တိုကျိုမြို့ခံတွေ ဂျပန်အသင်း ကမ္ဘာ့ဖလားမှာ ဂျာမနီကို အနိုင်ရတာကို တုံ့ပြန်

တိုကျိုမြို့ခံတွေ ဂျပန်အသင်း ကမ္ဘာ့ဖလားမှာ ဂျာမနီကို အနိုင်ရတာကို တုံ့ပြန်

ဗုဒ္ဓဟူးနေ့က ဂျပန်က သူတို့ရဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်မှာ ဂျာမနီကို ၂-၁ ဂိုးနဲ့ အနိုင်ရပြီးနောက် အံ့အားသင့်စရာ ကောင်းလောက်အောင် ပြန်လည်အနိုင်ရပြီးနောက် တိုကျိုမှာ ဘောလုံးပရိသတ်တွေ အောင်ပွဲခံနေစဉ် တာကာနိုဘူ အီချီမူရာက "တီဗွီကြည့်ရင်း အော်ဟစ်နေခဲ့တယ်"လို့ ပြောပါတယ်။

"ကျနော် တကယ်ကို သဘောကျလေစားမိခဲ့တယ်။ အံ့လည်းအံ့သြသွားတယ်။"လို့ အသက် ၂၈ အရွယ် ဘောလုံးပရိသတ် နိုဖူမီ ကိုမီယာက ပြောပါတယ်။

အသက် ၃၁ နှစ်အရွယ် တာကာနိုဘူ အီချီမူရာကလည်း "ကျနော် အရမ်းစိတ်လှုပ်ရှားမိပါတယ်။ [ဂျာမနီ] ပင်နယ်တီကန်အပြီးမှာ အရာအားလုံးပြီးသွားတယ်လို့ ထင်ခဲ့ပေမယ့် မထင်မှတ်ပဲ ကျနော်တို့ သူတို့ကို သရေကျပြီး နောက်တော့ ကျနော်တို့ရဲ့ ကံကြမ္မာကို ပြောင်းပြန်လှန်နိုင်ခဲ့တယ်။ တကယ်ကို အံ့သြမိပါတယ်။ ကျနော် တီဗွီကြည့်ရင်း အောင်ဟစ် အားပေးနေခဲ့တယ်"လို့ ပြောပါတယ်။

"ပထမဆုံးအနေနဲ့ ဂျပန်ကို နောက်ဆုံးရှုံးထွက် (၈) သင်းအဆင့်အထိ ရောက်စေချင်တယ်။ နောက်ဆုံးအကြိမ် ကံမကောင်းတာက သူတို့ နောက်ဆုံး ၁၆ သင်းအဆင့်မှာ ပြီးခဲ့တာပါ၊ ဒါကြောင့် ဒီတစ်ကြိမ်မှာ အဲအဆင့်ကို ကျော်သွားစေချင်တယ်။ ဒါပေမယ့် မနေ့က စပိန်က (ကော်စတာရီကာနဲ့ ပွဲ)  အရမ်းပဲသန်မာတဲ့အတွက် ဂျပန်က စပိန်ကို အနိုင်ရစေချင်တယ်။ ကော်စတာရီကာတည်းတင်မဟုတ်ဘဲ စပိန်ကို အနိုင်ရရင် ဂျပန်က ယုံကြည်မှုပိုရှိလာမယ်။ ဂျပန်ဘောလုံးအနာဂတ်အတွက် အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်စေမှာပါ။”လို့ ဘောလုံးဝါသနာရှင် နိုဖူမီ ကိုမီယာက ပြောပါတယ်။

"အစကတည်းက ဂျပန်က ဂျာမနီကို ရှုံးမယ်လို့ ကျနော် ထင်ခဲ့တာပါ၊ ဒါကြောင့် နိုင်ပွဲရလို့ အရမ်းကို ပျော်ပါတယ်။ နောက်ပွဲအတွက် အကောင်းဆုံးဖြစ်အောင် လုပ်စေချင်တယ်။"

"မနေ့က အရမ်းပျော်ခဲ့ပြီး ကောင်းကောင်းအိပ်ပျော်နိုင်ခဲ့တယ်"လို့ အသက် ၇၀ အရွယ် ဘောလုံးဝါသနာရှင် မီဆို မာဒါက ပြောပါတယ်။

အသက် ၂၁ နှစ်ရှိ ကိုကီ မိုရီဇူမိက "ဂျပန်ကို ပြိုင်ပွဲရဲ့ နောက်တစ်ဆင့်ကို တက်စေချင်ပြီး သူတို့ အစွမ်းကုန် ကြိုးစားပြီး အနိုင်ရစေချင်ပါတယ်။"လို့ ပြောပါတယ်။

ဂျပန်အသင်းဟာ အုပ်စု (E) မှာ တစ်ပွဲနိုင် ရမှတ် ၃နဲ့ စပိန်အသင်းအောက် ဒုတိယနေရာမှာ ရပ်တည်ပြီး သူတို့ရဲ့ ဒုတိယပွဲစဉ်အဖြစ် နိုဝင်ဘာ ၂၇ ရက်၊ တနင်္ဂနွေနေ့မှာ ကော်စတာရီကာအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly