အမေရိကန်စစ်အခြေစိုက်စခန်းအနီးမှမြေများကို တရုတ်ကုမ္ပဏီများဝယ်ယူခြင်းက လုံခြုံရေးကို ခြိမ်းခြောက်နေ

အမေရိကန်စစ်အခြေစိုက်စခန်းအနီးမှမြေများကို တရုတ်ကုမ္ပဏီများဝယ်ယူခြင်းက လုံခြုံရေးကို ခြိမ်းခြောက်နေ

အမေရိကန်စစ်အခြေစိုက်စခန်းအနီးရှိ မြေယာများကို တရုတ်ကုမ္ပဏီများက ဝယ်ယူခြင်းသည် တရုတ်ကုမ္ပဏီများ၏ နိုင်ငံရပ်ခြားစောင့်ကြည့်ခြင်းနှင့် သူလျှိုလုပ်ခြင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်သည်ဟု American Military News က ဖော်ပြသည်။ တရုတ်ကုမ္ပဏီများစွာသည် မကြာသေးမီနှစ်များအတွင်း အဓိကကျသော အမေရိကန်စစ် အခြေစိုက် စခန်းများ အနီးရှိ မြေကွက်အများအပြားကို ဝယ်ယူထားကြသလို ထပ်မံဝယ်ယူရန် ကြိုးပမ်းအားထုတ်မှုများ စတင် လုပ်ဆောင်လာကြသည်။

တရုတ်နိုင်ငံအခြေစိုက်ကုမ္ပဏီ Fufeng Group သည် ကနေဒါနယ်စပ်မှ မိနစ် ၉၀ ခန့် ကားမောင်းရသည့် ကျေးလက်ဒေသ မြောက်ဒါကိုတာပြည်နယ် ဂရန်းဖော့အနီးရှိ ဧက ၃၀၀ ကို ဝယ်ယူသည့် ကုမ္ပဏီအများအနက် တစ်ခုဖြစ်သည်။

Fufeng Group စက်ရုံသစ်သည် ဂရန်းဖော့ လေတပ်အခြေစိုက်စခန်းမှ ၁၂ မိုင်အကွာတွင်ရှိသော မြေဧက ၃၇၀ ကျယ်ဝန်းသော မြေကွက်ပေါ်တွင် တည်ရှိမည်ဟု အမေရိကန်-တရုတ် စီးပွားရေးနှင့်လုံခြုံရေးသုံးသပ်မှုကော်မရှင် (USCC) ၏ မေလထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

အမေရိကန်စစ်အခြေစိုက်စခန်းအနီး မြေယာဝယ်ယူမှုသည် အခြားလုံခြုံရေးနှင့်ပတ်သက်သည့် ကိစ္စရပ်များ အနက် အထူးသဖြင့် အခြေစိုက်စခန်းအတွင်း လေကြောင်းအဝင်အထွက်များကို စောင့်ကြည့်ရေး အတွက် အဆင်ပြေစေရန်ဖြစ်သည်ဟု ဆိုသည်။

Fufeng Group က အမေရိကန်လေတပ်အခြေစိုက်စခန်းအနီးရှိ မြေကွက်ကို ဝယ်ယူပြီးနောက် အမေရိကန်လွှတ်တော်အမတ် ၃၀ ဦးက စိုးရိမ်ထိတ်လန့်သဖြင့် စိုက်ပျိုးမြေတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ၏ အတိုင်းအတာနှင့် အလားအလာကို စုံစမ်းစစ်ဆေးရန် အစိုးရတာဝန်ခံရုံး (GAO) အား စာရေးသား တောင်းဆိုခဲ့သည်။

Fufeng Group က ဂရန်းဖော့လေတပ်အခြေစိုက်စခန်းအနီးတွင် မြေကွက်များမဝယ်ယူမီ အခြားတရုတ်ကုမ္ပဏီတစ်ခုက Laughlin လေတပ်စခန်းမှ မိုင် ၇၀ ခန့်အကွာတွင်ရှိသော မြေဧက ၁၄၀ ၀၀၀ ခန့်ကို ဝယ်ယူရန် ကြိုးပမ်းလာသည်။ တရုတ်ကုမ္ပဏီ Guanghui Energy Company Ltd သည် Blue Hills Wind Project လေအားလျှပ်စစ်စီမံကိန်းကြီးကို တည်ဆောက်ချင်နေကြောင်း American Military News တွင် ဖော်ပြထားသည်။

Guanghui Energy ကုမ္ပဏီကို တရုတ်ဘီလီယံနာ ဆန်ကွမ်ရှင်းက ပိုင်ဆိုင်ပြီး သူသည် အာဏာရ တရုတ်ကွန်မြူနစ်ပါတီနှင့် အဆက်အစပ်ရှိသည်ဟု ဆိုသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly