ပေါင် ၃၀၅ သန်းတန် ဆော်ဒီအာရေးဗီးယား အပြောင်းအရွှေ့ကို ပယ်ချခဲ့တယ်လို့ မန်ယူတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒို ပြော

ပေါင် ၃၀၅ သန်းတန် ဆော်ဒီအာရေးဗီးယား အပြောင်းအရွှေ့ကို ပယ်ချခဲ့တယ်လို့ မန်ယူတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒို ပြော

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ နွေရာသီက ဆော်ဒီအာရေးဗီးယားကလပ်ကို ပြောင်းရွှေ့ဖို့ ပေါင် ၃၀၅ သန်းဖြင့် ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ ပြောပါတယ်။ ဒါက သူ့ကို ကမ္ဘာ့ပြောင်းရွှေ့ကြေးအများဆုံး ဘောလုံးသမား ဖြစ်လာစေမယ့် အပြောင်းအရွှေ့တစ်ခုဖြစ်ပါတယ်။

TalkTV နဲ့ အင်တာဗျူးမှာ ရော်နယ်လ်ဒိုက သူ "ဒီမှာ ပျော်နေခဲ့တာ" ကြောင့် မန်ချက်စတာယူနိုက်တက်မှာ ဆက်နေဖို့ ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။

စပိန်သတင်းစာ Marca က အလ်-ဟီလာလ်ဟာ ပေါ်တူဂီတိုက်စစ်မှူးကို နှစ်နှစ်စာချုပ်ဖြင့် ကမ်းလှမ်းခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ကောလဟာလတွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ရော်နယ်ဒိုလ်က “ဒါဟာ မှန်ပါတယ်၊ ဟုတ်တယ် မှန်ပါတယ်” လို့ ပြောပါတယ်။

“ဒါပေမယ့် စာနယ်ဇင်းတွေ ပြောနေတာကတော့ ဘယ်သူကမှ ကျနော့်ကို မလိုချင်တဲ့ အမှိုက်ပဲတဲ့၊ ဒါက လုံးဝမှားတယ်။

“ပြီးတော့ ရိုးရိုးသားသားပြောရရင် ကျနော် ဒီမှာပျော်ခဲ့ပါတယ်၊ ဒီနေရာမှာ ကောင်းမွန်တဲ့ရာသီတစ်ခုကိုလုပ်ဆောင်ဖို့ ကျနော် လှုံ့ဆော်ခံခဲ့ရတယ်။ ဒါပေမယ့် သူတို့ [မီဒီယာ] က ခရစ္စတီယာနိုကို ဘယ်သူမှမလိုချင်ဘူးလို့ ထပ်ခါတလဲလဲပြောနေခဲ့ပါတယ်။ မနှစ်က နိုင်ငံအသင်းနဲ့ပါ ၃၂ ဂိုး သွင်းယူခဲ့တဲ့ ကစားသမားမျိုးကိုမှ သူတို့ မလိုချင်ပါဘူးတဲ့လား။"

ကြာသပတေးနေ့က ထုတ်လွှင့်တဲ့အပိုင်းမှာတော့ ရော်နယ်လ်ဒိုက သူ့ရဲ့ "သစ္စာဖောက်ခံရမှု" အကြောင်းကို အသေးစိတ်ရှင်းပြခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ စပါးအသင်းကို အနိုင်ရခဲ့တဲ့ နောက်ဆုံးမိနစ်အနည်းငယ်မှာ လူစားလဲဖို့ ငြင်းဆန်ခဲ့တဲ့အတွက် နောင်တမရခဲ့ဘူးလို့ သူက ဝန်ခံခဲ့ပါတယ်။ တန်ဟက်ဂ်က သူ့ကို လေးစားမှု ကင်းမဲ့တာကြာင့် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသလို ခံစားရတာကြောင့်လို့ ဆိုပါတယ်။

အိုးလ်ထရက်ဖို့ဒ်မှာ သူ့ရဲ့အသင်းဖော်ဟောင်း ဂယ်ရီနဗီးလ်က အင်တာဗျူးအပြီးမှာ ရော်နလ်ယ်ဒိုရဲ့ စာချုပ်ကို ဖျက်သိမ်းရမယ်ဆိုတာ ယူနိုက်တက်က သိထားတယ်လို့ ပြောပေမယ့် တိုက်စစ်မှူးက ကစားတာကို ရပ်နားဖို့ အစီအစဉ်မရှိပါဘူး။

ရော်နယ်လ်ဒိုက “ကျနော် နောက်ထပ် နှစ်နှစ်၊ သုံးနှစ်လောက် ထပ်ကစားချင်ပါတယ်။ "ဒါဆို အများဆုံး နှစ်နှစ်သုံးနှစ်ပေါ့။ အသက် ၄၀ မှာ နားချင်တယ်၊ ၄၀ က အရွယ်ကောင်းလို့ ကျနော် ထင်တယ်။"လို့ ပြောပါတယ်။

"ဒါပေမယ့် ကျနော် မသိဘူး၊ အနာဂတ်ကို မသိဘူး။ တစ်ခါတလေ ခင်ဗျားက ဘဝအတွက် တစ်ခုခုကို စီစဉ်ပြီး အကြိမ်ပေါင်းများစွာ ကျနော် ပြောခဲ့သလိုပဲ ဘဝက စဉ်ဆက်မပြတ်ပြောင်းလဲတယ်။ ပြီးတော့ ဘာဖြစ်သွားမယ်ဆိုတာ ခင်ဗျား ဘယ်တော့မှ မသိနိုင်ဘူး။"

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required