ပါကစ္စတန်တွင် ပြည်ပမှ ပြည်တွင်းသို့ လွှဲငွေများ သိသိသာသာ ကျဆင်း

ပါကစ္စတန်တွင် ပြည်ပမှ ပြည်တွင်းသို့ လွှဲငွေများ သိသိသာသာ ကျဆင်း

ပါကစ္စတန်နိုင်ငံတွင် ငွေလဲနှုန်း ကွာဟချက် ကြီးလာနေစဉ် အောက်တိုဘာလက ပြည်ပရောက် ပါကစ္စတန် သားများ ပြည်တွင်းသို့ ပြန်လွှဲပို့သည့် လွှဲငွေပမာဏက အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ ရှိခဲ့ရာ အစောပိုင်းလကထက် ၉ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

“၂၀၂၂ အောက်တိုဘာလမှာ ပြည်ပရောက် ပါကစ္စတန်လုပ်သားတွေ ပြည်တွင်းကို ပြန်လွှဲပို့တဲ့ လွှဲငွေပမာဏက ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ ဖြစ်ပါတယ်။ ဒါဟာ အရင်လနဲ့ ယှဉ်ရင် ၉ ရာခိုင်နှုန်း ကျသွားတာဖြစ်တယ်” ဟု ပါကစ္စတန် ဗဟိုဘဏ် (SBP) က ပြီးခဲ့သည့် သီတင်းပတ်က တွစ်တာတွင် ရေးသည်။

အောက်တိုဘာလက ပြည်ပရောက် လုပ်သားများ၏ လွှဲငွေက ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံဖြစ်ပြီး ထိုမတိုင်မီ အစောပိုင်းလက လွှဲငွေပမာဏက ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ ဖြစ်ကြောင်း ဗဟိုဘဏ်က ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်တွင် တရားဝင် ကိန်းဂဏန်းအချက်အလက်များဖြင့် ဖော်ပြသည်။

၂၀၂၃ ဘဏ္ဍာနှစ်၏ ဇူလိုင်-အောက်တိုဘာ ကာလအတွင်း ပြည်ပရောက် ပါကစ္စတန်နိုင်ငံသားများက ပြည်တွင်းသို့ လွှဲပို့သည့် လွှဲငွေပမာဏက ဒေါ်လာ ၉ ဒသမ ၉ ဘီလီယံ ရှိခဲ့ရာ ယမန်နှစ် အလားတူကာလနှင့် ယှဉ်ပါက ၈ ဒသမ ၆ ရာခိုင်နှုန်း ကျသွားကြောင်း ကိန်းဂဏန်းများက ပြသနေသည်။

ပြီးခဲ့သည့်လက လွှဲငွေများသည် အဓိကအားဖြင့် ဆော်ဒီအာရေဗျမှ ဝင်လာခြင်းဖြစ်သည်။ ပြည်ပရောက် ပါကစ္စတန်နိုင်ငံသားများ၏ ပြည်တွင်းသို့ ပြန်လွှဲပို့သည့် လွှဲငွေများအဖြစ် ဆော်ဒီအာရေးဗျမှ ဒေါ်လာ ၅၇၀ ဒသမ ၅ သန်း၊ ယူအေအီးမှ ဒေါ်လာ ၄၂၇ သန်း၊ ဗြိတိန်မှ ဒေါ်လာ ၂၇၈ ဒသမ ၈ သန်း၊ အမေရိကန်မှ ဒေါ်လာ ၂၅၃ ဒသမ ၁ သန်းတို့ နိုင်ငံသို့ စီးဝင်ခဲ့ကြောင်း ပါကစ္စတန်ဗဟိုဘဏ်က ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly