အဓမ္မလုပ်အားပေးစေခိုင်းမှု စိုးရိမ်မှုကြောင့် တရုတ်နေရောင်ခြည်စွမ်းအင်သုံးပစ္စည်း တင်ပို့မှု ၁,ဝဝဝ ကျော်ကို အမေရိကန် ပိတ်ပင်

အဓမ္မလုပ်အားပေးစေခိုင်းမှု စိုးရိမ်မှုကြောင့် တရုတ်နေရောင်ခြည်စွမ်းအင်သုံးပစ္စည်း တင်ပို့မှု ၁,ဝဝဝ ကျော်ကို အမေရိကန် ပိတ်ပင်

တရုတ်နိုင်ငံ၊ ရှင်ကျန်းဒေသမှ တင်သွင်းမှုကို တားမြစ်သည့် ဥပဒေသစ်အရ အမေရိကန်ဒေါ်လာ သန်းရာနှင့် ချီတန်ဖိုးရှိသော နေရောင်ခြည်စွမ်းအင်သုံး အစိတ်အပိုင်း တင်ပို့မှု ၁၀ဝဝ ကျော်သည် ဇွန်လမှ စတင်၍ အမေရိ ကန်ဆိပ်ကမ်းများတွင် စုပုံနေကြောင်း ဖက်ဒရယ်အကောက်ခွန်အရာရှိများနှင့် စက်မှုလုပ်ငန်း ဆိုင်ရာ သတင်းရင်းမြစ်များက ပြောကြားလိုက်သည်။

ယခင်က ဖော်ပြခြင်းမပြုရသေးသည့် ဖမ်းမိမှုသည် ရှင်ကျန်းရှိ ဝီဂါထိန်းသိမ်းရေးစခန်းများနှင့် ပတ်သက်ပြီး တရုတ်အား ဖိအားပေးရန် ရည်ရွယ်ထားသည့် မူဝါဒသည် ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရန် အမေရိကန် အစိုးရ၏ ကြိုးပမ်းအားထုတ်မှုကို နှောင့်နှေးစေမည့် အန္တရာယ်ရှိနေသည်။ U.S. Customs and Border

ဝီဂါများအားအတင်းအဓမ္မလုပ်အားပေးစေခိုင်းမှုတားဆီးရေးအက်ဥပဒေ အသက်ဝင်ပြီး အောက်တိုဘာလ ၂၅ ရက်မှ ဇွန်လ ၂၁ ရက်အထိ နေစွမ်းအင်ဆိုင်ရာစက်ကိရိယာ တင်ပို့မှု ၁၀၅၃ ခုကို အမေရိကန် အကောက်ခွန် နှင့် နယ်စပ်ကာကွယ်ရေးမှ သိမ်းဆည်းခဲ့ကြောင်း အများပြည်သူဆိုင်ရာ မှတ်တမ်းများတောင်းဆို မှုကို ဖြေကြားသည့်အနေဖြင့် ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့ပြီး တစ်ခုမှ ပြန်မလွတ်ပေးရသေးကြောင်း ထပ်လောင်းဆိုသည်။

လျှို့ဝှက်ကုန်သွယ်မှု လျှို့ဝှက်ချက်ကို ကာကွယ်ပေးသည့် ဖက်ဒရယ်ဥပဒေအား ကိုးကား၍ တင်ပို့ရာတွင် ဆိုလာကိရိယာများ၏ အရေအတွက်၊ ထုတ်လုပ်သူများနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်းမရှိပေ။

ထိန်းသိမ်းထားသော ထုတ်ကုန်များတွင် ဆိုလာပြားများနှင့် ပိုလီဆီလီကွန်ဆဲလ်များ ပါဝင်ကာ ၁ ဂစ်ဂါဝပ် အထိ ပမာဏရှိပြီး တရုတ်ထုတ်လုပ်သည့် ကုမ္ပဏီ ၃ ခုဖြစ်သည့် Longi Green Energy Technology Co Ltd.၊ Trina Solar Co Ltd.နှင့် JinkoSolar Holding Co တို့ဖြစ်ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သူ ရင်းမြစ် ၃ ခုက ဆိုသည်။

Longi၊ Trina နှင့် Jinko တို့က ပုံမှန်အားဖြင့် အမေရန်ကန်ဆိုလာပြား လိုအပ်ချက်၏ ၃ပုံ ၁ပုံအထိ ထောက်ပံ့ပေးနေသည်။

ကုန်ပစ္စည်းများ ထပ်မံဖမ်းဆီးခံရမည်ကို စိုးရိမ်သည့်အတွက် ကုမ္ပဏီများသည် အမေရိကန်သို့ တင်ပို့မှုအသစ် များကို ရပ်ဆိုင်းလိုက်ကြောင်း စက်မှုလုပ်ငန်းဆိုင်ရာ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required