OneLove လက်ပတ်ကို ပိတ်ပင်မှုနဲ့ ပတ်သက်လို့ ဖီဖာကို နိုင်ငံတကာ အားကစားခုံရုံးဆီ ဂျာမန်အက်ဖ်အေ အမှုတင်သွင်း

OneLove လက်ပတ်ကို ပိတ်ပင်မှုနဲ့ ပတ်သက်လို့ ဖီဖာကို နိုင်ငံတကာ အားကစားခုံရုံးဆီ ဂျာမန်အက်ဖ်အေ အမှုတင်သွင်း

ဖီဖာရဲ့ OneLove လက်ပတ်တွေကို တားမြစ်ပိတ်ပင်တာကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဂျာမနီကစားသမားတွေဟာ သူတို့ရဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်မှာ အသင်းရဲ့ အုပ်စုဓာတ်ပုံရိုက်နချိန်အတွင်း ပါးစပ်ကို လက်နဲ့အုပ်ပြီး ပိတ်ထားခဲ့ပါတယ်။

နူအာဟာ မတူကွဲပြားခြင်းနဲ့ ပူးပေါင်းပါဝင်မှုကို အားပေးတဲ့ သက်တံ့ရောင် လက်ပတ်ကို ဝတ်ဆင်ရင် ဂျာမနီဘောလုံးအဖွဲ့ချုပ် (DFB)ဟာ အားကစားဆိုင်ရာ ပိတ်ဆို့အရေးယူမှုတွေ ကြီးကြီးမားမားနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ဖီဖာရဲ့ သတိပေးပြီးနောက်မှာ အဖွဲ့ချုပ်က အသင်းခေါင်းဆောင်ကို ဗုဒ္ဓဟူးနေ့မှာ ကစားတဲ့ ဂျပန်နဲ့ပွဲမှာ ဒီလက်ပတ်ကို မဝတ်ဆင်ဖို့ ပြောထားခဲ့ပါတယ်။ .

ဂျာမနီအသင်းနည်းပြချုပ် ဟန်ဆီ ဖလစ်က သူ့ရဲ့ကစားသမားတွေဟာ "ဖီဖာက ကျနော်တို့ကို အသံတိတ်စေတဲ့ မက်ဆေ့ချ်ကို ဖော်ပြလိုတယ်"လို့ ပြောပါတယ်။

သူတို့ဟာ သူတို့ရဲ့ ပွဲမကစားခင် ဒီလိုလုပ်ဆောင်ခဲ့တဲ့ အပြုအမူအတွက် ဖီဖာကနေ စည်းကမ်းပိုင်းဆိုင်ရာ အရေးယူခြင်း ခံရမှာမဟုတ်ပါဘူး။

တားမြစ်မှု တရားဝင်ပိတ်ပင်တာကို ဆန့်ကျင်တဲ့ နိုင်ငံတကာ အားကစားခုံရုံး (CAS)ရဲ့ လျင်မြန်တဲ့ ဆုံးဖြတ်ချက်က နူအာဟာ တနင်္ဂနွေနေ့မှာ စပိန်နဲ့ ကစားမယ့် ဂျာမနီရဲ့ အုပ်စု ဒုတိယပွဲစဉ်အတွက် လက်ပတ်ကို ဝတ်ဆင်နိုင်မှာဖြစ်ပါတယ်။

ဒီကမ္ဘာ့ဖလားအတွက် ဖွဲ့စည်းထားတဲ့ CAS ရဲ့ အထူးသီးသန့်ဌာနခွဲဟာ လျှောက်လွှာတစ်စောင်လက်ခံရရှိပြီး ၄၈ နာရီအတွင်း ဆုံးဖြတ်ချက်တွေချမှတ်ဖို့ ရည်ရွယ်ထားပါတယ်။

VIP box ထဲမှာ ဖီဖာဥက္ကဌ အင်ဖန်တီနိုနဲ့ အနီးကပ်ထိုင်နေတဲ့ ဂျာမနီပြည်ထဲရေးဝန်ကြီး နန်စီဖီဆာက နိုင်ငံအသင်းကို အားပေးတဲ့ပွဲမှာ OneLove လက်ပတ်ကို ဝတ်ဆင်ထားပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required