တရုတ်သမ္မတ၏ ပြောကြားချက်များသည် အချက်အလက်များနှင့် မကိုက်ညီကြောင်း ထိုင်ဝမ်၏ ပြည်မရေးရာကောင်စီ ပြောကြား

တရုတ်သမ္မတ၏ ပြောကြားချက်များသည် အချက်အလက်များနှင့် မကိုက်ညီကြောင်း ထိုင်ဝမ်၏ ပြည်မရေးရာကောင်စီ ပြောကြား

အင်ဒိုနီးရှားနိုင်ငံ ဘာလီ၌ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တွေ့ဆုံစဉ် တရုတ်သမ္မတ ရှီကျင့်ဖျင်က ထိုင်ဝမ်အချုပ်အခြာအာဏာနှင့် စပ်လျဉ်းသည့် ပြောကြားချက်များသည် မှန်ကန်မှုမရှိကြောင်း ထိုင်ဝမ်အစိုးရ၏ တရုတ်ပြည်မရေးရာကောင်စီ (MAC) က နိုဝင်ဘာ ၁၅ရက်တွင် ပြောကြားလိုက်သည်။

ထိုင်ဝမ်သည် “အချုပ်အခြာအာဏာပိုင်နိုင်ငံ” ဖြစ်ပြီး “တရုတ်ပြည်တွင်းရေးကိစ္စမဟုတ်သလို တရုတ်၏ အစိတ် အပိုင်းလည်းမဟုတ်ကြောင်း” ထိုင်ဝမ်ရေလက်ကြားအရေးကို ကိုင်တွယ်နေသည့် ထိုင်ဝမ်၏ ထိပ်တန်းအစိုးရ အေဂျင်စီ MAC က ကြေညာချက်တွင် အလေးပေးဖော်ပြထားသည်။

"ထိုင်ဝမ်ပြဿနာသည် တရုတ်၏ အဓိက အကျိုးစီးပွားဖြစ်ပြီး၊ တရုတ်-အမေရိကန် ဆက်ဆံရေး၏ နိုင်ငံရေး အခြေခံအုတ်မြစ်နှင့် မဖြတ်ကျော်ရမည့် ကန့်သတ်မျဉ်းဖြစ်ကြောင်း" ဟု ရှီက ဘိုင်ဒင်အား နိုဝင်ဘာ ၁၄ရက်က ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့နောက် ရှီက ထိုင်ဝမ်ပြဿနာကို ဖြေရှင်းခြင်းသည် "တရုတ်ပြည်တွင်းရေးကိစ္စဖြစ်သည်" ဟုဆိုပြီး "ထိုင်ဝမ် ကို တရုတ်မှခွဲထုတ်ရန် ကြိုးပမ်းသူတိုင်းသည် တရုတ်နိုင်ငံတော်၏ အခြေခံအကျိုးစီးပွားကို ချိုးဖောက်ခြင်း ဖြစ်ပြီး တရုတ်ပြည်သူများက ယင်းကို လုံးဝခွင့်မည်မဟုတ်" ဟု ရှီက ပြောကြားခဲ့သည်။

ရှီ၏ ပြောဆိုချက်များကို တုံ့ပြန်သည့်အနေဖြင့် MAC က၂၀၂၁ခုနှစ် ထိုင်ဝမ်အမျိုးသားနေ့ မိန့်ခွန်းတွင် သမ္မတ ချိုက်အင်းဝမ်က ချမှတ်ထားသော ကန့်သတ်မျဉ်းများဖြစ်သည့် ထိုင်ဝမ်၏ ကတိကဝတ် ၄ ခုသည် ထိုင်ဝမ် အကျိုးစီးပွားအတွက် အဓိကဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်၏ တောင်းဆိုချက်များသည် ဥပဒေအခြေခံတစ်စုံတစ်ရာ မရှိကြောင်းနှင့် ထိုင်ဝမ်ပြည်သူများ၏ ဆန္ဒနှင့် မျှော်လင့်ချက်များနှင့် ဆန့်ကျင်နေကြောင်း MAC က ပြောကြားခဲ့သည်။

ထိုင်ဝမ်နှင့် ပတ်သက်သည့် နိုင်ငံရေးမူဘောင်ကို အတင်းအကျပ် ဖိအားပေးခြင်း သို့မဟုတ် ထိုင်ဝမ်ရေလက် ကြားတွင် တင်းမာမှုများဖန်တီးရန် တရုတ်၏ ကြိုးပမ်းမှုကို ထိုင်ဝမ်ပြည်သူများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက လက်ခံမည်မဟုတ်ကြောင်း MAC က ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required