီးနားနဲ့ ဆော်ဒီအာရေဗျတို့ ကစားမယ့် ပွဲစဉ်ကို ကြည့်ရှုဖို့ အားလပ်ရက်တစ်ရက် ခံစားခွင့်ရဖို့ တောင်းဆိုထားတဲ့ ခွင့်လျှောက်လွှာကို တင်သွင်းခဲ့ပါတယ်။

'လက်မှတ်ထိုးထားတဲ့' ခွင့်လျှောက်လွှာကို ကျောင်းရဲ့ ကျောင်းအုပ်ကြီးထံ လိပ်မူထားတယ်။ အဲဒီခွင့်လျှောက်လွှာ ထိပ်စီးမှာ "အာဂျင်တီးနားပရိသတ်များ NHSS'' လို့ ရေးထားပါတယ်။ ၉ တန်း ကျောင်းသားတွေရဲ့ နာမည်တွေနဲ့ လက်မှတ်တွေ ထိုးထားတယ်။ “Messi owns the streets here.”လို့ စားသားကို တွစ်တာမှာ ရေးသားထားပါတယ်။ ကျောင်းအာဏာပိုင်တွေက ကျောင်းသားတွေကို ခွင့်ရက် ပေးထားတယ်လို့လည်း ဖော်ပြထားပါတယ်။ နိုဝင်ဘာလ ၂၂ ရက်နေ့က ကျင်းပခဲ့တဲ့ ပွဲစဉ်မှာ မက်ဆီ ဦးဆောင်တဲ့ အသင်းက၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီး ကြီးမားတဲ့ စိတ်ပျက်စရာတော့ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အာဂျင်တီးနားဟာ တနင်္ဂနွေနေ့မှာ မက္ကဆီကိုနဲ့ ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်မှာ သူတို့ကိုယ်ကို ပြန်လည်ကယ်ထုတ်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly