ကာတာရဲ့ ဥပဒေတွေကို ချိုးဖောက်တဲ့ ကမ္ဘာ့ဖလားရဲ့ 'ဟော့အဖြစ်ဆုံး ခရိုအေးရှား ပရိတ်သတ်'

ကာတာရဲ့ ဥပဒေတွေကို ချိုးဖောက်တဲ့ ကမ္ဘာ့ဖလားရဲ့ 'ဟော့အဖြစ်ဆုံး ခရိုအေးရှား ပရိတ်သတ်'

"ကမ္ဘာ့ဖလားရဲ့ ဟော့အဖြစ်ဆုံး ပရိတ်သတ်"လို့ နာမည်ပေးထားတဲ့ အမျိုးသမီးတစ်ဦးဟာ ကာတာနိုင်ငံရဲ့ ကာယိန္ဒြေပျက်ပြားစေတဲ့ ဥပဒေကို ချိုးဖောက်ပြီး သူမရဲ့ အသင်းကို အားပေးဖို့ ညှို့အားပြင်းပြီး sexcy ကျတဲ့ ဝတ်စုံဝတ်ရင်း အရဲစွန့်ခဲ့တာပါ။

ခရိုအေးရှားအလှမယ် အီဗန်နာ နိုးလ်ဟာ ဂုဏ်ပြုတဲ့အနေနဲ့  သူမနိုင်ငံရဲ့ သင်္ကေတတွေပါ အင်္ကျီ အနီရောင်ကွက်ကျားဝတ်စုံကို ဝတ်ဆင်ထားတာပါ။

မော်ရိုကိုနဲ့ပွဲအတွက် အယ်လ်ဘာယတ် အားကစားကွင်းကို သွားရာမှာ သူမရဲ့ အမျိုးသားရေးစိတ်ဓာတ်ကို သက်သေပြခဲ့တာလည်းဖြစ်တယ်။

အသက် ၃၀ အရွယ် အာပေးသူဟာ အပူချိန်မြင့်တက်လာပေမယ့် ဝတ်စားဆင်ယင်မှု ရှေးရိုးစွဲတဲ့ တင်းကျပ်တဲ့ သတိပေးချက်တွေကို လျစ်လျူရှုထားလိုက်ပါတယ်။

အီဗန်နာတစ်ယောက် ပွဲမစခင် ခရိုအေးရှားဘောလုံးပရိသတ်တွေကို စုစည်းရန်အတွက် သူမရဲ့ ကွေးကောက်ဖြောင့်ဆင်းနေတဲ့ အလန်းစား ကိုယ်ခန္ဓာနဲ့ နိုင်ငံရဲ့ အရောင်တွေကို တောက်ပြောင်စေတဲ့ ပုံနှစ်ပုံကို Instagram မှာ တင်ခဲ့ပါတယ်။

သူမဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အဝတ်အစားနဲ့ ပတ်သက်ပြီး  ကာတာရဲ့တင်းကျပ်တဲ့ စည်းမျဉ်းတွေကို ထပ်တလဲလဲပြောဆိုနေခဲ့တဲ့ ဖီဖာကိုတောင် ဗုဒ္ဓဟူးနေ့က သူမပို့စ်မှာ tag တွဲလိုက်ပါသေးတယ်။

အီဗန်နာဟာ နှုတ်ခမ်းနီရဲရဲနဲ့ အနီအဖြူကွတ်ကျားအကျီ ဝတ်ဆင်ထားပြီး အားကစားကွင်းအတွင်းရော အပြင်မှာပါ ဓာတ်ပုံတွေရိုက်ခဲ့ပါတယ်။

သူမဟာ သူချစ်တဲ့အသင်းအတွက် စူးစူးရှရှ အသွင်အပြင်ဖန်တီပြီး ခရိုအေးရှားရဲ့ ဝတ်စုံကနေ လှုံ့ဆော်မှုပေးခဲ့တာပါ။

မော်ဒယ်နဲ့ လွှမ်းမိုးနိုင်တဲ့ သူမက "ဒီနေ့ အကောင်းဆုံး မကစားခဲ့ပါဘူး။ ဒါပေမယ့် ဒါက သွေးပူရုံလေးပါပဲ။ တနင်္ဂနွေနေ့မှာ သွားကြည့်ကြရအောင်။"လို့ ကပ်ရှင်ပေးပြီး ပို့စ်တင်ခဲ့ပါတယ်။

သူမရဲ့အဝတ်အစားတွေက မျက်ခုံးမွှေးဆူးစေပေမယ့် အန်ဗန်နာက ဒီလိုဝတ်ဆင်တာအတွက် ရင်ဆိုင်ရနိုင်တဲ့ အကျိုးဆက်တွေအတွက် တွေးတောမနေခဲ့ပါဘူး။

ဘောလုံးပရိသတ်တွေဟာ ကာတာမှာ ဒီလိုစွဲမက်ဖွယ် sexcy ကျတဲ့ ဝတ်စားတာတွေကို ထုတ်ပြရင် ဒဏ်ငွေးများများရိုက်တာ ဒါမှမဟုတ် ထောင်ချတာတွေ ချမှတ်ခံရမယ့် အန္တရာယ်ရှိပါတယ်။

ကာတာမဟုတ်တဲ့ အမျိုးသမီးတွေတောင် ရှည်လျားပြီး အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ဖို့ မလိုအပ်ပေမယ့် သူတို့တွေရဲ့ ရင်ဘတ်နဲ့ ခါးကြား၊ အလယ်နဲ့ ပခုံးတွေကို ဖုံးအုပ်ထားရမှာဖြစ်ပြီး စကတ်တွေ၊ ဘောင်းဘီရှည်တွေဟာ ဒူးခေါင်းတွေကို ဖုံးအုပ်ထားရမှာဖြစ်တယ်။

အာရပ်နိုင်ငံကို ခရီးသွားတဲ့ အမျိုးသမီးတွေကို တင်းကြပ်တဲ့အဝတ်အစား ဝတ်တာ၊ ဒါမှမဟုတ် အကွဲအပြဲမှန်သမျှကို တားမြစ်ပိတ်ပင်ထားပါတယ်။

ကစားသမားတွေရဲ့ WAGS တွေဟာ သူတို့ရင်သားတွေကို ဖုံးကွယ်ဖို့ လည်ပင်းနားတစ်ဝိုက်မှာ ပဝါ ဝတ်ဆင်ဖို့ အကြုံပြုခဲ့ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly