ထိုင်ဝမ်လုပ်ငန်းရှင်များက ပိုင်ဆိုင်မှုများရောင်းချပြီး တရုတ်မှထွက်ပြေးရန် အလျင်စလို လုပ်ဆောင်နေ

By Global Strat View
22 November 2022
ထိုင်ဝမ်လုပ်ငန်းရှင်များက ပိုင်ဆိုင်မှုများရောင်းချပြီး တရုတ်မှထွက်ပြေးရန် အလျင်စလို လုပ်ဆောင်နေ

တရုတ်သမ္မတအဖြစ် ရှီကျင့်ဖျင်သည် ၃ နှစ်ဆက်တိုက် ပြန်လည်ရွေးချယ်ခံရပြီးနောက် အနာဂတ်အတွက် တွေးကြောက်လာသည့် တရုတ်ပြည်မကြီးမှ ထိုင်ဝမ်စီးပွားရေးလုပ်ငန်းရှင်များသည် နိုင်ငံတွင်းမှ စတင်ထွက်ပြေးနေပြီဖြစ်ကြောင်း ဗြိတိန်သတင်းဝက်ဘ်ဆိုက် Financial Times တွင် ဖော်ပြထားသည်။

တရုတ်ပြည်မကြီးရှိ ချမ်းသာသော ထိုင်ဝမ်စီးပွားရေးသမားများသည် ပြည်မကြီးမှ ထွက်ခွာသွားကြပြီး အများအပြားသည် အမြန်ဆုံး ထွက်ပြေးရန် ပိုင်ဆိုင်မှုများကို အလျင်စလို ရောင်းချလျက်ရှိသည်ဟု တရုတ်မှ နစ်နာသူထိုင်ဝမ်ရင်းနှီးမြှုပ်နှံသူများ အဖွဲ့အစည်းက ပြောသည်။

ရှန်ဟိုင်း၊ ပေကျင်း၊ ဝူဟန်၊ ကျန်းစု၊ ကျဲ့ကျန်းနှင့် အခြားနေရာများမှ ထိုင်ဝမ်သူဌေးအများအပြားသည် ၎င်းတို့ ပိုင်ဆိုင်မှုများကို ရောင်းချခဲ့ကြသည်။ ရှန်ဟိုင်းဇိမ်ခံအိမ်များမှာလည်း ၄၀ ရာခိုင်နှုန်း ထိုးကျသွားပြီး ထိုင်ဝမ် စီးပွားရေးသမားများသည် ငွေသားရရန် ပိုင်ဆိုင်မှုများကို အလောတကြီး ရောင်းခဲ့ကြသည်။

တရုတ်ကွန်မြူနစ်ပါတီ China (CCP) က မော်စီတုံးခေတ် အာဏာရှင်စနစ်သို့ ပြန်လှည့်မည်ကို ထိုင်ဝမ် လူမျိုးများက စိုးရိမ်နေကြသည်။

ရှီကျင့်ဖျင်က ဘုံကြွယ်ဝချမ်းသာရေးအတွက် အခိုင်အမာရပ်တည်ပြီး မြှင့်တင်ပေးရန် မကြာသေးမီက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ ယင်းက မော်စီတုံးခေတ်သို့ ပြန်သွားပြီး ကြွယ်ဝချမ်းသာသူများကို ချေမှုန်းမည့်သဘောဖြစ်သည်။ ယဉ်ကျေးမှုတော်လှန်ရေးကာလကဲ့သို့ တရုတ်နိုင်ငံမှ လူတိုင်းနီးပါးသည် မလွတ်မြောက်နိုင်ဘဲ အဆုံးတွင် သူဌေးများသည် စာရင်းရှင်းနှိမ်နင်းခံရပေလိမ့်မည်။

တရုတ်နိုင်ငံရှိ ချမ်းသာကြွယ်ဝသော ထိုင်ဝမ်စီးပွားရေးသမားများသည် မလွတ်မြောက်နိုင်ပါက ဘုံကြွယ်ဝ ချမ်းသာမှုဖိအားအောက်တွင် ၎င်းတို့ပိုင်ဆိုင်မှုများကို လိုက်လျောစွာ လွှဲပြောင်းပေးရမည်ဖြစ်ပြီး ၎င်းတို့ ကိုယ်ပိုင်လွတ်လပ်ခွင့်လည်း ဆုံးရှုံးသွားနိုင်သည်။

ထို့ကြောင့် ကြွယ်ဝချမ်းသာသူများသည် ၎င်းတို့အိမ်များကို ဈေးပေါပေါနှင့်ရောင်းကာ တရုတ်မှထွက်ခွာရန် နည်းလမ်းရှာရမည်ဖြစ်သည်။ ယခုမထွက်ခွာလျှင် မလွတ်မြောက်တော့ကြောင်း ၎င်းတို့စိတ်ထဲတွင် ခံစားနေရသည်ဟု သတင်းတွင် ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required