အဲဗာတန်ပရိသတ်တွေနဲ့ ထိပ်တိုက်တိုးမှုအတွက် ရော်နယ်လ်ဒို နှစ်ပွဲကစားခွင့် ပိတ်ပင်ခံခဲ့ရပြီး ဒဏ်ငွေ ပေါင် ၅,၀၀၀၀ ချမှတ်ခံရ

အဲဗာတန်ပရိသတ်တွေနဲ့ ထိပ်တိုက်တိုးမှုအတွက် ရော်နယ်လ်ဒို နှစ်ပွဲကစားခွင့် ပိတ်ပင်ခံခဲ့ရပြီး ဒဏ်ငွေ ပေါင် ၅,၀၀၀၀ ချမှတ်ခံရ

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အဲဗာတန်နဲ့ပွဲအပြီးမှာ ဆယ်ကျော်သက်ပရိသတ်တစ်ဦးရဲ့ လက်ထဲက ဖုန်းကို ရိုက်ချခဲ့တဲ့အတွက် နှစ်ပွဲကစားခွင့် ပိတ်ပင်ခံခဲ့ရပြီး ပေါင် ၅၀,၀၀၀ (ဒေါ်လာ ၆၀,၀၀၀၊ ယူရို ၅၈,၀၀၀) ဒဏ်ရိုက်ခံရတယ်လို့ ဘောလုံးအဖွဲ့ချုပ် (FA)က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

အင်္ဂါနေ့က မန်ချက်စတာယူနိုက်တက်နဲ့ လမ်းခွဲခဲ့ပြီးနောက် အခုအခါ အလွတ်အေးဂျင့်တစ်ဦးဖြစ်တဲ့ ရော်နယ်လ်ဒိုဟာ ဧပြီလ ၉ ရက်က ဂွတ်ဒီဆင်ပတ်ခ်မှာ အဲဗာတန်ကို ၁-၀ နဲ့ ရှုံးနိမ့်တဲ့ပွဲအပြီး ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ ဖြစ်ပွားခဲ့တာပါ။

အက်ဖ်အေကလည်း ပေါ်တူဂီတိုက်စစ်မှူးကို မလျော်ကန်တဲ့ ပြုကျင့်မှုဖြင့် စွဲဆိုစဉ်မှာ သူ့ကို မာဆေးဆိုက်ရဲတပ်ဖွဲ့က သတိပေးခဲ့ပါတယ်။

အခုအခါ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ ပန်နယ်လ်တစ်ခုက ပွဲပယ်နဲ့ ဒဏ်ကြေးတွေ ပေးဆောင်ခဲ့ပါတယ်။

ရော်နယ်လ်ဒို ဘယ်နိုင်ငံက ကလပ်အသင်းအသစ်ကိုပဲဖြစ်ဖြစ် ပြောင်းရွှေ့ရောက်ရှိတဲ့အခါ ဒီတားမြစ်ချက်ကို လွှဲပြောင်းပေးမှာဖြစ်ပေမယ့် ကြာသပတေးနေ့မှာ ပေါ်တူဂီနဲ့ ဂါနာတို့ ယှဉ်ပြိုင်ကစားမယ့်ပွဲမှာ အသက် ၃၇ နှစ်အရွယ် ကစားသမား ပါဝင်ကစားမယ့် ကာတာမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကျုံးဝင်မှာ မဟုတ်ပါဘူး။

“ခရစ္စတီယာနို ရော်နယ်လ်ဒိုကို FA စည်းမျဉ်း E3 ကို ချိုးဖောက်မှုအတွက် ၂ ပွဲပယ်နဲ့ ပေါင် ၅၀,၀၀၀ ဒဏ်ရိုက်ထားပြီး သူ့ရဲ့ အနာဂတ် အပြုအမူနဲ့ ပတ်သက်ပြီး သတိပေးခဲ့ပါတယ်”လို့ အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“၂၀၂၂ ခုနှစ် ဧပြီလ ၉ ရက် စနေနေ့က မန်ချက်စတာယူနိုက်တက်နဲ့ အဲဗာတန်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်အပြီးမှာ မလျော်ကန်ပြုမှုခဲ့ပြီးနောက် တိုက်စစ်မှုးက သူ့ရဲ့အပြုအမှုကို ဝန်ခံခဲ့ပါတယ်။

"နောက်ဆက်တွဲ ကြားနာမှုတစ်ခုအတွင်း သူ့ရဲ့ အပြုအမှုဟာ မလျော်ကန်တဲ့ ပြုကျင့်မူနဲ့ အကြမ်းဖက်မှုနှစ်ခုစလုံးဖြစ်ခဲ့တယ်လို့ တွေ့ရှိခဲ့ပြီး လွတ်လပ်တဲ့ စည်းမျဉ်းကော်မရှင်က အရေးယူမှုကို ချမှတ်ခဲ့ပါတယ်။"

ပွဲပယ်တာကို  ရှောင်ကွင်းဖို့  ပုဂ္ဂိုလ်ရေးဆိုင်ရာ ကြားနာမှုကို ရော်နယ်လ်ဒိုက တောင်းဆိုခဲ့ပါတယ်။

နိုဝင်ဘာ ၈ ရက်က Microsoft Teams ကနေတစ်ဆင့် ပြုလုပ်တဲ့ ကြားနာမှုအတွင်း ရော်နယ်လ်ဒိုက အဲဗာတန်ပရိသတ်တွေစုဝေးနေတဲ့ ဥမင်သွားရာနေရာကို ချဉ်းကပ်လာပြီးနောက် သူဟာ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ လု့ခြုံရေးနဲ့ ကောင်းကောင်းမွန်မွန်နဲ့ ကွင်းတွင်းကနေ ထွက်သွားဖို့အတွက် သူ့ရဲ့ မျှတဲ့ စိုးရိမ်မှု ....ရှိခဲ့တယ်လို့ ပြောပါတယ်။

ဒါပေမယ့်လည်း ပန်နယ်လ်က ရော်နယ်လ်ဒိုရဲ့ အပြုအမူဟာ သူဘေးကင်းဖို့အတွက် ကြောက်ရွံ့တာ သို့မဟုတ် စိုးရိမ်ပူပန်တာထက် စိတ်အနှောင့်အယှက်ဖြစ်မှုနဲ့ စိတ်ပျက်စရာ အပြုအမူတစ်ခုအဖြစ် ပေါက်ဖွားလာခဲ့ပေမယ့် သူတို့ဟာ သူ့ကို သုံးပွဲပယ်ဖို့ အက်ဖ်အေရဲ့ ကမ်းလှမ်းမှုကိုလည်း ပယ်ချခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly