ဆီနီဂေါတိုက်စစ်မှူး ဆာဒီယိုမာနေး ခွဲစိတ်ကုသမှုခံယူပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲမှ နုတ်ထွက်ခဲ့ရ

ဆီနီဂေါတိုက်စစ်မှူး ဆာဒီယိုမာနေး ခွဲစိတ်ကုသမှုခံယူပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲမှ နုတ်ထွက်ခဲ့ရ

ဆီနီဂေါတိုက်စစ်မှူး ဆာဒီယိုမာနေးဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ကစားပေးခဲ့တဲ့ ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး သူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ရတော့မှာဖြစ်ပါတယ်။

ဆီနီဂေါဘောလုံးအဖွဲ့ချုပ်က အသက် ၃၀ အရွယ် မာနေးဟာ ပြိုင်ပွဲမှာ သူတို့ရဲ့ "ပထမဆုံးပွဲစဉ်တွေ"ကို လွဲချော်မယ်လို့ အင်္ဂါနေ့က ပြောပါတယ်။

"ကံမကောင်းစွာပဲ၊ ဒီနေ့ရဲ့ MRI ဓါတ်မှတ်စစ်ဆေးမှုရလဒ်တွေက  ကျနော်တို့ စိတ်ကူးထားသလောက် တိုးတက်မှုက အဆင်မပြေကြောင်း ပြသခဲ့တာကြောင့် ကံမကောင်းစွာနဲ့ ဆာဒီယို ကမ္ဘာ့ဖလားပြိုင်ပွဲကနေ နှုတ်ထွက်ခဲ့ရပါတယ်"လို့ အသင်းဆရာဝန် Manuel Afonso က ဆီနီဂေါအသင်းရဲ့ တရားဝင် Twitter အကောင့်မှာ ဗီဒီယိုဖိုင်မှာ ပြောပါတယ်။

မာနေးဟာ နိုဝင်ဘာ ၈ ရက်က ဘိုင်ယန်မြူးနစ်ရဲ့ ဘွန်ဒက်စ်လီဂါမှာ ဝါဒါဘရီမင်ကိုအနိုင်ရရှိခဲ့တဲ့ပွဲမှာ ကွင်းတွင်းကနေ ထွက်ခွာခဲ့ရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ အဆိုပါကစားသမားဟာ သူ့ရဲ့ညာဖက်ခြေဖနောင့်ထိပ်မှာ အရွတ်တစ်ခုချိန်သွယ်ဖို့ ကြာသပတေးနေ့က "အောင်မြင်စွာ ခွဲစိတ်ကုသမှုခံယူခဲ့တယ်"လို့ အတည်ပြုခဲ့ပါတယ်။

"တိုက်စစ်မှူးဟာ လာမယ့်ရက်အနည်းငယ်အတွင်း မြူးနစ်မှာ ပြန်လည်ကုသမှုကို စတင်တော့မှာပါ"လို့ ကလပ်အသင်းက ထပ်သွင်းပြောဆိုခဲ့ပါတယ်။

ဆီနီဂေါအသင်းဟာ တနင်္လာနေ့မှာ နယ်သာလန်အသင်းနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ စတင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အနောက်အာဖရိကသားတွေဟာ အုပ်စု A မှာ အိမ်ရှင် ကာတာ (နိုဝင်ဘာ ၂၅)၊ အီကွေဒေါ (နိုဝင်ဘာ ၂၉) တိုနဲ့ ကစားရမယ့် ပွဲတွေရှိပါတယ်။

အာဖရိကနိုင်ငံများဖလား ဗိုလ်လုပွဲမှာ အီဂျစ်ကို အနိုင်ယူပြီး ဖေဖော်ဝါရီလက ဆီနီဂေါတို့ ပထမဆုံး အကြိမ် ချန်ပီယံဖြစ်လာချိန်မှာ တစ်နှစ်တာအကောင်းဆုံး အာဖရိကဘောလုံးသမား နှစ်ကြိမ်ရ မာနေးဟာ ဆီနီဂေါရဲ့ ပင်နယ်တီ အနိုင်ဂိုးကို သွင်းယူပေးခဲ့သူဖြစ်ပါတယ်။

မာနေးဟာ ကာတာ ကမ္ဘာ့ဖလားအတွက် ခြေစစ်ပွဲ  play-off  မှာ လီဗာပူးလ်အသင်းဖော်ဟောင်း မိုဟာမက် ဆာလာရဲ အသင်းကို ပင်နယ်တီအဆုံးအဖြတ်မှာ ထပ်မံ သွင်းယူခဲ့ပြီး နှစ်လအတွင်း ဆီနီဂေါတို့ အီဂျစ်ကို အနိုင်ယူခဲ့တာဖြစ်ပါတယ်။

Ref; AFP, BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required