တရုတ်က သီရိလင်္ကာရှိ ပင်လယ်မျှော့မွေးမြူရေးလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံထား

တရုတ်က သီရိလင်္ကာရှိ ပင်လယ်မျှော့မွေးမြူရေးလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံထား

တရုတ်သည် သီရိလင်္ကာနိုင်ငံရှိ ပင်လယ်မျှော့မွေးမြူရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံထားပြီး ၎င်းပင်လယ်မျှော့များသည် ကိုယ်လက်လှုူပ်ရှားမှုစွမ်းဆောင်ရည်ကို မြှင့်တင်နိုင်စွမ်းရှိကာ ပင်ပန်း နွမ်းနွယ်မှုဒဏ်ကို ခံနိုင်သော အာနိသင်ရှိသည်။

တရုတ်ဖက်စပ်ကုမ္ပဏီ Gui Lan (Pvt) Ltd သည် ပင်လယ်မျှော့ ထုတ်လုပ်မှုတိုးမြှင့်ရန် ၂၀၁၆ ခုနှစ်က ဂျဖ်နာ၏ ကမ်းရိုးတန်းကျေးရွာ အာရီယာလိုင်တွင် မေထုံမဲ့သားစပ်ထုတ်လုပ်ရေးစက်ရုံကို တည်ထောင်၍ သားပေါက်များကို ထုတ်လုပ်ခဲ့သည်။

သီရိလင်္ကာနိုင်ငံ၏ ရာသီဥတုသည် ပင်လယ်မျှော့ထုတ်လုပ်ရန် အလွန်သင့်လျော်သော်လည်း အများအပြားကို ဖမ်းယူပါက ဒေသတွင်းအဏ္ဏဝါဂေဟစနစ်အတွက် ဆိုးရွားသောအကျိုးဆက်များ ရှိလာနိုင်သည်။

အဆိုပါ ရေနေသတ္တဝါများမွေးမြူရေးစီမံကိန်းများသည် အသက်မွေးဝမ်းကျောင်းမှု၊ ဒေသအဏ္ဏဝါဂေဟစနစ်နှင့် မြေယာအပေါ် ဆိုးရွားသော သက်ရောက်မှုရှိနိုင်သည်ဟု ဒေသခံတောင်သူများက ကန့်ကွက်ကြကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်ဟု Geo-politik သတင်းတွင် ဖော်ပြထားသည်။

သီရိလင်္ကာနိုင်ငံသည် ၂၀၂၁ ခုနှစ်တစ်ခုတည်းတွင် ပင်လယ်မျှော့တန်ချိန် ၃၃၆ ခန့် တင်ပို့ခဲ့ပြီး တရုတ်နိုင်ငံက အများဆုံး ဝယ်ယူခဲ့သည်။

သီရိလင်္ကာ မြောက်ပိုင်းနှင့် အရှေ့ပိုင်းရှိ ဂျက်ဖ်နာ၊ မန်နာ၊ ကီလီနော့ချီနှင့် ဘာတီကယ်လိုခရိုင်များရှိ ဧက ၅၀၀၀ အကျယ်ခန့်တွင် စီးပွားဖြစ် ပင်လယ်မျှော့မွေးမြူရေးစီမံကိန်းအဆိုပြုချက်ကို အစိုးရအဖွဲ့က ၂၀၂၂ ခုနှစ် ဇွန်လတွင် အတည်ပြုခဲ့သည်။

အဆိုပါနေရာအချို့တွင် ပင်လယ်မျှော့မွေးမြူသည့်ကန်နေရာများကို ခြံစည်းရိုးခတ်ထားကာ ကပ်လျက် မြေအချို့သို့ ဝင်ရောက်ခွင့်ကိုလည်း ကန့်သတ်ထားပြီး ဒေသခံငါးဖမ်းသမားများ၏ အသက်မွေး ဝမ်းကျောင်း လုပ်ငန်းကို ဆိုးရွားစွာ ထိခိုက်စေကြောင်း Geo-politik သတင်းတွင် ဖော်ပြထားသည်။

ပင်လယ်မျှော့များကို တရုတ်တိုင်းရင်းဆေးများတွင် အသုံးများပြီး ပန်းသေခြင်း၊ ဝမ်းချုပ်ခြင်း၊ မကြာခဏ ဆီးသွားခြင်း၊ အဆစ်အမြစ်ကိုက်ခဲခြင်းများကို ကုသရန်နှင့် အသက်ရှည်ဆေးအတွက် အသုံးပြုကြသည်ဟု ဆိုသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly