လက်မှတ်ရောင်းချတဲ့ အက်ပ်ပြဿနာတွေကြောင့် ရာနဲ့ချီတဲ့ ပရိသတ်တွေ အင်္ဂလန်နဲ့ အီရန်ပွဲစဉ်ကို လွဲချော်

လက်မှတ်ရောင်းချတဲ့ အက်ပ်ပြဿနာတွေကြောင့် ရာနဲ့ချီတဲ့ ပရိသတ်တွေ အင်္ဂလန်နဲ့ အီရန်ပွဲစဉ်ကို လွဲချော်

ဖီဖာရဲ့ လက်မှတ်ရောင်းချတဲ့ အက်ပ် (app)မှာ ပြဿနာတစ်ခုကြောင့် ရာနှင့်ချီတဲ့ ပရိသတ်တွေဟာ အင်္ဂလန်ရဲ့ အီရန်နဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်ကို လွဲချော်ခဲ့ကြပါတယ်။

ဒိုဟာမြို့ရှိ ခါလီဖာ နိုင်ငံတကာ အားကစားကွင်းမှာ ဒီပွဲစဉ်ဟာ ပြိုင်ပွဲရဲ့ ဒုတိယမြောက် ကွင်းဖြစ်ပါတယ်။

တနင်္လာနေ့ ဂရင်းနစ်စံတော်ချိန် ၁၃း၀၀ မှာ ပွဲစဉ် စတင်ချိန် အက်ပလီကေးရှင်းမှာ ပြဿနာရှိနေလို့ အချို့သော ပရိသတ်တွေဟာ အပြင်မှာ ပိတ်မိနေခဲ့တယ်လို့ ဖီဖာက ပြောပါတယ်။

ပရိသတ်တွေ ဝင်ခွင့်ရရှိဖို့ ကြိုးပမ်းမှုကြောင့် အားကစားကွင်းတစ်ဝိုက် လက်မှတ်အရောင်းဌာနတွေမှာ တန်းစီစောင့်ဆိုင်းမှုကြီးတွေ ရှိခဲ့ပါတယ်။

အင်္ဂလန်၊ ဂျာမနီနှင့် တခြားဥရောပအသင်းငါးသင်းတို့ဟာ ဖီဖာရဲ့ စည်းကမ်းပိုင်းဆိုင်ရာ အန္တရာယ်ပေးမှုကို ကိုးကားပြီး ကမ္ဘာ့ဖလားမှာ LGBTQ အခွင့်အရေးကို ထောက်ခံရပ်တည်မှုအတွက် သက်တံရောင်လက်ပတ်ကို ဝတ်ဆင်ဖို့ အစီအစဉ်ကို  စွန့်လွှတ်ခဲ့ပြီးနောက် ဘောလုံးပွဲမစခင်မှာ အင်္ဂလန်အသင်းက ဒူးထောက်ငြိမ်သက်ခဲ့ပြီး အသင်းခေါင်းဆောင် ဟယ်ရီကိန်းဟာ ဖီဖာရဲ့ ခွဲခြားမဆက်ဆံရလက်ပတ်လက်ပတ်ကို ဝတ်ဆင်ခဲ့ပါတယ်။

အီရန်နိုင်ငံတော်သီချင်းဟာ အားကစားကွင်းအတွင်း ကျယ်ကျယ်ပြန့်ပြန့် လှောင်ပြောင်ခံနေခဲ့ပြီး နိုင်ငံကစားသမားများက သီချင်းဆိုရန် ငြင်းဆိုခဲ့ပါတယ်။

မကြာသေးခင်လတွေအတွင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ဖြိုခွင်းမှုအတွင်း အီရန်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူ ၄၀၀ ကျော် သေဆုံးပြီး ၁၆,၈၀၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောပါတယ်။

(BCC)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly