မာရာဒိုနာရဲ့ 'Hand of God' ဘောလုံးကို လေလံတင်ရောင်းချရာမှာ ပေါင် ၂ သန်း ရရှိ

မာရာဒိုနာရဲ့ 'Hand of God' ဘောလုံးကို လေလံတင်ရောင်းချရာမှာ ပေါင် ၂ သန်း ရရှိ

၁၉၈၆ ကမ္ဘာ့ဖလားမှာ အင်္ဂလန်နဲ့ ကစားခဲ့တဲ့ အာဂျင်တီးနားအတွက် နာမည်ဆိုးနဲ့ကျော်ကြားတဲ့ "Hand of God (ဘုရားပေးသော လက်)" ဂိုးကို သွင်းယူခဲ့တဲ့ ဒီယေဂို မာရာဒိုနာ လက်နဲ့ထိခဲ့တဲ့ ဘောလုံးကို ဗုဒ္ဓဟူးနေ့က လေလံပွဲမှာ ပေါင် ၂ သန်း (ဒေါ်လာ ၂.၄ သန်း)နဲ့ ရောင်းချခဲ့ပါတယ်။

တူနီးရှား ဒိုင်လူကြီး အလီဘင်နာဆာ ပိုင်ဆိုင်တဲ့ Adidas "Azteca (အာဇ်တယ်ကာ)" အဖြူရောင်ဘောလုံးဟာ ယူကေအခြေစိုက် ဂရေဟမ်ဘတ် (Graham Budd) လေလံပွဲမှာ ပေါင် ၃ သန်း (ဒေါ်လာ ၃.၆ သန်း) အထိ ရရှိမယ်လို့ မျှော်လင့်ထားခဲ့တာပါ။

မက္ကဆီကိုစီးတီးမှာ သမိုင်းဝင်ကွာတားဖိုင်နယ်က မာရာဒိုနာဝတ်ဆင်ခဲ့တဲ့ ဂျာစီကို ဒေါ်လာ ၉ ဒသမ ၃ သန်းနီးပါးနဲ့ လေလံတင်ပွဲတင် ရောင်းချခဲ့ပြီး Sotheby's ရဲ့ ခန့်မှန်းတန်ဖိုးထက် နှစ်ဆပိုများလာပြီးနောက် ခြောက်လအကြာမှာ ဘောလုံးကို လေလံတင်လာတာဖြစ်ပါတယ်။

Aztec ယဉ်ကျေးမှုရဲ့ ဗိသုကာလက်ရာနဲ့ နံရံဆေးရေးပန်းချီတွေနဲ့ ပုံဖော်ထားတဲ့ လေလံတင်ရောင်းချခဲ့တဲ့ ဘောလုံးကို အာဂျင်တီးနားနဲ့ အင်္ဂလန်ကြား ၁၉၈၆ ခုနှစ်မှာ ပွဲချိန် မိနစ် ၉၀ ပြည့် အသုံးပြုခဲ့ပါတယ်။ ဒီဘောလုံးဟာ ဘောလုံးလောကမှာ multi-ball system မစတင်မီ နှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ပါတယ်။

၁၉၈၂ ခုနှစ် ဖော့ကလန်စစ်ပွဲအပြီး နိုင်ငံရေးတင်းမာမှုတွေကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီးနောက် ၂၀၂၀ နိုဝင်ဘာလက အသက် ၆၀ မှာ နှလုံးရောဂါနဲ့ သေဆုံးသွားခဲ့တဲ့ မာရာဒိုနာဟာ ပြိုင်ဘက် အင်္ဂလန်ကို သမိုင်းဝင်သွင်းဂိုး နှစ်ဂိုးသွင်းယူခဲ့ပါတယ်။

မာရာဒိုနာက လက်နဲ့ပုတ်ပြီး အဖွင့်ဂိုးကို အင်္ဂလန်ဂိုးသမား ပီတာရှီလ်တန်ကို ကျော်ပြီး သွင်းယူပေးခဲ့ပါတယ်။

"မာရာဒိုနာရဲ့ ခေါင်းနဲ့ အနည်းငယ်၊ ဘုရားသခင်ပေးတဲ့ လက်နဲ့ အနည်းငယ်" သွင်းယူခဲ့တယ်လို့ နောက်ပိုင်းမှာ သူက ပြောပါတယ်။

အဆိုပါပွဲမှာ မာရာဒိုနာရဲ့ ဒုတိယမြောက်ဂိုးကို ၂၀၀၂ ခုနှစ် ဖီဖာစစ်တမ်းအရ 'ရာစုနှစ်၏ အကောင်းဆုံး ဂိုး' (goal of the century)အဖြစ် သတ်မှတ်ခဲ့ပြီး သူဟာ အင်္ဂလန်ကစားသမားငါးဦးနဲ့ ရှီလ်တန်တို့ကို လိမ်ခေါက်ကျော်ဖြတ်သွားပြီးတော့ ဂိုးပေါက်ထဲကို ကန်သွင်းခဲ့ပါတယ်။

ဘင်နာဆာဟာ မာရာဒိုနာရဲ့အငြင်းပွားဖွယ်ရာ ပထမဂိုးကို ခွင့်ပြုလိုက်ပြီးနောက် အာဂျင်တီးနားအသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရရှိကာ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ရောင်းချခြင်းမပြုခင်မှာ ဘင်နာဆာက "ဒီဘောလုံးဟာ ဘောလုံးသမိုင်းရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ၊ ဒါဟာ ကမ္ဘာကို မျှဝေဖို့ အချိန်တန်ပြီလို့ ခံစားခဲ့ရပြီး မသိရသေးတဲ့ ဝယ်သူဟာ အများပြည်သူကို ပြသလိမ့်မယ်လို့ မျှော်လင့်တယ်"လို့ ဆိုပါတယ်။

မေလတွင် လေလံတင်ရောင်းချခဲ့တဲ့ အဆိုပါအင်္ကျီကို တနင်္ဂနွေနေ့မှာ စတင်မယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ကာတာမှာ ပြသမှာ ဖြစ်ပါတယ်။

ဘင်နာဆာဟာ မာရာဒိုနာရဲ့ အငြင်းပွားဖွယ်ရာ ပထမဂိုးကို ခွင့်ပြုပေးတဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ကိုလည်း ကာကွယ်ခဲ့ပါတယ်။

“အဖြစ်အပျက်ကို ကျနော် ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ပါဘူး။ ကစားသမားနှစ်ဦးဖြစ်တဲ့ ရှီလ်တန်နဲ့ မာရာဒိုနာတို့ဟာ ကျနော် နောက်ကနေ မျက်နှာချင်းဆိုင်ခဲ့ကြတယ်။

“ပြိုင်ပွဲမစခင် ဖီဖာက ထုတ်ပြန်တဲ့ ညွှန်ကြားချက်အရ ဂိုးရဲ့တရားဝင်မှုကို အတည်ပြုဖို့အတွက် ကျနော့် စည်းကြပ်ဒိုင်ကို ကြည့်ခဲ့တယ်၊ သူက ဂိုးရသင့်တာကို ကျေနပ်ကြောင်း ပြသပြီး စီးလိုင်းတစ်ဝက်ကနေ လှည့်ပြန်သွားခဲ့တယ်။

"ပွဲအပြီးမှာတော့ အင်္ဂလန်အသင်းနည်းပြ ဘော်ဘီရော့ဘ်ဆင်က 'မင်း ကောင်းကောင်းလုပ်ခဲ့တယ်၊ ဒါပေမယ့် စည်းကြပ်ဒိုင်က တာဝန်မဲ့ခဲ့တယ်'လို့ ကျနော့်ကို ပြောသွားခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly