ဂွာဒီယိုလာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ၂၀၂၅ အထိ သက်တမ်းတိုးရင်း 'ပိုကောင်းတဲ့နေရာမှာ သူ ရှိမနေနိုင်တော့ပါဘူး'လို့ ဆို

ဂွာဒီယိုလာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ၂၀၂၅ အထိ သက်တမ်းတိုးရင်း 'ပိုကောင်းတဲ့နေရာမှာ သူ ရှိမနေနိုင်တော့ပါဘူး'လို့ ဆို
Photo: Manchester City/Twitter

ပက်ဂွာဒီယိုလာက သူဟာ ပရီးမီးယားလိဂ်ချန်ပီယံတွေနဲ့ ၂၀၂၅ အထိ ဆက်ရှိစေမယ့် နှစ်နှစ်သက်တမ်းတိုးစာချုပ်ကို သဘောတူညီမှုရရှိခဲ့ပြီလို့ ကြေညာရင်း ”ပိုကောင်းတဲ့ နေရာမှာ ကျနော် ရှိမနေနိုင်တော့ပါဘူး” လို့ ပြောပါတယ်။

အသက် ၅၁ နှစ်ရှိ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်အသင်း မန်နေဂျာဟောင်းဟာ ၂၀၁၆ က မန်စီးတီးကို တာဝန်ယူပြီးကတည်းက ပရီးမီးယားလိဂ်ဖလား လေးကြိမ်အပါအဝင် အဓိကဆုဖလား ကိုးခုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

"မန်ချက်စတာစီးတီးမှာ နောက်ထပ်နှစ်နှစ်ဆက်နေခွင့်ရလို့ အရမ်းပျော်ပါတယ်"လို့ ဂွာဒီယိုလာက ဗုဒ္ဓဟူးနေ့ထုတ် ကလပ်အသင်းထုတ်ပြန်ချက်မှာ ပြောပါတယ်။

"ကျနော့်ကို ယုံကြည်ပေးတဲ့အတွက် ကလပ်မှာရှိတဲ့လူတိုင်းကို ကျေးဇူးတင်တယ်လို့ ပြောရုံနဲ့ မလုံလောက်ပါဘူး။ ကျနော် ပျော်ရွှင်ပြီး သက်တောင့်သက်သာရှိနေပါတယ်။ ကျနော့်အလုပ်ကို အတတ်နိုင်ဆုံး အကောင်းဆုံးလုပ်ဖို့ လိုအပ်တာမှန်သမျှ ကျနော့်မှာ ရှိပါတယ်။"

စပိန်သားနည်းပြကြီးက "ဒီကလပ်ရဲ့နောက်ထပ်အခန်းဟာ နောက်ထပ်ဆယ်စုနှစ်အတွက် အံ့ဩစရာဖြစ်မယ်ဆိုတာ ကျနော် သိပါတယ်။ ဒါက လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ဖြစ်ပျက်ခဲ့ပြီးပါပြီ။ ဒီကလပ်က အရမ်းတည်ငြိမ်တဲ့အတွက် နောက် ၁၀ နှစ်မှာ ထပ်ဖြစ်လာအုံးမှာပါ။

"စရောက်ချင်းကတည်းက ဒီမှာ ထူးခြားမှုတစ်ခုခုရှိနေတယ်လို့ ခံစားရတယ်။ ကျနော်ဟာ ပိုကောင်းတဲ့နေရာမှာ မနေနိုင်တော့ပါဘူး။"

စီးတီးအသင်းဥက္ကဋ္ဌ အယ်လ်မူဘာရက်က “မန်ချက်စတာစီးတီးဘောလုံးအသင်းနဲ့ အတူ ပက်ရဲ့ ခရီးလမ်းတွ ဆက်လျှေက်နေမှာဖြစ်တာကြာင့် ကျနော် ဝမ်းသာမိပါတယ်။

"သူဟာ ဒီအဖွဲ့အစည်းရဲ့ အောင်မြင်မှုနဲ့ တည်ဆောက်ပုံကို အများကြီး ပံ့ပိုးပေးထားပြီးဖြစ်တယ်။ သူ့မှာ အခုထိတုန် ထင်ထင်ရှားရှား ရှိနေတဲ့ စွမ်းအား၊ ဆာလောင်မှုနဲ့ ရည်မှန်းချက်တွေကို ပေးစွမ်းနိုင်တဲ့အရာတွေကို တွေးကြည့်ရင် စိတ်လှုပ်ရှားစရာပါပဲ။"

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly