ငွေကြေးခဝါချမှု စောင့်ကြည့်အဖွဲ့၏ စောင့်ကြည့်စာရင်းမှ ဖယ်ရှားခံရပြီးနောက် ပါကစ္စတန်က အကြမ်းဖက်အဖွဲ့များကို ဆက်လက် အကာအကွယ်ပေးနေ

By South Asia Press
21 November 2022
ငွေကြေးခဝါချမှု စောင့်ကြည့်အဖွဲ့၏ စောင့်ကြည့်စာရင်းမှ ဖယ်ရှားခံရပြီးနောက် ပါကစ္စတန်က အကြမ်းဖက်အဖွဲ့များကို ဆက်လက် အကာအကွယ်ပေးနေ

ပါကစ္စတန်သည် နိုင်ငံတကာ ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (FATF) ၏ မီးခိုးရောင် စောင့်ကြည့်စာရင်းမှ ဖယ်ရှားခံရပြီးနောက်ပိုင်းတွင်လည်း အကြမ်းဖက်အဖွဲ့များကို ဆက်လက် အကာအကွယ်ပေးလျက် ရှိသည်။

ငွေကြေးခဝါချမှု စောင့်ကြည့်အဖွဲ့၏ မီးခိုးရောင်စာရင်းမှ ပါကစ္စတန် လွတ်မြောက်သွားပြီးနောက် များမကြာမီ အကြမ်းဖက်အဖွဲ့တစ်ခုဖြစ်သည့် ဂျိုင့်ရှ်-အီ-မိုဟာမက် (JeM) အဖွဲ့သည် ဘဟာဝဲလ်ပူရ်မြို့ရှိ ယင်း၏ ဌာနချုပ်အနီး အကြီးစား ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုကို စတင်ခဲ့ကြောင်း The Print သတင်းစာက ဖော်ပြသည်။

ထို ဧရိယာကို အကြမ်းဖက်အဖွဲ့က ၂၀၂၂ ခုနှစ်တွင် ဝယ်ယူထားခြင်း ဖြစ်ပြီး ယင်းနေရာတွင် ကလေးငယ်ရာချီကို သင်ကြားပေးနေသည့် ကျမ်းစာသင်ကျောင်းတစ်ကျောင်း ရှိကြောင်း The Print က မြေပုံများ၊ ဗီဒီယိုများနှင့် ဓာတ်ပုံများကို ကိုးကားဖော်ပြသည်။ မြေနေရာ ဝယ်ယူမှုလုပ်ငန်းစဉ်ကို ၂၀၀၈ ခုနှစ်က စခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မြေနေရာကို ဝယ်ယူသူသည် အဗ္ဗဒူလ် ရော့ဖ် အက်စ်ဂါ (ခေါ်) အဗ္ဗဒူလ် ရော့ဖ် အက်ဇာ ဖြစ်သည်။ အဗ္ဗဒူလ် ရော့ဇ် အက်ဇာသည် လက်ရှိတွင် JeM အဖွဲ့၏ ဒုတိယခေါင်းဆောင် ဖြစ်သည်။ သို့သော် အက်ဇာသည် ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားစာရင်းမှ လွတ်မြောက်နေသည်။ ပါကစ္စတန် အကြမ်းဖက်သမား အက်ဇာကို အမည်ပျက်စာရင်း သွင်းမည့် အိန္ဒိယနှင့် အမေရိကန်၏ ပူးပေါင်း အဆိုပြုချက်တစ်ရပ်ကို တရုတ်က ဩဂုတ်လတွင် ပိတ်ပင်တားမြစ်ခဲ့သည်။

ကျမ်းစာသင်ကျောင်းသည် JeM အကြမ်းဖက်အဖွဲ့နှင့် ဆက်နွယ်ပတ်သက်မှု မရှိကြောင်း ပါကစ္စတန် အာဏာပိုင်တို့က ထပ်တလဲလဲ ပြောထားသည်။ အဆိုပါ JeM အဖွဲ့သည် ၂၀၁၉ ခုနှစ်က ပူလ်ဝါမာ ဖောက်ခွဲမှုကို အကွက်ချ ကြံစည် လုပ်ဆောင်ခဲ့သလို ၂၀၀၁ ခုနှစ် အိန္ဒိယ ပါလီမန်အပေါ် တိုက်ခိုက်မှုများကိုလည်း လုပ်ဆောင် ခဲ့သည်။ ထို့ပြင် ယင်းအဖွဲ့သည် ၂၀၁၆ ခုနှစ်က ပထန်ကော့တ် လေတပ်အခြေစိုက်စခန်းကို တိုက်ခိုက်မှုများ၏ နောက်ကွယ်ရှိ အဓိက အဖွဲ့ဖြစ်သည်။ ထို့ပြင် ယင်းအဖွဲ့သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက စရီနာဂါမြို့ ပန်သာ ချော့ခ်အရပ်အနီးတွင် ရဲ ၃ ဦး သေဆုံးခဲ့သည့် တိုက်ခိုက်မှုကို ကျူးလွန်ကြောင်း ထုတ်ဖော်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly