ထိုင်ဝမ်အနီးတွင် တရုတ်စစ်လေယာဉ် ၁၅ စင်းနှင့် ရေတပ်သင်္ဘော ၃ စင်း လှုပ်ရှား

By Always First News
22 November 2022
ထိုင်ဝမ်အနီးတွင် တရုတ်စစ်လေယာဉ် ၁၅ စင်းနှင့် ရေတပ်သင်္ဘော ၃ စင်း လှုပ်ရှား

ထိုင်ဝမ်အနီးတစ်ဝိုက်တွင် နိုဝင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်များက တရုတ်စစ်လေယာဉ် ၁၅ စင်းနှင့် ရေတပ်သင်္ဘော ၃ စင်းကို ခြေရာခံတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

“မနက် ၆ နာရီအထိ လေယာဉ် ၃ စင်းနဲ့ ရေတပ်သင်္ဘော ၃ စင်းကို ထိုင်ဝမ်ဝန်းကျင်မှာ တွေ့ရှိခဲ့ပါတယ်။ ထိုင်ဝမ်စစ်တပ်က အခြေအနေကို စောင့်ကြည့်ပြီး အဲဒီလှုပ်ရှားမှုတွေကို တုံ့ပြန်ဖို့ ကင်းထောက်လေယာဉ်၊ ရေယာဉ်တွေနဲ့ မြေပြင်အခြေစိုက်ဒုံးကျည်စနစ်တွေကို တပ်ဖြန့်ထားပါတယ်” ဟု ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာန (MND) က တွစ်တာပို့စ်တွင် ရေးသားထားသည်။

ခြေရာခံမိသည့် လေယာဉ် ၃ စင်းသည် ထိုင်ဝမ်အနောက်တောင်ဘက် လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန် အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

တရုတ်သည် ယခုလအတွင်း စစ်လေယာဉ် ၃၃၉ စင်းနှင့် ရေတပ်သင်္ဘော ၅၆ စင်းကို စေလွှတ်ခဲ့သည်။

တရုတ်သည် လွန်ခဲ့သည့် ၂ နှစ်အတွင်းတွင် ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေး သတ်မှတ်ဇုန်သို့ လေယာဉ်များ ပုံမှန်စေလွှတ်ခြင်းဖြင့် မီးခိုးရောင်ဇုန် နည်းဗျူဟာအသုံးပြုမှုကို တိုးမြှင့်ခဲ့ကြောင်း Intellasia East Asia သတင်းက ဖော်ပြခဲ့သည်။

တရုတ်က ထိုင်ဝမ်အနီးတွင် စစ်ရေးလှုပ်ရှားမှုများကို တိုးမြှင့်လုပ်ဆောင်လာသည်နှင့်အမျှ ထိုင်ဝမ်ကလည်း စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် မိမိကိုယ်ကို ခုခံကာကွယ်နိုင်ရေး ခိုင်မာသောခြေလှမ်းများကို စတင်လုပ်ဆောင်နေပြီဖြစ်သည်။

ထိုင်ဝမ်သမ္မတ စိုင်အင်ဝမ်က ထိုင်ဝမ်သည် ပြည်သူများပိုင်ဆိုင်ကြောင်းနှင့် ထိုင်ဝမ်၏တည်ရှိမှုသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ရန်စမှုမဟုတ်ကြောင်း သတိပေးခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly