'ချက်ချင်း စာချုပ်ဖျက်သိမ်း' ပြီး မန်ချက်စတာယူနိုက်တက်ကနေ ရော်နယ်လ်ဒို ထွက်ခွာတော့မယ်

'ချက်ချင်း စာချုပ်ဖျက်သိမ်း' ပြီး မန်ချက်စတာယူနိုက်တက်ကနေ ရော်နယ်လ်ဒို ထွက်ခွာတော့မယ်

ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အငြင်းပွားဖွယ်ရာ မန်ချက်စတာယူနိုက်တက်မှာ ဖြတ်သန်းခဲ့တဲ့ နှစ်ကြိမ်မြောက်ဟာ "ချက်ချင်း စာချုပ်ဖျက်သိမ်းမှု"နဲ့အတူ အဆုံးတော့မှာဖြစ်တယ်လို့ ပရီးမီးယားလိဂ်ကလပ်အသင်းကြီးက အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။

ပေါ်တူဂီတိုက်စစ်မှူးဟာ မကြာသေးမီက ရုပ်သံအင်တာဗျူးတစ်ခုမှာ ကလပ်အသင်းက သူ့ကို "သစ္စာဖောက်တယ်"လို့ ခံစားခဲ့ရပြီး သူဟာ မန်နေဂျာသစ် အဲရစ်တန်ဟန်ဂ်ကို လေးစားမှုမရှိဘူးလို့ ပြောကြားခဲ့ပြီးနောက် အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာသွားပုံရပါတယ်။

“ခရစ္စတီယာနို ရော်နယ်ဒိုဟာ နှစ်ဖက်သဘောတူစာချုပ်အရ ချက်ချင်း စာချုပ်ဖျက်သိမ်းပြီး မန်ချက်စတာယူနိုက်တက်ကနေ ထွက်ခွာတော့မှာဖြစ်တယ်” လို့ ယူနိုက်တက်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

"အိုးလ်ထရက်ဖို့ဒ်မှာ ဖြတ်သန်းခဲ့တဲ့ နှစ်ကြိမ်မှာ ၃၄၆ ပွဲကစား ၁၄၅ ဂိုး သွင်းယူပေးခဲ့တဲ့ သူ့ရဲ့ ကြီးမားတဲ့ ပံ့ပိုးကူညီမှုအတွက် ကလပ်က ကျေးဇူးတင်ရှိပြီး သူနဲ့ သူ့မိသားစု အနာဂတ်အတွက် ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။

"မန်ချက်စတာယူနိုက်တက်မှာရှိတဲ့လူတိုင်းက အဲရစ်တန်ဟက်ဂ်လက်ထက်မှာ အသင်းတိုးတက်ဖို့ အာရုံစိုက်နေပြီး ကွင်းထဲမှာ အောင်မြင်မှုတွေ ပေးစွမ်းနိုင်ဖို့ အတူတကွလုပ်ဆောင်နေပါတယ်။"

အိုးထရက်ဖို့ဒ်ရဲ့ အဆင့်အတန်းနဲ့ တန်ဟက်ဂ်ကို ဝေဖန်ခဲ့တဲ့အပြင် လက်ရှိကမ္ဘာ့ဖလားမှာ ပေါ်တူဂီအသင်းနဲ့ အတူရှိနေတဲ့ အသက် ၃၇ နှစ်အရွယ် ရော်နယ်လ်ဒိုဟာ ကလပ်ရဲ့ အမေရိကန်ပိုင်ရှင်တွေကို ရှုံ့ချခဲ့ပါတယ်။

ရော်နယ်လ်ဒိုက ဂလေဇာမိသားစုဟာ ကွင်းထဲမှာ ရလဒ်တွေထက် ယူနိုက်တက်ရဲ့ ငွေရှာနိုင်တဲ့ အလားအလာကို ပိုဂရုစိုက်တယ်လို့ ပြောပါတယ်။

အသင်းဖော်ဟောင်း ဂယ်ရီနဗီးလ်နဲ့ ဝိန်းရွန်နီတို့ကို မကြာသေးခင်က ဝေဖန်မှုများ ပြုလုပ်ခဲ့ပြီးနောက် သူတို့ဟာ "ကျနော့်ရဲ့ သူငယ်ချင်းမတွေ မဟုတ်ဘူး"လိုတောင် ဖွင့်ဟခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly