တရုတ်နိုင်ငံ ပြည်နယ် ၁၃ ခုတွင် ၂၀၂၁ ခုနှစ်၌ လူဦးရေ လျော့နည်းလာ

တရုတ်နိုင်ငံ ပြည်နယ် ၁၃ ခုတွင် ၂၀၂၁ ခုနှစ်၌ လူဦးရေ လျော့နည်းလာ

တရုတ်နိုင်ငံတွင် လူဦးရေတိုးတက်မှု လျော့ကျသည့်ပြဿနာ ဖြစ်ပေါ်လျက်ရှိပြီး ယမန်နှစ်က နိုင်ငံတွင်းရှိ ပြည်နယ်များ၏ ၃ ပုံ ၁ ပုံကျော်တွင် လူဦးရေ လျော့ကျသွားကြောင်း အသစ်ထုတ်ပြန်လိုက်သော ကိန်းဂဏန်းများက ပြသနေသည်။

တရုတ်နိုင်ငံ၏ ၂၀၂၂ ခုနှစ် စာရင်းအင်းဆိုင်ရာနှစ်ပတ်လည်စာအုပ်ပါ ကိန်းဂဏန်းများ၌ ကမ္ဘာ့လူဦးရေ အများဆုံးဖြစ်သောနိုင်ငံတွင် ယခုနှစ်အတွက် လူဦးရေကျဆင်းမှုဖြစ်နိုင်ခြေကို အကျယ်တဝင့် ရေးသား ဖော်ပြထားပြီး ပြင်းထန်သော စီးပွားဂယက်ရိုက်မှုများဖြစ်လာမည်ကို စိုးရိမ်ရသည်။

တရုတ်နိုင်ငံ၏ ပြည်နယ်အဆင့်အုပ်ချုပ်မှုဒေသများအနက် ဒေသ ၁၃ ခုတွင် ယမန်နှစ်က မွေးဖွားမှုထက် သေဆုံးမှုအရေအတွက်က ပိုများခဲ့သည်ဟု ဆိုသည်။

အဆိုပါ ၁၃ ပြည်နယ်တွင် ကြွယ်ဝချမ်းသာသော ရှန်ဟိုင်း၊ ကျန်းစုနှင့် တီယန်ကျင်း စသည့်ဒေသများ၊ အလယ်ပိုင်းပြည်နယ်များဖြစ်သော စီချွမ်၊ ချုံချင့်၊ ဟူတန်နှင့် ဟူပေ၊ မြောက်ပိုင်းနှင့် အနောက်မြောက်ဘက်ရှိ ဟဲပေ၊ ရှန်းရှီးနှင့် အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် စက်မှုပြည်နယ်ဟောင်းများဖြစ်ကြသော အရှေ့မြောက်ရှိ လျောင်နင်၊ ကျိလင်နှင့် ဟေးလုံကျန်းတို့ပါဝင်သည်။

တရုတ်နိုင်ငံ၏လူဦးရေသည် ယမန်နှစ်က ၄၈၀ ၀၀၀ ဦးတိုးလာကာ ၁ ဒသမ ၄၁၂၆ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ၁၉၆၂ ခုနှစ်နောက်ပိုင်း လူဦးရေးတိုးပွားမှုအနည်းဆုံးဖြစ်ကာ ၂၀၂၂၀ ခုနှစ်က လူဦးရေ ၂ ဒသမ ၀၄ သန်းတိုးခဲ့ရာမှ သိသိသာသာ ကျဆင်းလာကြောင်း တရားဝင်ကိန်းဂဏန်းများက ပြသနေသည်။

ထို့ပြင် တရုတ်၏လူဦးရေအကျပ်အတည်းသည် နိုင်ငံအတွင်း သက်ကြီးပိုင်းဦးရေ အလျင်အမြန် များပြားလာမှုကြောင့်လည်း ပိုမိုဆိုးရွားလာသည်။

ယမန်နှစ် နှစ်ကုန်ပိုင်းက အသက် ၆၀ နှစ်နှင့်အထက် တရုတ်လူမျိုး ၂၆၇ သန်းရှိပြီး နိုင်ငံလူဦးရေ၏ ၁၈ ဒသမ ၉ သန်းခန့်ရှိသည်။

အလားတူ တရုတ်နိုင်ငံတွင် လက်ထပ်ထိမ်းမြားမှုနှုန်းမှာလည်း ကျဆင်းလျက်ရှိပြီး ကမ္ဘာပေါ်၌ အိမ်ထောင်ပြုချိန်နောက်အကျဆုံး နိုင်ငံသားများဖြစ်လာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly