ကမ္ဘာ့ဖလား ဘီယာ ကန့်သတ်ချက်က 'သူတို့ ထိန်းချုပ်မှုထက် ကျော်လွန်သွားတယ်'လို့ Budweiser ဆို

ကမ္ဘာ့ဖလား ဘီယာ ကန့်သတ်ချက်က 'သူတို့ ထိန်းချုပ်မှုထက် ကျော်လွန်သွားတယ်'လို့ Budweiser ဆို

ဖီဖာနဲ့ အိမ်ရှင် ကာတာနိုင်ငံတို့က အားကစားကွင်းတွေ အနီးတစ်ဝိုက်မှာ ဘီယာရောင်းချမှု ဆက်လက်လုပ်ဆောင်မဟုတ်ကြောင်း ကြေညာပြီးနောက် ကမ္ဘာ့ဖလားပွဲစဉ်တွေမှာ ကန့်သတ်ချက်တွေဟာ “သူတို့ရဲ့ ထိန်းချုပ်မှုထက် ကျော်လွန်သွားတယ်”လို့ အမေရိကန်ရဲ့ မိခင် ဘီယာကုမ္ပဏီကြီး Budweiser က သောကြာနေ့က ပြောပါတယ်။

ဘယ်လ်ဂျီယံအခြေစိုက် AB InBev က တနင်္ဂနွေနေ့မှာ ပထမဆုံးပွဲမကစားခင် ရက်ပိုင်းအလိုမှာ ပြုလုပ်ခဲ့တဲ့ လုပ်ရပ်ကို အသိအမှတ်ပြုခဲ့ပါတယ်။

"ဆယ်စုနှစ်သုံးခုကျော်ကြာ ဘောလုံးအဖွဲ့ချုပ်ရဲ့ မိတ်ဖက်များအနေနဲ့ ကျနော်တို့ရဲ့ စားသုံးသူတွေနဲ့ ဘောလုံးပွဲဆင်နွှဲဖို့အတွက် ကမ္ဘာတစ်ဝှမ်းက FIFA World Cup လှုပ်ရှားမှုတွေကို ကျနော်တို့ မျှော်လင့်နေပါတယ်"လို့ ကမ္ဘာ့အကြီးဆုံး ဘီယာထုတ်လုပ်သူ AB InBev ရဲ့ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်မှာ ပြောဆိုထားတာကို AFP ကို ပြောပါတယ်။

“စီစဉ်ထားတဲ့ အားကစားကွင်းတချို့ဟာ ကျနော်တို့ရဲ့ ထိန်းချုပ်မှုထက် ကျော်လွန်တဲ့ အခြေအနေတွေကြောင့် ရှေ့ဆက်မတိုးနိုင်ပါဘူး”လို့ ပြောရေးဆိုခွင့်ရှိသူက ထပ်မံပြောဆိုပါတယ်၊။

အိမ်ရှင်နိုင်ငံဟာ ၂၉ ရက်ကြာကျင်းပမယ့် ပြိုင်ပွဲအတွက် ပရိသတ်တစ်သန်းကျော် နိုင်ငံကို လာရောက်လည်ပတ်မယ်လို့ ခန့်မှန်းထားပြီး ဖီဖာဟာ Budweiser နဲ့ ကာလရှည်စပွန်ဆာစာချုပ်ချုပ်ဆိုထားပါတယ်။

Budweiser ဘီယာတဲ ဒါဇင်ပေါင်းများစွာကို ကာတာနှင့် အီကွေဒေါတို့ကြား အဖွင့်ပွဲစဉ်မတိုင်မီ အားကစားကွင်းတွေမှာ တပ်ဆင်ပြီးဖြစ်ပါတယ်။

အားကစားကွင်းတွေရှိ VIP suites၊ ပရိတ်သတ်ဇုန်တချို့၊ ဟိုတယ်နဲ့ စားသောက်ဆိုင်ဘားတွေမှာ ဘီယာကို ဆက်လက်ရရှိနိုင်မှာ ဖြစ်ပါတယ်။

အစ္စလာမ္မစ်နိုင်ငံမှာ အရက်ကို ကျယ်ကျယ်ပြန့်ပြန့်တားမြစ်ထားပေမယ့် ပွဲစီစဉ်သူတွေက သူတို့ရဲ့ ၁၁ နာရီ ဆုံးဖြတ်ချက်ကြောင့် ပရိသတ်တွေ ဒေါသထွက်ခဲ့ကြပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly