ရာသီဥတုဆိုးရွားမှုကြောင့် တရုတ်က ၂၀၂၁ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံ ဆုံးရှုံးခဲ့ကြောင်း ကုလအစီရင်ခံစာ ဖော်ပြ

ရာသီဥတုဆိုးရွားမှုကြောင့် တရုတ်က ၂၀၂၁ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံ ဆုံးရှုံးခဲ့ကြောင်း ကုလအစီရင်ခံစာ ဖော်ပြ

မိုးခေါင်မှု၊ ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် အာရှတွင် စီးပွားရေး ဆုံးရှုံးမှုများ ဆိုးဆိုးရွားရွား ဖြစ်ပေါ်ခဲ့ပြီး စုစု ပေါင်း ပျက်စီးဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၆ ဘီလီယံရှိသလို လူသန်း ၅၀ ခန့် ထိခိုက်ခဲ့ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) ၏ အစီရင်ခံစာသစ်တွင် ဖော်ပြထားသည်။

၂၀၂၁ခုနှစ်တွင် တရုတ်တွင် ဆိုးရွားသော ရာသီဥတုအခြေအနေကြောင့် အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၄ ဘီလီယံ ဆုံးရှုံးခဲ့ပြီး အာရှတွင် စီးပွားရေးဆုံးရှုံးမှုအများဆုံးဖြစ်ပြီး အိန္ဒိယမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံဖြင့် ဒုတိယနေရာတွင် ရှိနေသည်။

“၂၀၂၁ ခုနှစ်တွင် ရေလွှမ်းမိုးမှုကြောင့် တရုတ်တွင် စီးပွားရေးဆုံးရှုံးမှု အများဆုံး (အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၄ ဘီလီယံ)၊ ယင်းနောက်တွင် အိန္ဒိယက (အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံ)နှင့် ထိုင်းက (အမေရိ ကန်ဒေါ်လာ ဝ ဒသမ ၆ ဘီလီယံ) ရှိခဲ့သည်။ မုန်တိုင်းများကြောင့် သိသာထင်ရှားသော စီးပွားရေး ထိခိုက်မှုများ၊ အထူးသဖြင့် အိန္ဒိယတွင်(အမေရိကန်ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံ)၊ တရုတ်က (အမေရိ ကန်ဒေါ်လာ ၃ ဒသမ ၃  ဘီလီယံ)၊ ဂျပန်က (အမေရိကန်ဒေါ်လာ ၂ ဘီလီယံ)ရှိခဲ့သည်" ဟု WMO က ၂၀၂၁ခုနှစ် အာရှရာသီဥတု ဆိုင်ရာအခြေအနေ ခေါင်းစဉ်ဖြင့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အကျိုးသက်ရောက်မှုများက လူသားများ၊ ငွေကြေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများတိုးလာခြင်း၊ စားနပ်ရိက္ခာမလုံခြုံမှုနှင့် ဆင်းရဲမွဲတေမှုကို ပိုမိုဆိုးရွားလာစေပြီး ရေရှည်တည်တံ့ သော ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေနိုင်ပုံကို အလေးပေးဖော်ပြထားသည်။

အစီရင်ခံစာတွင် အနာဂတ်ရေအတွက် စိုးရိမ်စရာ မြင်ကွင်းကိုလည်း ပုံဖော်ထားသည်။ ဟိမဝန္တာတောင်တန်း များနှင့် တိဗက်ကုန်းပြင်မြင့်အပါအဝင် အာရှတောင်တန်းမြင့်များသည် ဝင်ရိုးစွန်းဒေသ၏ အပြင်ဘက်တွင် အကြီးမားဆုံးသော ရေခဲထုကြီးရှိပြီး ရေခဲမြစ်ဧရိယာ စတုရန်းကီလိုမီတာ တစ်သိန်းခန့်ရှိသည်။

အစီရင်ခံစာအရ ရေခဲမြစ်များ အရည်ပျော်မှုနှုန်းသည် အရှိန်မြင့်လာနေပြီး ၂၀၂၁ခုနှစ်တွင် ထူးထူးခြားခြား ပူနွေးခြောက်သွေ့သော အခြေအနေများကြောင့် ရေခဲမြစ်အများအပြား ပျက်စီးဆုံးရှုံးခဲ့သည်။

ကမ္ဘာ့ရေမျှော်စင်များသည် ကမ္ဘာဂြိုဟ်၏ လူဦးရေအထူထပ်ဆုံးဒေသများ ရေချိုထောက်ပံ့ရေးအတွက် မရှိမဖြစ် အရေးကြီးသဖြင့် ရေခဲမြစ်များအရည်ပျော်ခြင်းခြင်းသည် အနာဂတ်မျိုးဆက်များအတွက် ကြီးမားသော သက် ရောက်မှုများ ရှိနေသည်။

ရေနှင့်ဆက်စပ်သော ရာသီဥတုအစွန်းရောက်မှုများသည် အာရှတွင် အရေးကြီးဆုံး အန္တရာယ်ဖြစ်ကြောင်း WMO က ဆိုသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required