တောင်ကိုရီးယားရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ အဖွင့်ပွဲစဉ်မှာ ဆွန် ကစားဖို့ အဆင်ပြေတယ်လို့ နည်းပြ ပြော

တောင်ကိုရီးယားရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ အဖွင့်ပွဲစဉ်မှာ ဆွန် ကစားဖို့ အဆင်ပြေတယ်လို့ နည်းပြ ပြော

ဆွန်ဟောင်မင်ဟာ မျက်နှာခွဲစိတ်ပြီးနောက် မျက်နှာဖုံးတပ်ထားပေမယ့် ကြာသပတေးနေ့မှာ ဥရုဂွေးနဲ့ ယှဉ်ပြိုင်ရမယ့် တောင်ကိုရီးယားအသင်းရဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်မှာ ပါဝင်ကစားနိုင်မှာဖြစ်တယ်လို့ နည်းပြ ပေါ်လိုဘင်တိုက ပြောပါတယ်။

စပါးတိုက်စစ်ကစားသမားနဲ့ တောင်ကိုရီးယားအသင်းခေါင်းဆောင်ဟာ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဝင်တိုက်မိမှုတစ်ခုအတွင်း သူ့ရဲ့ ဘယ်ဘက်မျက်လုံးတစ်ဝိုက်အရိုးကျိုးသွားပြီးနောက် ဒီလအစောပိုင်းက ခွဲစိတ်ကုသမှုခံယူခဲ့ရပါတယ်။

"ဆွန်က ကစားနိုင်ပြီး ဆော့ကစားနိုင်မှာပါ"လို့ ဘင်တိုက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ပေါ်တူဂီ နည်းပြက "ဒီဒဏ်ရာ ရပြီးရင် ကျနော်တို့ ဘာစွန့်စားမှုကိုမှ မလုပ်နိုင်ဘူးဆိုတာ သူသိပြီး ကျနော်တို့လည်း သိထားပါတယ်"လို့ ပေါ်တူဂီ နည်းပြက သတိပေးရင်း တောင်ကိုးရီးယားသားရဲ့ ဒဏ်ရာအနေအထား ဘယ်လိုဖြစ်လာမလဲဆိုတာ ဆက်ပြီး စောင့်ကြည့်ရဦးမယ်လို့လည်း ပြောပါတယ်။

အသက် ၃၀ အရွယ် ကစားသမားဟာ ကာတာမှာ မျက်နှာဖုံးစွပ်ပြီး လေ့ကျင့်မှုတွေ ပြုလုပ်နေပြီး တောင်ကိုရီးယားပရိသတ်တွေဟာ သူ့ရဲ့ကြံ့ခိုင်မှုနဲ့ ပတ်သက်တဲ့ နောက်ဆုံးသတင်းတွေကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြပါတယ်။

ဒိုဟာက လေ့ကျင့်ရေးအစီအစဉ်တစ်ခုမှာ ကျန်အသင်းသားတွေနဲ့ ကြံ့ခိုင်မှုလေ့ကျင့်ခန်းတွေကို ဖြတ်သန်းစဉ် မျက်နှာဖုံးဟာ ဆွန်ကို စိတ်အနှောင့်အယှက်ဖြစ်စေပုံရပါတယ်။

ဘင်တိုက နိုင်ငံတကာ ကစားသမား ပွဲ ၁၀၀ ကျော်မှာ ၃၅ ဂိုးသွင်းယူပြီး ပြီးခဲ့တဲ့ရာသီက လီဗာပူးလ်အသင်းက မိုဆာလာနဲ့ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုတို့ကို ပူးတွဲ ရရှိခဲ့တဲ့ ကစားသမားအတွက် မျက်နှာဖုံးဟာ "ဖြစ်ရိုးဖြစ်စဉ် သဘာဝပါပဲ"လို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

"သူမျက်နှာဖုံးစွပ်ထားရမယ့်အချက်က သူ့အတွက် အဆင်မပြေပါဘူး။"လို့ ဘင်တိုက ပြောပါတယ်။

"ကျနော်တို့ ဒီကိုရောက်ကတည်းက အစီအစဉ်ကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားခဲ့ပြီး သူ့ကို ကျနော်တို့အဖွဲ့ထဲ ပေါင်းထည့်လိုက်ပုံကလည်း သူက သဘာဝကျကြောင်း ပြသနေပါတယ်။

"မနက်ဖြန်မှာ ဘယ်လိုဖြစ်မလဲဆိုတာကို စောင့်ကြည့်ရဦးမှာပါ။ တတ်နိုင်သလောက်တော့ သူအဆင်ပြေသလို ခံစားရမယ်လို့ မျှော်လင့်ပါတယ်။"

ဒါပေမယ့်လည်း ဝုဖ်တိုက်စစ်မှူး ဟွမ်ဟီးချန်ဟာ တံကောက်ကြောပြဿနာကြောင့် ပါဝင်လာနိုင်ဖွယ်မရှိပါဘူး။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly