တရုတ်နိုင်ငံက လူငယ် ဂိမ်း စွဲလမ်းမှုကို 'ဖြေရှင်းနိုင်ခဲ့တယ်'လို့ အင်ဒက်စထရီအဖွဲ့ချုပ် ဆို

တရုတ်နိုင်ငံက လူငယ် ဂိမ်း စွဲလမ်းမှုကို 'ဖြေရှင်းနိုင်ခဲ့တယ်'လို့ အင်ဒက်စထရီအဖွဲ့ချုပ် ဆို

အစိုးရဟာ လူငယ်တွေကို တစ်နေ့တာ ကစားနိုင်တဲ့ နာရီအရေအတွက်ကို ကန့်သတ်ခဲ့ပြီးနောက် တစ်နှစ်အကြာမှာ တရုတ်နိုင်ငံဟာ လူငယ်ဗီဒီယိုဂိမ်းစွဲလမ်းမှုပြဿနာကို ဖြေရှင်းနိုင်ခဲ့တယ်လို့  နိုင်ငံ့ထိပ်တန်း ဂိမ်းအင်ဒက်စထရီအဖွဲ့ချုပ်ကနေ ပူးတွဲရေးသားတဲ့ အစီရင်ခံစာက ပြောပါတယ်။

တရုတ်နိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး ဂိမ်းဈေးကွက်ဖြစ်ပေမယ့်လည်း နိုင်ငံပိုင်မီဒီယာကနေ အင်ဒက်စထရီဟာ "spiritual opium"လို့ နိုင်ငံပိုင်မီဒီယာက ခေါ်ဆိုသုံးနှုန်းခဲ့ပြီး စံချိန်တင်ဒဏ်ငွေတွေ၊ ကာလကြာရှည်စွာ စုံစမ်းစစ်ဆေးမှုတွေနဲ့ IPOs (ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုကို ပုဂ္ဂလိကပိုင်ဆိုင်မှုကနေ အများသူငှာ ပိုင်ဆိုင်ခွင့်ဆီ လွှဲပြောင်းတာ)တွေကို ဆိုင်းငံ့ထားခြင်းတွေကနေ နည်းပညာဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေဖြင့် ဖြိုခွင်းခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကစလို့ အသက် ၁၈ နှစ်အောက်တွေကို ကျောင်းတက်ချိန်ကာလအတွင်း သောကြာ၊ စနေနဲ့ တနင်္ဂနွေနေ့တွေမှာ ည ၈ နာရီကနေ ည ၉ နာရီကြားမှာသာ အွန်လိုင်းမှာသာ ကစားခွင့်ရခဲ့ပါတယ်။

ရလဒ်အနေနဲ့ "အရွယ်မရောက်သေးသူတွေရဲ့ ၇၅ ရာခိုင်နှုန်းကျော်ဟာ တစ်ပတ်လျှင် သုံးနာရီအောက်သာ ကစားကြပြီး ဂိမ်းစွဲလမ်းမှုကို အခြေခံအားဖြင့် ဖြေရှင်းနိုင်တယ်"လို့ တရုတ်ဂိမ်းအင်ဒက်စထရီအဖွဲ့ကော်မတီ၊ ထိပ်တန်းအစိုးရနဲ့ ဆက်နွှယ်တဲ့အဖွဲ့ချုပ်နဲ့ ဒေတာပံ့ပိုးသူ CNG တို့က တနင်္လာနေ့ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

"ဂိမ်းကုမ္ပဏီတွေက လက်ခံကျင့်သုံးတဲ့ စွဲလမ်းမှုတိုက်ဖျက်ရေးစနစ်တွေဟာ အသက်မပြည့်သေးတဲ့ ဂိမ်းအသုံးပြုသူတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို လွှမ်းခြုံထားပါတယ်"လို့ ၎င်းက ဆိုပါတယ်။

တရုတ်နိုင်ငံမှာ အသက် ၉ နှစ်ကနေ ၁၉ နှစ်ကြား ပြည်သူတွေရဲ့ ၉၈ ရာခိုင်နှုန်းခန့်ဟာ မိုဘိုင်းလ်ဖုန်းပိုင်ဆိုင်ကြပြီး အသက် ၁၈ နှစ်အောက် အင်တာနက်အသုံးပြုသူ ၁၈၆ သန်း ဝန်းကျင်ခန့်ရှိတယ်လို့ ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။

အွန်လိုင်း ကစားဖို့ နာမည်စာရင်းသွင်းရာမှာ အရွယ်မရောက်သေးသူတွေ သူတို့ရဲ့ အသက်အရွယ်ကို လိမ်လို့မရအောင် သေချာစေဖို့ ဂိမ်းကစားသူတွေဟာ သူတို့ရဲ့ ID ကတ်တွေကို အသုံးပြုဖို့ လိုအပ်ပါတယ်။

ကုမ္ပဏီတွေဟာ အစိုးရကနေ ပေးထားတဲ့ သတ်မှတ်ချိန်ပြင်ပမှာ လူငယ်တွေကို ဂိမ်းဝန်ဆောင်မှုတွေ ပေးဆောင်ခြင်းကိုလည်း တားမြစ်ထားပါတယ်။

ဒါပေမယ့် ဘေဂျင်းဟာ ကဏ္ဍအပေါ် သူတို့ရဲ့ရပ်တည်ချက်ကို ဖြေလျှော့မယ် အရိပ်အယောင်တွေ မကြာသေးမီက ပြသခဲ့ပါတယ်။

အာဏာပိုင်တွေဟာ ဧပြီလအထိ ကိုးလကြာ ခွင့်ပြုချက်တွေ ရပ်ဆိုင်းပြီးနောက် ခွင့်ပြုချက် ပိုင်ဆိုင်ခွင့်ဆိုင်ရာ အသစ်တွေကို ဖြည်းဖြည်းချင်း စတင်အတည်ပြုခဲ့ပါတယ်။

ပြီးခဲ့သည့်အပတ်က နည်းပညာကုမ္ပဏီကြီး Tencent ဟာ ၁၈ လအတွင်း သူတို့ရဲံ ဗီဒီယိုဂိမ်းအတွက် ပထမဆုံးလိုင်စင်ကို ရရှိခဲ့ပြီး ကမ္ဘာ့ထိပ်တန်းဂိမ်းထုတ်လုပ်သူအဖြစ် သူတို့ရဲ့ နေရာကို ခြိမ်းခြောက်နေတဲ့ ကာလရှည်တစ်ခုကို အဆုံးသတ်ခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly