တရုတ်စီးပွားရေးကျဆင်းမှုကြောင့် သမ္မတရှီကျင့်ဖျင်အတွက် အဓိက စိန်ခေါ်မှုများ ရှိနေ

တရုတ်စီးပွားရေးကျဆင်းမှုကြောင့် သမ္မတရှီကျင့်ဖျင်အတွက် အဓိက စိန်ခေါ်မှုများ ရှိနေ

တရုတ်ကွန်မြူနစ်ပါတီ၏ အကြိမ် ၂၀ မြောက် အမျိုးသားညီလာခံကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြီးပြည့်စုံ သော အောင်မြင်မှုအဖြစ်ကြေညာခဲ့ပြီး တတိယအကြိမ်မြောက် သမ္မတ သက်တမ်းကို ရယူခဲ့သည်။

သို့သော် ပါတီသည် တရုတ်တွင် ပြည်သူများအကြားပျံနှံ့နေသော အဆိုးမြင်စိတ်ကြောင့် ဆယ်စုနှစ်များအတွင်း စိန်ခေါ်မှုအရှိဆုံးကာလကို ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကြောင်း Sydney Morning Herald သတင်းတွင် ဖော်ပြ ထားသည်။

ရှီဦးဆောင်သော CCP အစိုးရ ရင်ဆိုင်နေရသော အဓိက စိန်ခေါ်မှုမှာ တရုတ်စီးပွားရေး ကျဆင်းနေခြင်း ဖြစ်သည်။

ပြုပြင်ပြောင်းလဲမှုများနှင့် ၁၉၇၀ ပြည့်လွန်နှစ်များနှောင်းပိုင်းတွင် နိုင်ငံကို တံခါးဖွင့်ဝါဒစတင် ကျင့်သုံးချိန်မှစ၍ CCP သည် ပြည်သူများနှင့် လူမှုပဋိညာဉ်သည် စီးပွားရေးတိုးတက်မှုနှင့် လူနေမှုအဆင့်အတန်းကို စဉ်ဆက်မပြတ် တိုးတက် လာမှုအပေါ် အခြေခံထားသည်ဟု Sydney Morning Herald တွင် ယန်ကျန်းက အကြံပြု ရေးသားထားသည်။

ရှီကျင့်ဖျင်သည် နိုင်ငံရေးအယူဝါဒ၏ အရေးပါမှုကို အာရုံစိုက်နေချိန်တွင် တရုတ်စီးပွားရေးတိုးတက်မှုသည် လည်း အရေးပါနေဆဲဖြစ်သည်။

၂၀ဝ၀ နှင့် ၂၀၁၀ပြည့်နှစ်များအတွင်း စီးပွားရေး အထွတ်အထိပ်ကာလများနှင့် နှိုင်းယှဉ်လျှင် တရုတ်နိုင်ငံသား များ၏ လူနေမှုအဆင့်အတန်း တိုးတက်လာမည် သို့မဟုတ် နောင်လာနောက်သားများ ပိုမိုကောင်းမွန်သော ဘဝရရှိနိုင်ရန်မှာ မသေချာတော့ပေ။

အထူးသဖြင့် ယင်းအဆိုးမြင်မှုသည် တရုတ်လူငယ်လူရွယ်များကြားတွင် မြင်တွေ့နေရသည်။ မြို့ပြလူငယ် အလုပ်လက်မဲ့ဦးရေသည် ၂၀ ရာခိုင်နှုန်းအထိ ရောက်ရှိလာသည်။ အများစုမှာ အလုပ်ရှာရန် ကြိုးစားနေကြပြီး အချို့မှာ အလုပ်နှင့် ပတ်သက်၍ စိတ်ပျက်နေကြကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly