ဝယ်လိုအား အားနည်းခြင်းကြောင့် ဆော်ဒီ ရေနံစိမ်းကို တရုတ်ရေနံချက်စက်ရုံများက တင်သွင်းမှု လျှော့ချ

ဝယ်လိုအား အားနည်းခြင်းကြောင့် ဆော်ဒီ ရေနံစိမ်းကို တရုတ်ရေနံချက်စက်ရုံများက တင်သွင်းမှု လျှော့ချ

ကိုဗစ်-၁၉ ကန့်သတ်ချက်များနှင့် စီးပွားရေးနှေးကွေးနေခြင်းကြောင့် ကမ္ဘာ့အများဆုံး ရေနံဝယ်ယူသည့် တရုတ်၌ လောင်စာဆီဝယ်လိုအား လျော့ကျလျက်ရှိသဖြင့် လာမည့်ဒီဇင်ဘာတွင် ရေနံစိမ်း တင်သွင်းသည့် ပမာဏကို လျှော့ချရန် Saudi Aramco ကို ပြည်တွင်း ရေနံချက်စက်ရုံအများအပြားက တောင်းဆိုလိုက်သည်။

တရုတ်ရေနံချက်စက်ရုံများက ဒီဇင်ဘာအတွက် တင်သွင်းမည့်ရေနံစိမ်းပမာဏကို အောက်တိုဘာလကထက် ထက်ဝက်ခန့် လျော့ချရန် တောင်းဆိုခဲ့ကြောင်း အရေးကြီးသည့် ကိစ္စရပ်ဖြစ်ခြင်းကြောင့် အမည်မဖော်လိုသည့် သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

တရုတ်၏ တင်းကျပ်သော ကိုဗစ်ကန့်သတ်ထိန်းချုပ်မှုများချမှတ်ပြီးနောက် တရုတ်နိုင်ငံပိုင် ရေနံချက်စက်ရုံများ က ပျမ်းမျှရေနံချက်မှုနှုန်းသည် မေလမှ သြဂုတ်လအတွင်း ၇၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားသည်။

ပုံမှန်အချိန်များတွင် ၈၀ ရာခိုင်နှုန်းရှိသည်နှင့် နှိုင်းယှဉ်ပါက ၇၅ ရာခိုင်နှုန်းခန့် ပြန်လည်ကောင်းမွန်လာကြောင်း တရုတ်အခြေစိုက် အတိုင်ပင်ခံလုပ်ငန်းကျိုချွမ်က ပြုစုထားသော အချက်အလက်များက ဖော်ပြခဲ့သည်။

အောက်တိုဘာလတွင် တရုတ်ရေနံစိမ်းတင်သွင်းမှုသည် စီးပွားဖြစ်လည်ပတ်ရန် ပြင်ဆင်နေသည့် ရေနံချက် စက်ရုံအသစ်၂ ခု၏ သိုလှောင်မှုဝယ်လိုအားကြောင့် မေလတွင် နောက်ဆုံးတွေ့မြင်ရသည့်အဆင့်အထိ ပြန်လည်ကောင်းမွန်လာခဲ့သည်။

ဝယ်လိုအား လျှော့ချခြင်းအပြင် ယူကရိန်းအကျပ်အတည်းဖြစ်ပွားကတည်းက တရုတ်က ဆော်ဒီအာရေး ဗီးယားအပါအဝင် အခြားသော ပေးသွင်းသူများကို အကျပ်ကိုင်ကာ ရုရှားရေနံစိမ်းကို လျှော့ဈေးဖြင့် ဝယ်ယူ ခဲ့သည်။

Saudi Aramco က အထင်ကရ Arab Light ရေနံစိမ်းအတွက် ဒီဇင်ဘာလတွင် ရောင်းချသည့် ဈေးနှုန်းများကို လျှော့ချခဲ့ပြီး ဒီဇင်ဘာလတွင် စာချုပ်အတိုင်း ရေနံစိမ်းပမာဏ အပြည့်ကို ရရှိမည်ဖြစ်ကြောင်း မြောက်အာရှရှိ အနည်းဆုံး ရေနံချက်စက်ရုံ ၄ ခုအား အကြောင်းကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly