သူ့သားရဲ့ အရိုးပြာတွေကို အိမ်မှာ ထားထားတယ်လို့ ခရစ္စတီယာနို ရော်နယ်လ်ဒို ပြော

သူ့သားရဲ့ အရိုးပြာတွေကို အိမ်မှာ ထားထားတယ်လို့ ခရစ္စတီယာနို ရော်နယ်လ်ဒို ပြော

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုက သူဟာ သားငယ်ဖြစ်သူရဲ့ အရိုးပြာကို သူ့အိမ်မှာ ထားရှိပြီး သူ့သားသေဆုံးမှုကို သူ့ဘဝရဲ့ "အဆိုးဆုံး" အခိုက်အတန့်အဖြစ် ပြောပါတယ်။

ပေါ်တူဂီကြယ်ပွင့်က ၂၀၂၁ အောက်တိုဘာလမှာ သူနဲ့ သူ့လက်တွဲဖော် ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်တို့ဟာ အမြွှာလေး မျှော်လင့်ထားခဲ့ပြီး ဒီဇင်ဘာလမှာ သူတို့ဟာ သားလေးနဲ့ သမီးလေးလို့ မျှော်လင့်ထားတယ်လို့ ကြေညာခဲ့ပါတယ်။

ဒါပေမယ့် ဇနီးမောင်နှံနှစ်ဦးဟာ သူတို့ရဲ့သားငယ်လေး သေဆုံးသွားတယ်လို့ ဧပြီလမှာ ကြေညာခဲ့ပါတယ်။

အင်္ဂါနေ့က ထုတ်လှွင့်ခဲ့တဲ့ ပီယာ့စ် မော်ဂန်နဲ့ ရော်နယ်လ်ဒိုရဲ့ TalkTV အင်တာဗျူး နောက်ဆုံးအပိုင်းမှာ စူပါစတားဟာ သူနဲ့သူ့မိသားစုအပေါ် ကြေကွဲဖွယ် အကျိုးသက်ရောက်မှုတွေအကြောင်း ဖွင့်ဟခဲ့ပါတယ်။

“ကျနော့်အဖေလိုပဲ [ကျနော့်သားရဲ့] အရိုးပြာတွေက ကျနော်နဲ့အတူ ရှိတယ်။ သူတို့ဟာ ဒီနေရာ ဒီအိမ်ထဲမှာပဲ ရှိတယ်။ ကျနော် တစ်သက်လုံး ဆုပ်ကိုင်ထားချင်တဲ့အရာတစ်ခုဖြစ်ပြီး သမုဒ္ဒရာထဲ ဒါမှမဟုတ် ပင်လယ်ထဲကို ပစ်မချချင်ဘူး”လို့ ၂၀၀၅ မှာ ဖခင်ဆုံးပါးသွားခဲ့ရသူ ရော်နယ်လ်ဒိုက ပြောပါတယ်။

“[သူတို့] ကို ကျနော်နဲ့အတူ ထားတယ်။ သူတို့က ကျနော့်အဖေ့ဘေးမှာ။ အောက်ထပ်မှာ ဘုရားကျောင်းငယ်တစ်ခု၊ ဝတ်ပြုရာတစ်ခု ကျနော်မှာ ရှိတယ်။ အဖေနဲ့ကျနော့်သားငယ်ကို အဲဒီနေရာမှာ ထားပါတယ်။"

ရော်နယ်လ်ဒိုနဲ့ ရိုဒရီဂွက်ဇ်တို့က “ကျမတို့သမီးလေးမွေးဖွားပေးတာကသာ မျှော်လင့်ချက်နဲ့ ပျော်ရွှင်မှုတွေတချို့နဲ့ ဒီအချိန်လေးမှာ အသက်ရှင်ဖို့ ခွန်အားပေးတယ်” လို့ သူတို့သားငယ်လေး ဆုံးသွားကြောင်း လူမှုကွန်ရက်မှာ ကြေညာတဲ့တုန်းက ရေးသားခဲ့ပါတယ်။

သူ့ရဲ့နောက်ဆုံးအင်တာဗျူးမှာ ရော်နယ်လ်ဒိုက သူ့ရဲ့မွေးကင်းစသမီးလေးကို ပျော်ရွှင်နေရင်းနဲ့ပဲ တပြိုင်နက် သားလေးျဖစ်သူကိုပါ ဝမ်းနည်းပူဆွေးရတဲ့အခက်အခဲကို သူ ဘယ်လိုကိုင်တွယ်ဖြေရှင်းခဲ့ရပုံကို ရှင်းပြခဲ့ပါတယ်။

“ဒါက ရူးချင်စရာပါပဲ။ တစ်ခါတလေ ကျနော့်မိသားစုနဲ့ ရင်းနှီးတဲ့ ကျနော့်သူငယ်ချင်းတွေကိုတောင် ရှင်းပြဖို့ ကြိုးစားခဲ့တယ်။ 'တစ်ချိန်တည်းမှာ ပျော်ရွှင်ဝမ်းနည်းမှုမျိုး တစ်ခါမှ မခံစားခဲ့ဖူးဘူး။ ရှင်းပြရခက်ပါတယ်။'လို့ ရော်နယ်လ်ဒိုက ပြောပါတယ်။

“ဒါက အရမ်းခက်ခဲတယ်။ အဲဒါ - ခင်ဗျား ငိုကြွေးနေရမလားဆိုတာ မသိဘူး ဒါမှမဟုတ် ခင်ဗျားပြုံးနေရမလားဆိုတာ ခင်ဗျား မသိနိုင်ဘူး။ ဘာလဲဆိုတော့ ခင်ဗျား ဘယ်လိုတုံ့ပြန်ရမယ်ဆိုတာကို မသိတဲ့အရာဖြစ်နေလို့ပါပဲ။ ရိုးရိုးသားသားပြောရရင် ကျနော် ဘာလုပ်ရမှန်းမသိဘူး” လို့ သူက ပြောပါတယ်။

ကွင်းပြင်ပမှာ ကြေကွဲဖွယ်သတင်းတွေနဲ့ ရင်ဆိုင်နေရပေမယ့် ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အသင်းကို အမြန်ပြန်လာခဲ့ပါတယ်။ ထိပ်တန်းအဆင့်မှာ ကစားနေချိန်မှာ မိသားစုအဖြစ်ဆိုးကို ကိုင်တွယ်ဖြေရှင်းရတာက လူတိုင်းအတွက် ခက်ခဲခဲ့တယ်လို့ သူက ပြောပါတယ်။

“အဖေဆုံးပြီးကတည်းက ကျနော့်ဘဝမှာ ဖြတ်သန်းခဲ့ရတဲ့ အဆိုးဆုံးအခိုက်အတန့်တွေဖြစ်နိုင်တယ်” လို့ သူက ဆိုပါတယ်။

"ခင်ဗျားမှာ ကလေးတစ်ယောက်ရတဲ့အခါ အရာအားလုံးက ပုံမှန်ဖြစ်လိမ့်မယ်လို့ ခင်ဗျာမျှော်လင့်ထားတယ်။ ပြီးတော့ ပြဿနာဆိုတာ ခင်ဗျားမှာ ရှိနေတယ်၊ ကျနော်ဟာ လူသားတစ်ယောက်အနေနဲ့ ခက်ခဲတယ်ဆိုတာ ခင်ဗျား သိပါတယ်ဗျာ။

“ကျနော်တို့မှာ ဒါက ဘာကြောင့်ဖြစ်ပျက်ခဲ့တာလဲဆိုတာကို ကျနော်တို့တွေ နားမလည်တာကြောင့် ကျနော်တို့မှာ အတော်လေး ခက်ခဲတဲ့ အခိုက်အတန့်တွေ ရှိခဲ့ပါတယ်။ ရိုးရိုးသားသားပြောရရင် ခက်ခဲခဲ့တယ်။ ကျနော့်တို့တွေ ဘဝရဲ့ ဒီအပိုင်းအခြားကာလမှာ ဖြစ်ပျက်နေတဲ့အရာတွေကို နားလည်ဖို့ အလွန့်အလွန်ခက်ခဲပါတယ်။

"ခင်ဗျာတို့သိတဲ့အတိုင်း ဘောလုံးကစားသမားဘဝတွေက မြန်မြန်ဆန်ဆန်နဲ့ ပြိုင်ဆိုင်မှုတွေများတယ်၊ ဘောလုံးက ရပ်တန့်မနေပါဘူး။ ကျနော်တို့မှာ ပြိုင်ပွဲတွေ အများကြီး ရှိခဲ့ပါတယ်။

“ပြီးတော့ အဲဒီအခိုက်အတန့်ကို ဖြတ်ကျော်ဖို့က ကျနော့်ဘဝမှာ အခက်ခဲဆုံးအခိုက်အတန့်ဖြစ်နိုင်ပါတယ်။ ကျနော့်နဲ့ မိသားစု အထူးသဖြင့် ဂျီယို [ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်] က ခက်ခဲခဲ့တယ်။”

(CNN)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly