သတင်းစာရှင်းလင်းပွဲအား အွန်လိုင်းတွင် ဆန့်ကျင်ကန့်ကွက်သည့် မှတ်ချက်ရေးသူ ၃ ဦးကို ရှင်ကျန်းရဲများ စုံစမ်းနေ

သတင်းစာရှင်းလင်းပွဲအား အွန်လိုင်းတွင် ဆန့်ကျင်ကန့်ကွက်သည့် မှတ်ချက်ရေးသူ ၃ ဦးကို ရှင်ကျန်းရဲများ စုံစမ်းနေ

တရုတ်နိုင်ငံ၌ တိုက်ရိုက်ထုတ်လွှင့်နေသည့် သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း အူရမ်ကီမြို့မှ ကိုဗစ်-၁၉ အသွားအလာပိတ်ဆို့မှု ကန့်သတ်ချက်များအပေါ် ဆန့်ကျင်သည့်မှတ်ချက်များကို ရေးသားသူ ၃ ဦးကို ရှင်ကျန်းရဲများက စုံစမ်းစစ်ဆေးလျက်ရှိသည်။

ရဲများသည် ကက်ရှ်ဂါမြို့မှ အင်တာနက်အသုံးပြုသူ အသက် ၄၁ နှစ်ရှိ မျိုးနွယ်အမည် လီ၊ အူရမ်ကီမှ အသက် ၂၈ နှစ်ရှိ မျိုးနွယ်အမည် ဟွမ်နှင့် ၃၆ နှစ်အရွယ် မျိုးနွယ်အမည်လီတို့ကို ရဲများက စုံစမ်းနေကြောင်း ရှန်ကျန်း အင်တာနက်စည်းမျဉ်းကြီးကြပ်ရေးအဖွဲ့က ပြောသည်။

ပြည်နယ်ကောင်စီ၏ ကိုဗစ်-၁၉ သတင်းစာရှင်းလင်းပွဲထုတ်လွှင့်ချက်တွင် သံသယရှိသူတစ်ဦးက အခြားသူများကို မှတ်ချက်ရေးရန် လှုံ့ဆော်ခဲ့သည်။

ကက်ရှ်ဂါမြို့မှ လီသည် TikTok တရုတ်နိုင်ငံသုံး Douyin ကို သုံးကာ မှတ်ချက်များပေးရန် တခြားသူများကို လှုံ့ဆော်သည်ဟု စွပ်စွဲခံထားရသည်။

သူသည် အများပြည်သူဆိုင်ရာ လိုက်နာရမည့် စည်းကမ်းချက်များကို အွန်လိုင်းမှ နှောင့်ယှက်ကာ ဆိုးရွားသောလူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုများ ဖြစ်စေခဲ့သည်ဟူသော ထုတ်ပြန်ချက်ကို China Digital Times ဝဘ်ဆိုက်က ပြန်လည်ဖော်ပြခဲ့သည်။

ဟွမ်သည် အူရမ်ကီဟူသော စကားလုံးကို အသုံးပြု၍ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး အစီအမံများဆိုင်ရာ ပြည်နယ်ကောင်စီ၏ နိုဝင်ဘာ ၁၁ ရက် သတင်းစာရှင်းလင်းပွဲ တိုက်ရိုက်ထုတ်လွှင့်မှုတွင် မလိုတမာစိတ်ဖြင့် မှတ်ချက်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဩဂုတ်လနှင့် စက်တင်ဘာလများတွင် ရှင်ကျန်းပြည်နယ်တစ်ဝန်း၌ အာဏာပိုင်များက တင်းကျပ်သော အသွားအလာပိတ်ဆို့မှုများ စတင်လုပ်ဆောင်ပြီးနောက် ယခုမှတ်ချက်များထွက်ပေါ်လာခြင်းဖြစ်သည်ဟု RFA သတင်းက ဖော်ပြသည်။

ရှင်ကျန်းပြည်နယ်မြောက်ပိုင်း ဂူဂျာကောင်တီရှိ ရွာတစ်ရွာမှ ဝီဂါ ၆၀၀ ဦးခန့်သည် အသွားအလာပိတ်ဆို့မှုအား ကန့်ကွက်ဆန္ဒပြပြီးနောက် ထိန်းသိမ်းခံခဲ့ရပြီး ဒေသခံ တစ်ဒါဇင်ခန့် အစာရေစာပြတ်လပ်၍ သေဆုံး သွားခဲ့ကြောင်း ဒေသခံများ၏ပြောကြားချက်ကို ကိုးကား၍ RFA က စက်တင်ဘာလတွင် ဖော်ပြခဲ့သည်။

အာဏာပိုင်များက ထိုသို့သောလှုပ်ရှားမှုတွင် ပါဝင်သူများကို သတင်းပေးရန် လူမှုမီဒီယာအသုံးပြုသူများကို တောင်းဆိုခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required