အိမ်ခြံမြေကုမ္ပဏီများအား ဘဏ်များက ဘဏ္ဍာရေးထောက်ပံ့မှု ပိုမိုပေးရန် တရုတ်အစိုးရ တိုက်တွန်း

အိမ်ခြံမြေကုမ္ပဏီများအား ဘဏ်များက ဘဏ္ဍာရေးထောက်ပံ့မှု ပိုမိုပေးရန် တရုတ်အစိုးရ တိုက်တွန်း

တရုတ်၏ ရုန်းကန်နေရသော အိမ်ခြံမြေကဏ္ဍခိုင်မာအားကောင်းလာစေရေးအတွက် ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့ အစည်းများက ပံ့ပိုးကူညီမှုများ ပိုမိုတိုးမြှင့်ပေးရန် တရုတ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များက တောင်းဆိုလိုက် ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သည့် သတင်းရင်းမြစ် ၂ ခုက နိုဝင်ဘာ ၁၃ရက်တွင် ပြောကြားလိုက်သည်။

တရုတ်ပြည်သူ့ဘဏ် (PBOC) နှင့် တရုတ်ဘဏ်လုပ်ငန်းနှင့် အာမခံစည်းကမ်းထိန်းသိမ်းရေးကော်မရှင် (CBIRC) တို့က အဖွဲ့အစည်းများထံ ပေးပို့သည့် အကြောင်းကြားစာတစ်စောင်တွင် အခက်ကြုံနေသော ငွေဖြစ် လွယ်မှု အကျပ်အတည်းကို ဖြေလျှော့ရန် အဓိကတွန်းအားပေးသည့်အနေဖြင့် ၂၀၂၀ပြည့်နှစ်လယ်နောက်ပိုင်း အိမ်ခြံမြေ ကဏ္ဍကို ထိခိုက်စေခဲ့သည့် ချေးငွေပြန်ဆပ်မှုကာလ သက်တမ်းတိုးခြင်းအပါအဝင် စက်မှုလုပ်ငန်းကို ပံ့ပိုးရန် အဆင့် ၁၆ ဆင့်ပါရှိသည့် အိမ်ခြံမြေကဏ္ဍကို အားပေးသည့် အချက်များဖော်ပြသည့်စာကို ပေးပို့ခဲ့သည်။

Bloomberg မှ ပထမဆုံး သတင်းဖော်ပြခဲ့သည့် အဆိုပါမူဝါဒအကြောင်းအလဲသည် ငွေကြေးအခက်အခဲ ဖြစ်နေသည့် အိမ်ခြံမြေကုမ္ပဏီကြီးများသည် စီမံကိန်းများကို အပြီးသတ်ရန်နှင့် ပစ္စည်းပေးသွင်းသူများကို ငွေပေးချေရန် ငွေကြေးအရင်းအမြစ်များကို ရှာဖွေရန် ရုန်းကန်နေချိန်တွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

အိမ်ခြံမြေကုမ္ပဏီကြီးအများအပြားသည် ၂၀၂၁ခုနှစ်တွင် နိုင်ငံခြားကြွေးမြီများကို ပြန်ဆပ်ရန် ပျက်ကွက်ခဲ့ပြီး ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးကို အထိနာစေခဲ့သည့် အိမ်ခြံမြေကဏ္ဍကျဆင်းမှုကို ဖြစ်ပေါ်စေခဲ့သည်။

အိမ်ခြံမြေကဏ္ဍတိုးတက်ရေးနှင့် ယုံကြည်မှုချေးငွေများကဲ့သို့သော ချေးငွေအချို့ကို ပြန်ဆပ်ရန် ဆိုင်းငံ့ ထားရေးအတွက် တရုတ်အာဏာပိုင်များက ဘဏ္ဍာရေးအဖွဲ့အစည်းများအား တွန်းအားပေးနေသည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

ချေးငွေကို ၆ လအတွင်း ဆပ်ရမည်ဆိုပါက အိမ်ခြံမြေကုမ္ပဏီများအား ပြန်ဆပ်ရန် နောက်ထပ်တစ်နှစ် ရွှေ့ဆိုင်းခွင့်ပြုနိုင်သည်ဟု သတင်းရင်းမြစ်များက ကြေညာချက်ကို ကိုးကား ဖော်ပြခဲ့သည်။

အစိုးရက အိမ်ခြံမြေလုပ်ငန်းရှင်များက အလွန်အကျွံ ချေးယူခြင်းကို ကန့်သတ်ရန် ကြိုးပမ်းခဲ့ခြင်းကြောင့် တိုးတက်မှုထောက်တိုင်တစ်ခုဖြစ်သည့် အိမ်ခြံမြေကဏ္ဍသည် ၂၀၂၂ခုနှစ်တွင် သိသိသာသာ ကျဆင်းသွား ခဲ့သည်။

ဒေသန္တရအစိုးရ ၂၀ဝ ကျော်က ထောက်ပံ့ငွေများပေးခြင်း၊ အတိုးနှုန်းလျှော့ချခြင်းနှင့် ကနဦးပေးငွေလျှော့ခြင်း အပါအဝင် အိမ်ဝယ်သူများကို အဓိကပစ်မှတ်ထား၍ ၂၀၂၂ခုနှစ်အတွင်း အခက်ကြုံနေသော ကဏ္ဍကို တိုးတက်စေရန် ခြေလှမ်းများကို လုပ်ဆောင်ခဲ့သော်လည်း ဝယ်လိုအားမှာ အားမကောင်းသေးပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly