အင်္ဂလန်အသင်းခေါင်းဆောင် ကိန်း ခြေကျင်းဝတ်ကို ဓာတ်မှန်ရိုက် စစ်ဆေးခံယူဖို့ လိုအပ်

အင်္ဂလန်အသင်းခေါင်းဆောင် ကိန်း ခြေကျင်းဝတ်ကို ဓာတ်မှန်ရိုက် စစ်ဆေးခံယူဖို့ လိုအပ်
Photo: EPA

အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းဟာ အမေရိကန်အသင်းနဲ့ ကမ္ဘာ့ဖလားပွဲစဉ်မစတင်ခင် နှစ်ရက်အလိုမှာ သူ့ရဲ့ခြေကျင်းဝတ်ကို ဓာတ်မှန်ရိုက် စစ်ဆေးခံယူဖို့ လိုတယ်လို့ သတင်းတွေက ဗုဒ္ဓဟူးနေ့ ဖော်ပြပါတယ်။

ကိန်းဟာ တနင်္လာနေ့က အီရန်ကို ၆-၂ ဂိုးနဲ့အနိုင်ရရှိတဲ့ အုပ်စုအဖွင့်ပွဲစဉ် အစောပိုင်းမှာ ခြေကျင်းဝတ်ဒဏ်ရာရှိခဲ့ပြီးနောက် ခါလီဖာနိုင်ငံတကာအားကစားကွင်းကနေ ထွက်ခွာခဲ့ပေမယ် အင်္ဂါနေ့မှာ အပေါ့စားလေ့ကျင့်ရေးအစီအစဉ်မှာ ပါဝင်ခဲ့ပါတယ်။

ဂါရတ် ဆောက်ဂိတ်ရဲ့ အသင်းဟာ သောကြာနေ့မှာ အမေရိကန်တွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး ဒီပွဲအနိုင်ရပါက ရှုံးထွက်အဆင့်မှာ နေရာတစ်နေရာရဖို့ သေချေစေမယ်လို့ သိထားပါတယ် ။

ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့တဲ့ ကိန်းဟာ ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ဖူးတဲ့ သမိုင်းရှိပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly