ပေါက်မြို့နယ် စသိန်းကျေးရွာ မီးရှို့ခံရမှုကို ပေါ့ဆမီးကြောင့်ဟု သတင်းမှားဖြန့်  

ပေါက်မြို့နယ် စသိန်းကျေးရွာ မီးရှို့ခံရမှုကို ပေါ့ဆမီးကြောင့်ဟု သတင်းမှားဖြန့်  

နိုဝင်ဘာ ၂၆
မဇ္ဈိမ။    ။မကွေးတိုင်း၊ ပေါက်မြို့နယ် စသိန်းကျေးရွာတွင် မီးပေါ့ဆမှုကြောင့် တစ်ရွာလုံးနီးပါး မီးလောင် ကျွမ်းခဲ့သည်ဟုဆိုကာ စစ်ကောင်စီလော်ဘီချန်နယ်များမှ ဖြန့်ဝေလျက်ရှိသည်။ ယင်းမှာ မှားယွင်းနေ သည်။ 

"Naymin (အညတရစစ်သားအို) ဆိုသည့်တယ်လီဂရမ်ချန်နယ်မှ “ပေါက်မြို့နယ် စသိန်းရွာတွင် မီးပေါ ဆမှုကြောင့် မီးလောင်ကျွမ်း၍ တစ်ရွာလုံးနီးပါ ကုန်သလောက်ဖြစ်သွားကြောင်းသိရ” ဟု (မူရင်းအရေး အသားအတိုင်း) ရေးကာ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ဖြန့်ဝေခဲ့သည်။ 

အဆိုပါသတင်းအားဖတ်ရှုသူ ၄၃၀၀ ကျော်ရှိခဲ့သည်။ ထို့ပြင် အလင်္ကာစစ်နှင့် The Fighters Media(TFM) များမှလည်း ထပ်မံဖြန့်ဝေထားသည်။ 

မဇ္ဈိမ၏အချက်အလက်စစ်ဆေးချက်အရ နိုဝင်ဘာလ ၂၂ ရက်နေ့က စစ်ကောင်စီတပ်များသည် ပေါက်မြို့ နယ် စသိန်းကျေးရွာအားစစ်ကြောင်းထိုးလာပြီး နေအိမ် ၂၄၁ လုံး မီးရှိ့ခဲ့ကြောင်း RFA မြန်မာပိုင်းအစီ အစဉ်၏ သတင်းဖော်ပြချက်တွင် တွေ့ရှိရသည်။ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်လာခြင်း ကြောင့် ထွက်ပြေးခဲ့ရသည့်ရွာသားများ ရွာအတွင်းသို့ပြန်လည်ဝင်ရောက်သည့်အခါတွင် တရွာလုံးမီးရှို့ခံ ထားရကြောင်းဆိုသည်။ သတင်းလင့် − http://bit.ly/3EB2KgG

ခေတ်သစ်မီဒီယာတွင်လည်း နိုဝင်ဘာလ ၂၂ ရက်နေ့တွင် စသိန်းကျေးရွာကို စစ်ကောင်စီတပ်မှ မီးတင်ရှို့ ကြောင်း ပေါက်ဒေသသတင်းရင်းမြစ်များနှင့် ပေါက်မြို့နယ်မြောက်ပိုင်း ကျေးလက်ဒေသပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူနှင့်မေးမြန်းကာ   သတင်းတင်ဆက်ထားသည်။ လင့် − t.ly/tewR

ထို့ပြင် ပေါက်မြိုနယ်−မြောက်ပိုင်းကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့မှ နိုဝင်ဘာလ ၂၂ ရက်နေ့ ရက်စွဲ ဖြင့် ပေါက်မြို့နယ် ကျွန်းတိုင်းရွာမြောက်ဘက်အထွက်နှင့် ဂွေးဂုဏ်ရွာနှင့် စသိန်းရွာအကြားတွင် တိုက်ပွဲ များ ဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်များမှ စသိန်းရွာကို ညအချိန်တွင် မီးရှို့နေပြီး ကျေးရွာသားများ ထွက်ပြေးနေရကြောင်း သတင်းထုတ်ပြန်ထားသည်။ လင့် − t.ly/Qddz

ထို့ကြောင့် ပေါက်မြို့နယ် စသိန်းကျေးရွာတွင် မီးပေါ့ဆမှုကြောင့် တစ်ရွာလုံးနီးပါးမီးလောင်ကျွမ်းခဲ့သည် ဆိုခြင်းမှာ ဖြစ်စဉ်အမှန်အပေါ်အခြေခံပြီး အချက်အလက်အမှားများဖြင့်ဖော်ပြထားသည့် သတင်းမှားသာ ဖြစ်သည်။ 

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့်သို့ - https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

#Misinformation_Buster
#Fake_News
#ပေါက်မြို့နယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly