ကမ္ဘာ့ဖလားဘောလုံးကွင်း မီးလောင်နေဆိုသည်မှာ ၂၀၁၈ ခုနှစ်မှ ဗီဒီယိုဖိုင်အဟောင်းသာဖြစ်

ကမ္ဘာ့ဖလားဘောလုံးကွင်း မီးလောင်နေဆိုသည်မှာ ၂၀၁၈ ခုနှစ်မှ ဗီဒီယိုဖိုင်အဟောင်းသာဖြစ်

နိုဝင်ဘာ ၂၅

မဇ္ဈိမ ။ ။ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကျင်းပနေသည့် ဘောလုံးကွင်းမီးလောင်နေသည်ဆိုသော ဗီဒီယိုဖိုင် တစ်ခု လူမှုကွန်ရက်တွင်ပျံ့နှံ့နေသည်။ အဆိုပါ ဗီဒီယိုသည် ၂၀၁၈ ခုနှစ်က ဂျာမာန်ဘွန်ဒစ်လီဂါဘောလုံး ပြိုင်ပွဲတစ်ခုတွင် ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်အဟောင်း ဗီဒီယိုအဟောင်းသာဖြစ်သည်။

“ Do Sian Piang Hatzaw ” ဆိုသည့် ဖေ့ဘုတ်စ်သုံးစွဲသူတစ်ဦးမှ “ FIFA World Cup အားကစားကွင်း မီးလောင်နဲ့တူတယ်” ဟုဆိုကာ လေးမိနစ်ကျော်ရှိသည့် ဗီဒီယိုဖိုင်တစ်ခုကို ယခုဖြစ်ပျက်နေသကဲ့သို့ ဖြန့်ဝေထားသည်။ ထိုဗီဒီယိုဖိုင်ကို ကြည့်ရှုသူ ၅,၀၀၀ ကျော်ရှိနေပြီ ဖြစ်သည်။

မဇ္ဈိမ၏ အချက်အလက်စစ်ဆေးချက်များအရ အဆိုပါဗီဒီယိုဖိုင်မှာ ၂၀၁၈ ခုနှစ် မေလ ၁၂ ရက်နေ့က ယှဉ် ပြိုင်ကစားခဲ့သည် ဂျာမာန်ဘွန်ဒစ်လီဂါပွဲစဉ်တစ်ခုဖြစ်သည့် ဟန်းစ်ဘက်စ်အသင်းနှင့် မိုချန်ဂလာဘတ် အသင်းတို့ယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ်မှ ဖြစ်စဉ်ဖြစ်နေသည်။ မူရင်းဖိုင်ကို 4S-TV အမည်ရှိ ယူကျူ့ချန်နယ်တွင် ဖော်ပြထားသည်။ လင့် − http://bit.ly/3iduFvH

BBC Sports ၏ဖော်ပြမှုတွင် အဆိုပါ ၂၀၁၈ ခုနှစ် ဘောလုံးရာသီနောက်ဆုံးပွဲစဉ်တွင် အနိုင်ရခဲ့သော် လည်း ရှေ့ပွဲစဉ်ရလာဒ်များမကောင်းခဲ့သောကြောင့် ဟန်းစ်ဘက်စ်အသင်း တန်းဆင်းရသည်ကို ကြေညာ လိုက်ချိန်တွင် ဒေါသထွက်နေသော ဘောလုံးပရိတ်သတ်များမှာ ကွင်းအတွင်းမီးတောက်များနှင့်ပစ် ပေါက်ခဲ့သည့်ဖြစ်စဉ်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။ လင့် − http://bit.ly/3gC5SRt

ထို့ကြောင့် ယခု လက်ရှိ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘောလုံးကွင်းမီးလောင်နေခြင်းမဟုတ်ဘဲ ၂၀၁၈ ခုနှစ်ကဖြစ်ပျက်ခဲ့သည့် ဗီဒီယိုဖိုင်အဟောင်းတစ်ခုသာ ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့်သို့ - https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

#Misinformation_Buster

#Fake_News

#World_Cup

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required