ပါကစ္စတန်နှင့် စီးပွားရေးစင်္ကြံအောက်ရှိ စီမံကိန်းများကို အမြန်အကောင်အထည်ဖော်ရန် တရုတ် ကြိုးပမ်းမြန်အကောင်အထည်ဖော်ရန် တရုတ် ကြိုးပမ်း

ပါကစ္စတန်နှင့် စီးပွားရေးစင်္ကြံအောက်ရှိ စီမံကိန်းများကို အမြန်အကောင်အထည်ဖော်ရန် တရုတ် ကြိုးပမ်းမြန်အကောင်အထည်ဖော်ရန် တရုတ် ကြိုးပမ်း

ပါကစ္စတန်နှင့် တရုတ်တို့ ဆက်ဆံရေးပြေလည်ခြင်း၏ နောက်ကွယ်မှ အဓိကအကြောင်းရင်းမှာ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) ကြောင့်ဖြစ်သည်။ CPEC စီမံကိန်းသည် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းနှင့် ချိတ်ဆက်ထားသောကြောင့် တရုတ်က အလွန်တန်ဖိုးထားသည်။ မီးရထားလမ်း (ML-1) အဆင့်မြှင့်တင်ရေးနှင့် ကရာချိမြို့ပတ်ရထားလမ်း စီမံကိန်းကို ဆောလျင်စွာ အကောင် အထည်ဖော်နိုင်ရေးအတွက် တရုတ်နှင့် ပါကစ္စတန်တို့ အတူတကွ ပူးပေါင်းဆောင်ရွက်ကြမည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က မျှော်လင့်ထားပြီး CPEC ကို အရည်အသွေးမြင့် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း ပူးပေါင်းဆောင်ရွက်မှု၏ စံနမူနာတစ်ခုဖြစ်စေရန် ရည်ရွယ်ထားကြောင်း Hong Kong Post သတင်းတွင် ဖော်ပြထားသည်။

ပါကစ္စတန်ဝန်ကြီးချုပ် ရှက်ဘက်ဇ်ရှာရစ်က တရုတ်ခရီးစဉ်အတွင်း CPEC စီမံကိန်းတိုးတက်မှုအခြေအနေကို ရှီကျင့်ဖျင်အား ရှင်းပြခဲ့သည်။ ဒေသတွင်း အပြန်အလှန်ဆက်နွှယ်နေသော ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအား ပေးရာတွင် CPEC ၏ အခန်းကဏ္ဍကို ပြသနိုင်ရေးအတွက် ဂွါဒါဆိပ်ကမ်း အရန်အခြေခံအဆောက်အအုံများ ဆောက်လုပ်မှုကို အရှိန်မြှင့်ရန် အရေးကြီးသည်ဟု ရှီက ပြောကြားခဲ့ကြောင်း ဒေသတွင်းမီဒီယာကို ကိုးကား၍ Hong Kong Post ဖော်ပြထားသည်။

တရုတ်၏ စီမံကိန်းများနှင့် ပတ်သက်၍ လက်ရှိ ပါကစ္စတန်အစိုးရ၏ အပြုသဘောဆောင်သော တုံ့ပြန်မှုကြောင့် တရုတ်သည် ပါကစ္စတန်ကို တတ်နိုင်သမျှ ကူညီရန် ကြိုးပမ်းလျက်ရှိသည်။

တရုတ်နိုင်ငံသည် ပါကစ္စတန်၏ ဘဏ္ဍာရေးအခြေအနေနှင့် ပတ်သက်၍ ထောက်ပံ့ကူညီရန် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရှီကျင့်ဖျင်က ပြောကြားခဲ့သည်။

တရုတ်နှင့် ဥရောပအကြား ကုန်းမြေနှင့်ရေလမ်းကြောင်း ပိုးလမ်းမများတစ်လျှောက်တွင် သြဇာလွှမ်းမိုးမှုကို အသုံးပြုရန် တရုတ်က မျှော်လင့်ထားသည်။ အဆိုပါ စီမံကိန်းအတွက် ကုန်းလမ်းကြောင်းသည် တရုတ်နှင့် နိုင်ငံ တကာ နယ်စပ်အနီး ဟိမဝန္တာဒေသကို ဖြတ်သန်းသွားမည်ဖြစ်သလို ရေကြောင်းလမ်းကြောင်းက အိန္ဒိယသမုဒ္ဒရာ ဒေသကို ဖြတ်သန်းသွားမည်ဖြစ်သည်။

CPEC အောက်ရှိ စီမံကိန်းအများအပြားသည် ဒေသခံများ၏ ကန့်ကွက်ဆန္ဒပြမှုကြောင့် ထိခိုက်နစ်နာခဲ့ရသည်။ ပါကစ္စတန်တွင် တရုတ်နိုင်ငံသားအချို့ အသတ်ခံရသောအခါ စီမံကိန်းများအပေါ် ပိုမိုသက်ရောက်မှုရှိခဲ့သည်။

ရှီကျင့်ဖျင်က ပါကစ္စတန်ရှိ တရုတ်လူမျိုးများ၏ ဘေးကင်းရေးကို အလွန်အလေးထားကြောင်းနှင့် ပါကစ္စတန်အနေဖြင့် တရုတ်အဖွဲ့အစည်းများနှင့် ဝန်ထမ်းများအတွက် လုံခြုံသော ပတ်ဝန်းကျင်တစ်ခု ပေးစွမ်းနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly