ဘယ်လ်ဂျီယံသတင်းရင်းမြစ်အရ လူကာကူ ပထမဆုံး ကမ္ဘာ့ဖလားပွဲစဉ် နှစ်ပွဲ လွဲချော်မည်

ဘယ်လ်ဂျီယံသတင်းရင်းမြစ်အရ လူကာကူ ပထမဆုံး ကမ္ဘာ့ဖလားပွဲစဉ် နှစ်ပွဲ လွဲချော်မည်

ရိုမီလူ လူကာကူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အနည်းဆုံး ခရိုအေးရှားနဲ့ အုပ်စု F နောက်ဆုံးပွဲစဉ်အထိ ဘယ်လ်ဂျီယံအသင်းမှာ ပါဝင်ကစားမှာမဟုတ်ဘူးလို့ အသင်းသတင်းရင်းမြစ်က အေအက်ဖ်ပီကို တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။

ဘယ်လ်ဂျီယံအသင်အသင်းဟာ သောကြာနေ့က ကာတာနိုင်ငံကို ရောက်ရှိပြီးနောက်ပိုင်း တိုက်စစ်မှူးဟာ တံကောက်ကြောဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာဖို့ ဆက်လက်လုပ်ဆောင်နေရတာကြောင့် သူဟာ အသင်းရဲ့ ပထမဆုံး လေ့ကျင့်ရေးအစီအစဉ်မှာ မပါဝင်ခဲ့ပါဘူး။

လူကာကူဟာ ၁၀၂ ပွဲမှာ ၆၈ ဂိုးနဲ့ ဘယ်လ်ဂျီယံရဲ့ ထာဝရဂိုးသွင်းအများဆုံးကစားသမားဖြစ်ပြီး နည်းပြ ရော်ဘတ်တို မာတီနက်ဇ်က သူဟာ ကြံ့ခိုင်မှုအပြည့်အဝမရှိဘူးလို့ ဝန်ခံထားပေမယ့် သူတို့ရဲ့ကမ္ဘာ့ဖလားလူစာရင်းမှာ ခေါ်ယူခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကစားသမားဟာ ချယ်လ်ဆီးနဲ့ စိတ်ပျက်စရာ ရာသီအပြီးမှာ အင်တာမီလန်ကို အငှားနဲ့ ပြန်လည်ပြောင်းရွှေ့ခဲ့ပြီး ပြီးခဲ့တဲ့ ၁၈ လကြာ ခက်ခဲကြမ်းတမ်းမှုကို တောင့်ခံနိုင်ခဲ့ပါတယ်။

ဒါပေမယ့် လာဇီယိုကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ပထမဆုံး ဒဏ်ရာရရှိခဲ့ပြီးတဲ့နောက် သူဟာ သြဂုတ်လကတည်းက အင်တာမီလန်အတွက် နှစ်ကြိမ်သာ ပါဝင်ကစားခဲ့ပါတယ်။

သူဟာ ပြီးခဲ့တဲ့လက ပုံစံကောင်းနဲ့ ပြန်လာခဲ့ပြီး အင်တာမီလန်ကို ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တက်လှမ်းနိုင်စေဖို့ သေချာစေခဲ့တဲ့ ဗစ်တိုးရီးယား ပယ်လ်ဇန်ကို ၄-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ခြေစွမ်းပြ ဂိုးသွင်းပေးခဲ့ပေမယ့် ရက်အနည်းငယ်အကြာမှာတော့ တံကောက်ကြောဒဏ်ရာ ထပ်မံရရှိခဲ့ပါတယ်။

ဘယ်လ်ဂျီယံအသင်းဟာ လာမယ့်လအစမှာ ၂၀၁၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲရောက် ခရိုအေးရှားနဲ့ မတွေ့ဆုံခင် သူတို့ရဲ့ကမ္ဘာ့ဖလားပြိုင်ပွဲကို ဗုဒ္ဓဟူးနေ့မှာ ကနေဒါအသင်းနဲ့ စတင်ယှဉ်ပြိုင်မှာဖြစ်ပြီး  ေမော်ရိုကိုအသင်းနဲ့လည်း ကစားရမှာဖြစ်ပါတယ်။

မာတီနက်ဇ်ဟာ လူကာကူနေရာမှာ ဘယ်သူ အစားထိုးမယ်ဆိုတာကို ဆုံးဖြတ်ဖို့ ရှိပါတယ်။ ဖီနာဘာဂျီ တိုက်စစ်မှူး Michy Batshuayi ဟာ သောကြာနေ့က ပြိုင်ပွဲမတိုင်မီ ဘယ်လ်ဂျီယံရဲ့ သွေးပူခြေစမ်းပွဲဖြစ်တဲ့ အီဂျစ်ကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ စတင်ခဲ့ပါတယ်။

Batshuayi ကို ကူဝိတ်စီးတီးနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲချိန် ၇၆ မိနစ်မှာ ဂိုးပြန်သွင်းခဲ့တဲ့ Lens တိုက်စစ်မှုး Lois Openda နဲ့ လူစားထိုးခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly