ကုန်သွယ်ရေးနှင့် လုံခြုံရေးအတွက် တရုတ်သမ္မတ လာရောက်မည်ဖြစ်ကြောင်း ဆော်ဒီဝန်ကြီး ပြောကြား

ကုန်သွယ်ရေးနှင့် လုံခြုံရေးအတွက် တရုတ်သမ္မတ လာရောက်မည်ဖြစ်ကြောင်း ဆော်ဒီဝန်ကြီး ပြောကြား

တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင် ဆော်ဒီအာရေဗျသို့ ဒီဇင်ဘာလတွင် လာရောက်ဖွယ်ရှိသည့် ခရီးစဉ်အတွင်း ကုန်သွယ်မှုဆက်ဆံရေးနှင့် ဒေသတွင်း လုံခြုံရေး တိုးမြှင့်ရေးတို့သည် ဦးစားပေးအစီအစဉ်များ ဖြစ်ကြောင်း ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး အယ်လ်ဂျူဘားက နိုဝင်ဘာ ၁၂ ရက်တွင် ပြောကြားလိုက်သည်။

အဆိုပါခရီးစဉ်သည် ဒီဇင်ဘာတွင် ဖြစ်နိုင်ကြောင်း သတင်းရင်းမြစ် ၂ ခုက ပြောကြားခဲ့သည်။ ရေနံထုတ်လုပ်မှုပတ်သက်ပြီး ဆော်ဒီအာရေဗျနှင့် အမေရိကန်အကြား ဆက်ဆံရေး တင်းမာနေ ချိန်နှင့် ပင်လယ်ကွေ့အာရပ်နိုင်ငံများက တရုတ်နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးလာ နေခြင်းအပေါ် အမေရိကန်က စိုးရိမ်မှုများ ရှိနေချိန်တွင် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

"တရုတ်က ဆော်ဒီအာရေဗျရဲ့ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံပါ။ ကျွန်တော်တို့က တရုတ်မှာ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရှိသလို တရုတ်က ဆော်ဒီအာရေဗျမှာ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရှိပါတယ်" ဟု အီဂျစ်တွင် ကျင်းပသော COP27 ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးတွင် အယ်လ်ဂျူဘားက ရိုက်တာသတင်းဌာနသို့ ပြောကြား ခဲ့သည်။

"ကျွန်တော်တို့မှာ ရင်းနှီးမြှုပ်နှံထားမှုတွေ အများကြီးရှိပြီး ဒီလိုလည်ပတ်မှုက အဆန်းမဟုတ်ပါဘူး" ဟု ဂျူဘား က ပြောကြားခဲ့သည်။ "အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီတို့လို ကျွန်တော်တို့ရဲ့ မဟာဗျူဟာမြောက် မိတ်ဖက်တွေနဲ့ အခြားကုန်သွယ်ဖက်တွေလဲ လာလည်နေကြပါပဲ ဒါက နိုင်ငံတွေရဲ့ လုပ်ထုံးလုပ်နည်းပါပဲ"

ရှီ၏ ခရီးစဉ်မတိုင်မီ ယင်းအကြောင်းသိရှိသည့် သတင်းရင်းမြစ် ၂ ဦး က တရုတ်ခေါင်းဆောင်သည် ဒီဇင်ဘာ လလယ်ခန့်တွင် လာရောက်မည်ဖြစ်ပြီး တရုတ်-ပင်လယ်ကွေ့ထိပ်သီးဆွေးနွေးပွဲသို့ ပင်လယ်ကွေ့ ပူးပေါင်း ဆောင်ရွက်ရေးကောင်စီ (GCC) မှ ၆ နိုင်ငံခေါင်းဆောင်များနှင့်အတူ တက်ရောက်ရန်မည်ဖြစ်သလို အခြား အာရပ်ခေါင်းဆောင်များနှင့် ထပ်မံ တွေ့ဆုံရန် စီစဉ်ထားသည်။

ကမ္ဘာ့ထိပ်တန်းရေနံတင်ပို့သည့် ဆော်ဒီအာရေဗီးယားသည် ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို ကန့်သတ်ရန် စိတ်ရင်းမှန်ဖြင့် ကြိုးပမ်းနေကြောင်း ဂျူးဘားက ပြောကြား ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly