တရုတ်တွင် ကိုဗစ်အတည်ပြလူနာသစ် ၂၅၀၀၀ နီးပါးတွေ့ရှိကာ ပေကျင်း၌ စီးပွားရေးလုပ်ငန်းအချို့ ပိတ်ထား

တရုတ်တွင် ကိုဗစ်အတည်ပြလူနာသစ် ၂၅၀၀၀ နီးပါးတွေ့ရှိကာ ပေကျင်း၌ စီးပွားရေးလုပ်ငန်းအချို့ ပိတ်ထား

တရုတ်နိုင်ငံ မြို့ကြီးများစွာတွင် ကိုဗစ်ရောဂါဖြစ်ပွားမှုကို တိုက်ဖျက်နေရစဉ် နိုဝင်ဘာ ၁၉ ရက်၌ ကိုဗစ်-၁၉ အသစ်ကူးစက်မှု အနည်းငယ်ကျဆင်းခဲ့သည်။ အာဏာပိုင်များက ပြည်သူများအား သီတင်းပတ်ကုန်၌ အိမ်၌နေရန်တိုက်တွန်းလိုက်ပြီးနောက် ပေကျင်းရှိ စားသောက်ဆိုင်များနှင့် တခြားစီးပွားရေးလုပ်ငန်းများ ပိတ်ထားလိုက်ပြီဖြစ်သည်။

အာဏာပိုင်များသည် ပြင်းထန်သော ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒ၏ သက်ရောက်မှုကို လျော့ကျစေရန် မကြာသေးမီက ကြိုးပမ်းခဲ့ကြသည်။ ၎င်းမူဝါဒသည် ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံး ထိခိုက်စေခဲ့ကာ ဧပြီလနောက်ပိုင်းတွင် ကူးစက်ခံရသူအရေအတွက် အမြင့်မားဆုံးဖြစ်လာသောကြောင့် ပြည်သူများ စိတ်ဆိုး ဒေါသထွက်ခဲ့ကြသည်။

အဓိကစီးပွားရေးနှင့် သံတမန်ရေးရာနေရာဖြစ်သည့် ပေကျင်း ချောင်ယန်ခရိုင်မှ စီးပွားရေးလုပ်ငန်းများစွာသည် ပိတ်သိမ်းထားကြသလို အချို့က အကန့်အသတ်ဖြင့်သာ ဝန်ဆောင်မှုပေးတော့သည်။

ညပိုင်းဖျော်ဖြေရေးအချက်အခြာကျသောနေရာဖြစ်သည့် ဆန်လီတွန်အရပ်ရှိ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦဂက နိုဝင်ဘာ ၁၉ ရက်မှစ၍ ၃ ရက်တိုင် ဆိုင်များကို ပိတ်ရန် အာဏာပိုင်များက ညွှန်ကြားထားကြောင်း Reuters သတင်းဌာနသို့ ပြောသည်။

အနီးရှိ ဒေါင်ချန်ခရိုင်မှ စုပေါင်းရုံးတစ်ခုကလည်း ချောင်ယန်းဒေသခံများသည် နိုဝင်ဘာ ၂၁ ရက်မှစ၍ ရုံးသို့မလာရန်နှင့် ရုံးတက်ဝန်ထမ်းအင်အားကို ၃၀ ရာခိုင်နှုန်းလျှော့မည်ဟု ပြောသည်။

ပေကျင်းတွင် နိုဝင်ဘာ ၁၇ ရက်က ရောဂါလက္ခဏာပြသူ ၁၀၀ ဦးနှင့် ရောဂါလက္ခဏာမပြသူ ၃၆၆ ဦးတွေ့ရှိခဲ့ပြီး နိုဝင်ဘာ ၁၈ ရက်တွင် ကူးစက်သူကျဆင်းလာကာ ရောဂါလက္ခဏာပြသူ ၇၉ ဦးနှင့် ရောဂါလက္ခဏာမပြသူ ၄၃၆ ဦး တွေ့ရှိခဲ့ကြောင်း အစိုးရကထုတ်ပြန်ခဲ့သည်။

ပေကျင်းအာဏာပိုင်များသည် မြို့ကြီးများတွင် ဖြစ်ပွားနေသော အိုမီခရွန်မျိုးကွဲကို ပေကျင်းသို့ မပျံ့နှံ့စေရေး အတွက် သတိထားကာလုပ်ဆောင်လျက်ရှိသည်။

တရုတ်နိုင်ငံတစ်ဝန်းတွင် နိုဝင်ဘာ ၁၉ ရက်၌ ဒေသတွင်း ကူးစက်မှု ၂၄ ၂၆၃ ဦးရှိကာ ၎င်းအနက် ၂ ၀၅၅ ဦးမှာ ရောဂါလက္ခဏာပြသူများဖြစ်ကာ ၂၂ ၂၀၈ ဦးမှာ ရောဂါလက္ခဏာမပြပေ။ နိုဝင်ဘာ ၁၈ ရက်တွင် နိုင်ငံတစ်ဝန်းကူးစက်သူ ၂၅ ၁၂၉ ဦးရှိခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required