ကမ္ဘောဒီးယားအစိုးရက တရုတ်နှင့် ကြွေးမြီသံခင်းတမန်ခင်းကို သတိကြီးစွာ ခုခံကာကွယ်ရာရန် လိုအပ်

ကမ္ဘောဒီးယားအစိုးရက တရုတ်နှင့် ကြွေးမြီသံခင်းတမန်ခင်းကို သတိကြီးစွာ ခုခံကာကွယ်ရာရန် လိုအပ်

ကမ္ဘောဒီးယားအစိုးရသည် တရုတ်နှင့် ယင်း၏ ကြွေးမြီသံခင်းတမန်ခင်းကို အမြဲတမ်း ခုခံကာကွယ်ခဲ့သော်လည်း ကမ္ဘောဒီးယားနှင့် တရုတ်တို့အကြားရှိနေသည့် ကြွေးမြီနှင့် လုံခြုံရေးအစီအစဉ်များသည် အရှေ့တောင် အာရှ အတွက် ကြီးမားသည့် ကိစ္စရပ်တစ်ခု ဖြစ်နေသည်။

များပြားလာနေသည့် တရုတ်ကြွေးမြီများသည် ယင်းတို့အတွက် ဘေးအန္တရယ်ရှိကြောင်း အချက်ပြနေသည်။

ကမ္ဘောဒီးယား၏ ပြင်ပကြွေးမြီသည် ၂၀၂၁ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၉ ဘီလီယံကျော်ရှိခဲ့ပြီး ၂၀၂၂ခုနှစ် နှစ်ကုန်တွင် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော် ရှိလာမည်ဟု ခန့်မှန်းထားသည်။

အဆိုပါ အကြွေးများအနက်မှ ၄၀ ရာခိုင်နှုန်းကျော်သည် တရုတ်ကြွေးမြီဖြစ်ခြင်းကြောင့် စိုးရိမ်ဖွယ်ဖြစ်နေပြီး တရုတ်ကြွေးမြီ မူဝါဒအရ နိုင်ငံကို အလွန်ထိခိုက်စေနိုင်သည်ဟု Financial Post က ဖော်ပြခဲ့သည်။

ကမ္ဘောဒီးယား၏ လိုအပ်ချက်အမျိုးမျိုးအတွက် တရုတ်အပေါ် ဆက်လက်မှီခိုအားထားမှုက တရုတ်၏ လက်ဝေခံနိုင်ငံ တစ်နိုင်ငံဖြစ်လာနိုင်သည်။

တရုတ်က ကမ္ဘောဒီးယား၏ စီးပွားရေး၊ မူဝါဒနှင့် လုံခြုံရေးကိစ္စရပ်များအပေါ် သြဇာလွှမ်းမိုးမှုကြောင့် ကမ္ဘောဒီး ယားသည် အကွက်ကျကျဆင်ထားသည့် ဒုက္ခနွံအတွင်းသက်ဆင်းနေကြောင်း လေ့လာဆန်းစစ်သူများက ဆိုကြသည်။

ထို့ပြင် တရုတ်သည် ကမ္ဘောဒီးယား၏ သွင်းကုန်အများဆုံး ရင်းမြစ်ဖြစ်ပြီး စုစုပေါင်းတင်သွင်းမှု၏ ၃၀ ရာခိုင်နှုန်း ကျော်ရှိသည်။

ကမ္ဘောဒီးယားတွင် ကြီးမားသော အခြေခံအဆောက်အအုံစီမံကိန်းများကို ငွေကြေးထောက်ပံ့ခြင်းဖြင့် တရုတ်က ယင်းအပေါ် ရေရှည်မှီခိုနေအောင်ပြုလုပ်ထားကြောင်းလည်း လေ့လာသူများက သတိပေးခဲ့သည်ဟု Financial Post က ဖော်ပြသည်။

အရှေ့တောင်အာရှဒေသတစ်ခုလုံးတွင် တရုတ်က အကျိုးစီးပွား ပိုမိုမြှင့်တင်ရန် ယင်းအထောက်အပံ့ကို အသုံးချမည်ကို ၎င်းတို့က စိုးရိမ်နေကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly