နယ်စပ်ဖြတ်ကျော်ရောင်းချမှုတိုးမြှင့်ရန် ရုရှား Ozon လက်လီကုမ္ပဏီက တရုတ်တွင် ရုံးခွဲဖွင့်လှစ်

နယ်စပ်ဖြတ်ကျော်ရောင်းချမှုတိုးမြှင့်ရန် ရုရှား Ozon လက်လီကုမ္ပဏီက တရုတ်တွင် ရုံးခွဲဖွင့်လှစ်

ရုရှားအွန်လိုင်းလက်လီရောင်းချရေးကုမ္ပဏီ Ozon Holdings (OZON.O) သည် ရုရှားစျေးဝယ်များအတွက် နယ်စပ်ဖြတ်ကျော်ရောင်းချမှုများကို မြှင့်တင်ရန် တရုတ်နိုင်ငံ ရှန်ကျန်းတွင် ရုံးခွဲဖွင့်လှစ်ထားကြောင်း နိုဝင်ဘာ ၂၁ ရက်တွင် ပြောသည်။

ရုရှားသည် အနောက်နိုင်ငံများ၏ မကြုံစဖူး ပိတ်ဆို့အရေးယူမှုများနှင့် ရင်ဆိုင်နေရချိန်တွင် တရုတ်နိုင်ငံနှင့် စီးပွားရေးဆက်ဆံမှု အရှိန်အဟုန်မြှင့်တင်လျက်ရှိသည်။

တူရကီတွင်လည်း ယခုနှစ်အစောပိုင်းက အလားတူ အွန်လိုင်းကူးသန်းရောင်းဝယ်ရေးကုမ္ပဏီကို ဖွင့်လှစ်ခဲ့သည်။ ရုရှားစီးပွားရေးသည် အနောက်နိုင်ငံ ဈေးကွက်များမှ ဆုတ်ခွာကာ တရုတ်၊ တူရကီနှင့် အီရန်ကဲ့သို့သော နိုင်ငံများ နှင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုအသစ်များ တိုးမြှင့်လျက်ရှိသည်။

အဆိုပါအွန်လိုင်းဈေးကွက်၌ ရုရှားဝယ်လက်များအတွက် တရုတ်ရောင်းချသူ ၁၀ ၀၀၀ ခန့်ရှိပြီး နယ်စပ်ဖြတ်ကျော်ရောင်းချမှုများအတွက် တရုတ်က ရောင်းချမှု၏ ၉၅ ရာခိုင်နှုန်း ရယူထားသည်ဟု Ozon Global က ဖော်ပြသည်။

“တရုတ်ထုတ်ကုန်တွေက ရုရှားမှာ ဝယ်လိုအား မြင့်မားပါတယ်။ တရုတ်ပြည်ဆီကနေ လူကြိုက်အများဆုံး မှာယူမှုတွေကတော့ အများအားဖြင့် အီလက်ထရွန်းနစ်ပစ္စည်းတွေဖြစ်တဲ့ စမတ်ဖုန်း၊ လက်ပ်တော့ ၊ ကွန်ပျူတာ အစိတ်အပိုင်းအပြင် အသေးစားအသုံးအဆောင်တွေနဲ့ အဝတ်အထည်တွေ ပါဝင်ပါတယ်” ဟု ဆိုသည်။

ဖေဖော်ဝါရီတွင် ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက် ရုရှားတွင် အနောက်တိုင်း ကုန်အမှတ်တံဆိပ် အများ အပြားက ရောင်းချမှုကို ရပ်တန့်ခဲ့ကာ Huawei နှင့် Xiaomi အပါအဝင် တရုတ်ကုန်ကုန်အမှတ်တံဆိပ်များသည် ယခုနှစ် ရုရှားဈေးကွက်တွင် ခြေကုပ်ယူလာခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က Ozon ကုမ္ပဏီသည် တတိယ ၃ လပတ်တွင် စုစုပေါင်း ဝင်ငွေ ၆၁ ဒသမ ၅ ဘီယီယံ ရူဘယ် ရရှိခဲ့ကာ ရောင်းအား ၄၈ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required