ပိုလန်ကမ္ဘာ့ဖလားအသင်း တိုက်လေယာဉ်တွေနဲ့ စောင့်ကြပ် ပို့ဆောင်ခဲ့

ပိုလန်ကမ္ဘာ့ဖလားအသင်း တိုက်လေယာဉ်တွေနဲ့ စောင့်ကြပ် ပို့ဆောင်ခဲ့
Photo: Mariusz Blaszczak/Twitter

ရောဘတ် လီဝန်ဒေါစကီးနဲ့  သူ့ရဲ့ ပိုလန်အသင်းဖော်တွေဟာ တိုက်လေယာဉ်တွေနဲ့ လိုက်ပါခြံရံပို့ဆောင်သွားတဲ့ အထူးကမ္ဘာ့ဖလားပြိုင်ပွဲကို နှစ်သက်ခဲ့ကြပေမယ့် ဝေဖန်သူတွေက စစ်ဘက်ဆိုင်ရာ အရင်းအမြစ်များ အသုံးပြုမှုကို မေးခွန်းထုတ်ခဲ့ကြပါတယ်။

ကာကွယ်ရေးဝန်ကြီး Mariusz Blaszczak စာ ပြီးခဲ့သည့်ရက်က ပိုလန်လေပိုင်နက်ကနေတစ်ဆင့် အသင်း လေယာဉ်ကို စောင့်ကြပ်ပို့ဆောင်ဖို့ ဆုံးဖြတ်ချက်ကို ကာကွယ်ဖို့အတွက် သောကြာနေ့မှာ အများပြည်သူသုံး ရေဒီယိုကို အသုံးပြုခဲ့ပါတယ်။

"ဒါဟာ ကျနော်တို့ရဲ့ ကစားသမားတွေကို ထောက်ခံကြောင်း ပြသတဲ့ ကောင်းတဲ့ လက္ခဏာပါပဲ"လို့ ပြောပါတယ်။

Blaszczak က "ကျနော့်တို့ရဲ့ ကစားသမားတွေဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို သွားနေကြပါပြီ။ သူတို့ကို F-16 တိုက်လေယာဉ်တွေနဲ့ နယ်စပ်ဆီ စောင့်ကြပ်ခေါ်ဆောင်သွားပါတယ်။ ကံကောင်းပါစေ!"လို့ ကြာသပတေးနေ့က Twitter မှာ တင်ခဲ့ပါတယ်။

သူက F-16 အနီးမှာ ပျံသန်းနေတဲ့ အသင်းရဲ့ လေယာဉ်ပုံကိုလည်း တင်ခဲ့ပါတယ်။

Blaszczak က အစောင့်အကြပ်ဟာ ပုံမှန်လေယာဉ်မှူးလေ့ကျင့်မှုထက် ဘာမှမပိုဘူးလို့ ပြောပါတယ်။

"ကျနော်တို့ရဲ့ F-16 လေယာဉ်မှူးတွေအတွက် အရေးကြီးဆုံးတာဝန်က လေ့ကျင့်ရေးဖြစ်ပြီး ဒီလိုမျိုး လေ့ကျင့်ခန်းကို မနေ့က ပြုလုပ်ခဲ့ပါတယ်။"လို့ သူက ပြောပါတယ်။

ပိုလန်အသင်းဟာ နိုဝင်ဘာ ၂၂ ရက်မှာ မက္ကဆီကိုနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ စတင်မှာ ဖြစ်ပါတယ်။ အုပ်စု C မှာလည်း အာဂျင်တီးနား၊ ဆော်ဒီအာရေဗျတို့ ပါဝင်ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly