ကာတာမှာ ဘယ်ဂီတကြယ်ပွင့်တွေ ဖျော်ဖြေမှာလဲ။

ကာတာမှာ ဘယ်ဂီတကြယ်ပွင့်တွေ ဖျော်ဖြေမှာလဲ။
 ဖြစ်နိုင်ခြေအရှိဆုံးကတော့ K-pop megastars BTS ရဲ့ Jungkook ဖြစ်ပြီး သောကြာနေ့က ကာတာနိုင်ငံကို ရောက်ရှိနေပြီလို့ ကောလဟာလတွေ ထွက်နေပါတယ်။ (Picture via Instagram/bts.jungkook)

ကာတာ ကမ္ဘာ့ဖလားဖွင့်ပွဲအခမ်းအနားမှာ ကမ္ဘာကျော်ကြယ်ပွင့်များစွာက ပါဝင်ဖို့ ငြင်းဆိုထားပြီး နှစ်ရက်သာလိုတဲ့တိုင် ဘယ်သူ ဖျော်ဖြေမလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိသေးပါဘူး။

ဖြစ်နိုင်ခြေအရှိဆုံးကတော့ K-pop megastars BTS ရဲ့ Jungkook ဖြစ်ပြီး သောကြာနေ့က ကာတာနိုင်ငံကို ရောက်ရှိနေပြီလို့ ကောလဟာလတွေ ထွက်နေပါတယ်။

မော်စကိုမှာ နောက်ဆုံးကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ဖျော်ဖြေခဲ့တဲ့ ဗြိတိန်ရဲ့ Robbie Williams ကိုလည်း ပါဝင်နိုင်ဖွယ်ရှိတဲ့ အနုပညာရှင်အဖြစ် သတ်မှတ်ခံထားရပါတယ်။

ဒါပေမယ့် ဂီတပညာရှင် အများအပြားဟာ ဒိုဟာရဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေ၊ အထူးသဖြင့် LGBT အခွင့်အရေးတွေနဲ့ ပတ်သက်လို့ ဆန္ဒပြရာမှာ သူတို့ဟာ ဖျော်ဖြေမှာမဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်း ထုတ်ပြခဲ့ကြပါတယ်။

- Rod Stewart -

ဂန္တဝင်ရော့ခ်တီးဝိုင်းက ပွဲစီစဉ်သူတွေကို ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပါတယ်။

Stewart က "လွန်ခဲ့တဲ့ ၁၅ လက အဲဒီမှာ ဖျော်ဖြေသီဆိုတီးခတ်ဖို့ ဒေါ်လာ ၁ သန်းကျော်ဆိုတဲ့ ပိုက်ဆံအများကြီးနဲ့ ကမ်းလှမ်းခံခဲ့ရပါတယ်။"လို့ The Times ကို ပြောခဲ့ပါတယ်။ ဒါပေမယ့် သူက ငြင်းဆိုခဲ့ပါတယ်။

“ကျနော် ငြင်းခဲ့တယ်။ အဲဒီကို သွားဖို့ဆိုတာ မဖြစ်သင့်ဘူးဗျ။”လို့ အသက် ၇၇ နှစ်အရွယ် ဗြိတိန် အဆိုတော်က ပြောပြီး သူ့ရဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တဲ့ “ယေဘုယျအားဖြင့် လူ့အခွင့်အရေးကို လေးစားမှု” ဖြစ်လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

- Dua Lipa -

ထုနဲ့ထည်နဲ့ LGBT fanbase ဖြစ်တဲ့ အသက် ၂၇ နှစ်အရွယ် ဗြိတိန်ကြယ်ပွင့်ဟာ အဖွင့်ပွဲ သီဆိုဖျော်ဖြေဖို့အတွက် သတင်းပေးတာတွေလည်း ခံခဲ့ရပေမယ့် သူမဟာ Instagram မှာ သူမရဲ့ followers ၈၇ သန်းရှိနေတဲ့ ပို့စ်တစ်ခုက ကောလာဟလတွေကို ပိတ်ပစ်လိုက်ပါတယ်။

"ကျမ ဖျော်ဖြေမှာ မဟုတ်ဘူး၊ ကာတာမှာ ဖျော်ဖြေဖို့ စေ့စပ်ညှိနှိုင်းမှု တစ်စုံတစ်ရာ မလုပ်ဖူးပါဘူး" လို့ "Levitating" သီချင်းရဲ့ အဆိုတော်က ရေးသားခဲ့ပြီး သူမဟာ အင်္ဂလန်အသင်းကို အဝေးကနေ အားပေးမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

“အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိတုန်းက လူ့အခွင့်အရေးတွေ ကတိကဝတ်အားလုံး ပြည့်စုံလာတဲ့အခါ ကာတာနိုင်ငံကို လာရောက်လည်ပတ်ဖို့ ကျမ စောင့်မျှော်နေခဲ့တာပါ။”လို့ ဆိုပါတယ်။

- Shakira -

ဖျော်ဖြေဖို့ စီစဉ်ထားတဲ့ နောက်ထပ် နာမည်ကတော့ စပိန်ဘောလုံးသမား ဂျရတ်ပီကေးနဲ့လက်ထပ်ဖူးပြီး ရှေ့က ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ပုံမှန်ပါဝင်ဖူးတဲ့ Shakira ပါ။

သူမဟာ တရားဝင် Theme  "Waka Waka (This Time for Africa)" အတွက်၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလားမှာ ဒေသတွင်းအဖွဲ့ Freshlyground နဲ့အတူ ထုတ်ေ၀ သီဆိုခဲ့ပြီး လေးနှစ်အကြာ ဘရာဇီးလ်မှာ ဖျော်ဖြေခဲ့ပါတယ်။

ဒါပေမယ့် သူမရဲ့အဖွဲ့ဟာ တိကျတဲ့ အကြောင်းပြချက်မပေးဘဲ ကာတာမှာ ဖျော်ဖြေတော့မှာ မဟုတ်ဘူးလို့ စပိန်သတင်းဌာနတွေကို မကြာသေးမီက ပြောခဲ့ပါတယ်။

- Lil Baby ? -

Spotify မှာ လစဉ်နားဆင်သူ ၃၂ သန်းရှိတဲ့ အမေရိကန်ရက်ပ်အဆိုတော် Lil Baby ဟာ ဒီနှစ် တရားဝင်စပွန်ဆာပေးထားတဲ့ သီချင်းတွေထဲက တစ်ခုဖြစ်တဲ့ ဂန္ထဝင်သီချင်း Tears for Fears၊ "Everybody Wants to Rule the World" ကို sample လုပ်ထားတဲ့ "The World Is Yours to Take" ဖြစ်ပါတယ်။

ဒါပေမယ့် သူဟာ ကာတာမှာ အမှန်တကယ် ဖျော်ဖြေမှုမှာ ပေါ်ထွက်လားမလားဆိုတာကတော့ နှုတ်ဆိတ်နေဆဲဖြစ်ပါတယ်။

(AFP), Photos: EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly