ယူဂန်ဒါတွင် ကမ္ဘာ့ဘဏ်က ပံ့ပိုးသောလမ်းများ အပြီးသတ်နိုင်ရေး အချိန်ထပ်ယူရန် တရုတ်ကန်ထရိုက်တာများ ကြိုးပမ်း

By India Blooms News Service
24 November 2022
ယူဂန်ဒါတွင် ကမ္ဘာ့ဘဏ်က ပံ့ပိုးသောလမ်းများ အပြီးသတ်နိုင်ရေး အချိန်ထပ်ယူရန် တရုတ်ကန်ထရိုက်တာများ ကြိုးပမ်း

ယူဂန်ဒါတွင် ကမ္ဘာ့ဘဏ်အထောက်အပံ့ဖြင့်ဖောက်လုပ်သော လမ်းများ အပြီးသတ်နိုင်ရေးအတွက် အချိန်ထပ်မံယူရန် အဆိုပါ လမ်းများဖောက်လုပ်ခွင့်ရထားသည့် တရုတ်ကန်ထရိုက်ကုမ္ပဏီက ကြိုးပမ်း လျက်ရှိကြောင်း မီဒီယာများက နိုဝင်ဘာ ၂၃ ရက်တွင် ဖော်ပြခဲ့ကြသည်။

တရုတ်ကုမ္ပဏီ China Railway 18 Bureau Group Co Ltd သည် လမ်းများဖောက်လုပ်ခွင့်ရထားပြီး ၁၈ လကြာမြင့်မည်ဟု မျှော်လင့်ရသည်။

အဆိုပါတရုတ်ကုမ္ပဏီသည် လေလံအောင်ပြီး ယခုနှစ် မတ်လတွင် ဒေါ်လာဘီလီယံပေါင်းများစွာတန်သော လမ်းများ ဖောက်လုပ်ရန် ကန်ထရိုက်တာအဖြစ် ဖောက်လုပ်ခွင့်ရခဲ့သည်။

လမ်းမကြီး ၇ ခုတွင် အလယ်ပိုင်းခရိုင်မှ လာကီဒီ၊ ဖိလစ်အာဒွန်ဂါ၊ ဂျာနန်နီလိုရမ်၊ ကစ်ဂမ်၊ တွမ်အက်ပီလာနှင့် အိုနက်ကာ လမ်းများနှင့် ပန်ဝေါင်ခရိုင်တွင် တည်ရှိသော အေရာဟယ်လန်ဒီတို့ ပါဝင်ကြောင်း New Vision သတင်းတွင် ဖော်ပြထားသည်။

အဆိုပါလမ်းများကို ကမ္ဘာ့ဘဏ်မှ ထောက်ပံ့သော ယူဂန်ဒါ မြူနီစီပယ် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (USMID) ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ကစ်ဂမ်မြူနီစီပယ်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် (MDF) ၏ ဥက္ကဋ္ဌ သောမတ်စ်အိုကီတောယော့က ကန်ထရိုက်တာအား ဇန်နဝါရီ ၃၀ ရက် နောက်ဆုံးထား၍ လမ်းများကို အပြီးဖောက်လုပ်ရန် သတိပေးပြီး ဒေသဆိုင်ရာ အစိုးရဝန်ကြီးဌာနက စာချုပ်သက်တမ်းကို ၄ လ တိုးရန် ယခုနှစ် စက်တင်ဘာလတွင် ခွင့်ပြုခဲ့ရသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly