ဥရောပနှင့် အမေရိကန်တို့၌ ပိတ်ပင်ခံထားရသည့် Huawei က အာဖရိကတွင် 5G ကွန်ရက်ကို အောင်မြင်ရန် ကြိုးပမ်း

ဥရောပနှင့် အမေရိကန်တို့၌ ပိတ်ပင်ခံထားရသည့် Huawei က အာဖရိကတွင် 5G ကွန်ရက်ကို အောင်မြင်ရန် ကြိုးပမ်း

ဥရောပနှင့် အမေရိကန်၌ တားမြစ်ပိတ်ပင်ခံထားသည့် တရုတ်စမတ်ဖုန်းထုတ်လုပ်သူ Huawei Technologies Co က အာဖရိကတွင် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးအတွက် ရင်းနှီးမြှုပ်နှံမှုများ ထပ်မံတိုးမြှင့်ရန် ကြိုးပမ်းလျက်ရှိသည်။

အာဖရိကတွင် အထင်ကရဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် Huawei သည် ဘန်ကောက်၌ 5G ကွန်ရက်ဆိုင်ရာ ထိပ်သီးအစည်း အဝေးအတွက် အာဖရိကမှ ဒါဇင်ပေါင်းများစွာသော စက်မှုလုပ်ငန်းအမှုဆောင်များနှင့် စည်းကမ်းထိန်းသိမ်းရေး အာဏာပိုင်များကို ဖိတ်ခေါ်ခဲ့သည်။

"ကမ္ဘာ့ 5G ဈေးကွက်၏ တတိယလှိုင်းအနေဖြင့် အာဖရိကသည် ၂၀၂၃ခုနှစ်တွင် 5G ခေတ်ကို ဖွင့်လှစ်ပေး လိမ့်မည်" ဟု Huawei ၏ မြောက်အာဖရိကစီးပွားရေးလုပ်ငန်းဥက္ကဋ္ဌ ဘင်ဂျမင်ဟိုက ပထမဆုံး အာဖရိက 5G ထိပ်သီးအစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း South China Morning Post က ဖော်ပြခဲ့သည်။

ရှင်းကျန့်အခြေစိုက် Huawei မှ ဦးဆောင်သည့် 5G နည်းပညာကို အာဖရိကနိုင်ငံများသို့တပ်ဆင်ရေးဆွဲဆောင် ရန် အောက်တိုဘာ ၂၄ ရက်က ထိုင်းနိုင်ငံမြို့တော်၌ ကျင်းပခဲ့သည့် အဆိုပါပွဲကို အခြေခံအဖြစ်အသုံးပြု ခဲ့သည်။

“ဒေသတွင်း ဒစ်ဂျစ်တယ်အသွင်ပြောင်းမှုကို လွယ်ကူချောမွေ့စေရန် 5G တည်ငြိမ်ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးရန် Huawei က အာဖရိကတွင် ရင်းနှီးမြှုပ်နှံမှုများ ထပ်မံတိုးမြှင့်သွားလိမ့်မည်” ဟု ဟိုက ပြောကြားခဲ့သည်။

“အာဖရိကမှာ အာဖရိကအတွက် Huawei က 5G ခေတ်တွင် သုံးစွဲသူများ၏ လုပ်ငန်းအောင်မြင်မှုကို ပံ့ပိုးပေး ရန် စက်မှုလုပ်ငန်းလုပ်ဖော်ကိုင်ဖက်များနှင့် နက်ရှိုင်းစွာ ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမည်” ဟိုက ပြောကြားခဲ့သည်။

Huawei သည် အာဖရိကတစ်ဝန်းတွင် ကြီးမားသော သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) အခြေခံအဆောက်အအုံကို တည်ဆောက်ထားပြီးဖြစ်သော်လည်း လုံခြုံရေးစိုးရိမ်မှုများကြောင့် မြောက်ဘက်ခြမ်းရှိ အမေရိကန်နှင့် အခြားသော အနောက်နိုင်ငံများတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။

တရုတ်စစ်တပ် သို့မဟုတ် ထောက်လှမ်းရေးကွန်ရက်များနှင့် ဆက်စပ်မှုရှိသည်ဟု စွပ်စွဲခံထားရသည့် Huawei၊ ZTE Corp နှင့် China Telecom အပါအဝင် တရုတ်ကုမ္ပဏီများသို့ နည်းပညာတင်ပို့မှုကို ယခင်အမေရိကန် အစိုးရက တားမြစ်ခဲ့ပြီး မဟာမိတ်နိုင်ငံများကို အလားတူလုပ်ဆောင်ရန် တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly